Celebrity

မေန႕က ဧၿပီလ (၁၉) ရက္ေန႔မွာ အဆိုေတာ္ J Fireအပါအ၀င္ Social influencerအေယာက္ (၂၀ ) အား ပုဒ္မ ၅၀၅ (က)ျဖင့္ ဖမ္းဝရမ္းထုတ္

Written by Ms Cele

မေန႕က ဧၿပီလ (၁၉) ရက္ေန႔မွာ အဆိုေတာ္ J Fireအပါအ၀င္ Social influencerအေယာက္ (၂၀ ) အား ပုဒ္မ ၅၀၅ (က)ျဖင့္ ဖမ္းဝရမ္းထုတ္

ပရိတ္သတ္ႀကီးေရ အခုလက္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ပတ္သက္ၿပီး ဒီရက္ပိုင္းအတြင္းမွာ အႏုပညာရွင္မ်ားစြာနဲ႔ လူပုဂၢဳလ္ေတာ္ေတာ္ မ်ားမ်ား ဖမ္းဆီးခံရျခင္း၊ဝရမ္းထုတ္ခံရျခင္းေတြကို အဆက္မျပတ္ ျဖစ္ေပၚေနတာေၾကာင့္ ပရိတ္သတ္ေတြ ကလည္းမ်ားစြာ စိတ္မေကာင္းျဖစ္ေနၾက တာပဲျဖစ္ပါတယ္ေနာ္…။

အဆိုေတာ္ J fire အပါအဝင္ ညဏ္မ်ိဳးေအာင္၊လျပည့္‌ေမာင္ေမာင္၊ ရည္မြန္ထြန္း၊ ေဇာ္၀င္း၊ဟိန္း‌ေဇာ္ညိဳ၊ ရဲမင္းသိန္း၊ျမတ္ႏိုးေအာင္၊ ဖုန္းဟိန္းခန္႔၊ လွစိုးေဝ၊မနီရာဇာမင္း၊ ကိုေအာင္၊ ေက်ာ္မင္းထြန္း၊လျပည့္၀င္း၊ ထြန္းျမတ္ၫြန႔္၊ခန႔္စည္သူ ပိုးေလး ေငွးႏိုင္ ဟန္နီဦး နီလာစိန္တို႔ကိုပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ထားေၾကာင္း ယေန႔ ထုတ္ျပန္ ေၾကညာသြားပါတယ္။

အဆိုေတာ္ J fire ကေတာ့ လက္ရွိအေျခအေနေတြ နဲ႔ပတ္သက္ၿပီး ျပည္သူေတြ နဲ႔ထပ္တူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ဒါ့အျပင္သူ႔ရဲ႕ အေကာင့္ကေနလည္း ျမန္မာႏိုင္ငံမွာေန႔စဥ္ျဖစ္ပ်က္ သမွ်ေတြကို ကမာၻသိေအာင္ အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပေပး ခဲ့သလို အေရးႀကီး လိုက္နာသင့္တဲ့ သတင္းအခ်က္ အလက္ေတြ ကိုလည္း ေဝမွ်ေပးခဲ့သူ တစ္ေယာက္လည္းျဖစ္ပါတယ္။အဆိုေတာ္ J fireေတာ့ ၿပီးခဲ့တဲ့လ ေဖေဖာ္ဝါရီ ၁ရက္ေန႔ကတည္းက ျပည္သူအားလုံး စတင္ခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လမ္းေပၚထြက္လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ၿပီး ျပည္သူေတြနဲ႔အတူ အားျဖည့္ ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။

ဒီရက္ပိုင္း အတြင္း မွာလည္း နာမည္ႀကီး အႏုပညာရွင္ ေတြျဖစ္တဲ့ ေျပတီဦး ရဲတိုက္၊ပိုင္တံခြန္၊ ဇာဂနာ၊ ဝင္းမင္းသန္း အိျႏၵာေက်ာ္ဇင္ ဇင္ဝိုင္း အဆိုေတာ္ပိုပိုတို႔လည္း ဖမ္းဆီးထိန္း သိမ္းျခင္းကို ခံခဲ့ရကာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မ်ိဳးသႏၲာထြန္း ကိုလည္း ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီပဲျဖစ္ ပါတယ္။တကယ့္ နာမည္ေက်ာ္ အႏုပညာရွင္မ်ားစြာလည္း ဝရမ္းထုတ္ခံ ထားရတဲ့ အတြက္ ထြက္ေျပးတိမ္းေရွာင္ ေနရတာလည္း ျဖစ္ပါတယ္ေနာ္.။ပုဒ္မ ၅၀၅ (က) ျဖင့္ အေရးယူခံထားရတဲ့ အႏုပညာရွင္ေတြရဲ႕ စာရင္းကို ေန႔စဥ္ထုတ္ျပန္လ်က္ရွိရာ ဒီကေန႔မွာေတာ့ ရအဆို‌ေတာ္ j fireလည္း ပါဝင္လာ တာျဖစ္ပါတယ္။

Credit

မနေ့က ဧပြီလ (၁၉) ရက်နေ့မှာ အဆိုတော် J Fireအပါအဝင် Social influencerအယောက် (၂၀ ) အား ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဝရမ်းထုတ်

ပရိတ်သတ်ကြီးရေ အခုလက်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော် များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကို အဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေ ကလည်းများစွာ စိတ်မကောင်းဖြစ်နေကြ တာပဲဖြစ်ပါတယ်နော်…။

အဆိုတော် J fire အပါအဝင် ညဏ်မျိုးအောင်၊လပြည့်‌မောင်မောင်၊ ရည်မွန်ထွန်း၊ ဇော်ဝင်း၊ဟိန်း‌ဇော်ညို၊ ရဲမင်းသိန်း၊မြတ်နိုးအောင်၊ ဖုန်းဟိန်းခန့်၊ လှစိုးဝေ၊မနီရာဇာမင်း၊ ကိုအောင်၊ ကျော်မင်းထွန်း၊လပြည့်ဝင်း၊ ထွန်းမြတ်ညွန့်၊ခန့်စည်သူ ပိုးလေး ငှေးနိုင် ဟန်နီဦး နီလာစိန်တို့ကိုပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။

အဆိုတော် J fire ကတော့ လက်ရှိအခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ဒါ့အပြင်သူ့ရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက် သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေး ခဲ့သလို အရေးကြီး လိုက်နာသင့်တဲ့ သတင်းအချက် အလက်တွေ ကိုလည်း ဝေမျှပေးခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။အဆိုတော် J fireတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့် ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ဒီရက်ပိုင်း အတွင်း မှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက်၊ပိုင်တံခွန်၊ ဇာဂနာ၊ ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် ဇင်ဝိုင်း အဆိုတော်ပိုပိုတို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရကာ ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီပဲဖြစ် ပါတယ်။တကယ့် နာမည်ကျော် အနုပညာရှင်များစွာလည်း ဝရမ်းထုတ်ခံ ထားရတဲ့ အတွက် ထွက်ပြေးတိမ်းရှောင် နေရတာလည်း ဖြစ်ပါတယ်နော်.။ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဒီကနေ့မှာတော့ ရအဆို‌တော် j fireလည်း ပါဝင်လာ တာဖြစ်ပါတယ်။

Credit

About the author

Ms Cele

Leave a Comment