Celebrity


Written by Ms Cele






မမျှော်လင့် ဘဲ ကိုယ်ဝန်ရ သွား လို့ ဝေဖန် တိုက်ခိုက် နေကြတဲ့ သူတွေကို ပြောကြား လာတဲ့ စည်ဖြိုး ရဲ့ မိခင်

စည်ဖြိုးနဲ့ခင်လွှမ်း တို့ကတော့ နှစ်ဦး စလုံး လူသိများထင်ရှားကြ သူတွေဖြစ်ပြီး လိုက်ဖက်တဲ့ ချစ်သူစုံတွဲ တွေ အဖြစ်လည်း ပရိသတ်က သိထား ကြတာပါ ယနေ့မှာတော့ သူတို့ နှစ်ယောက် ရဲ့ မင်္ဂလာပွဲကို ခင်မင်သူ အနုပညာ အသိုင်းအဝိုင်းနဲ့ အတူ ကျင်းပခဲ့တာဖြစ်ပါတယ် စည်ဖြိုး တို့စုံတွဲလေး မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ဝေဖန် တိုက်ခိုက် နေကြတဲ့အပေါ်မှာတော့ ယနေ့ မီဒီယာတွေ့ဆုံမှုမှာ စည်ဖြိုးရဲ့ မိခင်ဖြစ်သူ ဒေါ်သီသီဝင်း က အခုလိုပြောလာခဲ့တာပါ အန်တီ ကတော့ ပီတိဖြစ်ပါတယ် အန်တီ့ထက် စည်ဖြိုးက ပိုဆိုးတယ် သူချစ်ရတဲ့သူ နဲ့လည်း ရတယ် မမျှော်လင့်ပဲနဲ့ သူ့ရဲ့ရင်သွေးလေး ရလာတော့ အန်တီ့သား ကို အန်တီကြည့်ပြီးကြည်နူး မိတယ် ဘာလို့လည်း ဆိုတော့ အန်တီ့သား ဟာ ဘယ်သူတွေ ဘယ်လိုပဲပုတ်ခတ် ပုတ်ခတ်ပါ ကိုယ်ဝန်ရှိတာကို နေ့ချင်းကိုကြေငြာတယ် ပီတိတွေပြ တယ် သမီးခင်လွှမ်းကို ပိုပြီးဂရုစိုက်တယ်

ပြီးတော့ အန်တီလည်း အရမ်းပျော်တယ် အန်တီ့သားရဲ့ ပီတိကို ကြည့်ပြီး အန်တီ ပျော်တယ် ငါ့သားဟာ တာဝန်ကျေတဲ့ ယောကျာ်းကောင်း တစ်ယောက်ပါလားဆိုပြီးတော့ အန်တီကြုံဖူးပါတယ် အန်တီ့အမျိုးတွေတောင်ရှိတယ် အသိအမှတ်မပြုပဲနဲ့ ထားထားပြီးတော့ပေါင်းနေကြတာရှိတယ် အန်တီကတော့ ချွေးမကို အန်တီ့သားလို ပဲမေတ္တာထားနိုင်တယ် သမီးအရင်းလိုပဲ သဘောထားနိုင်တယ် ဒါကြောင့် အန်တီလည်းပျော်ပါတယ်

အန်တီတို့မိသားစုက သမီးလေး စကိုယ်ဝန်ရှိကတည်း ကပျော်နေတာ အန်တီကိုယ်တိုင်လည်း အဖွားနေရာ ရောက်သွားပြီဆိုပြီး ဝမ်းသာတယ် အန်တီ့သား အငယ်လေးကလည်း ပျော်တယ် သမီးလေးခင်လွှမ်းတို့ဘက် ကမိသားစုကလည်းပျော်တယ် အားလုံးဝမ်းသာနေကြတာ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ် စည်ဖြိုးရဲ့မိခင်က တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Source Popular Journal

About the author

Ms Cele

Leave a Comment