Celebrity
Written by Ms Cele
Credit:Swelsone News
မသေခင် တစ်ခေါက် လောက်တော့ သူ့ကို လာတွေ့စေချင်တယ်လို ့ပြောလိုက်တဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုး
တစ်ခေတ် တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးကို ပရိသတ်တော်တော် များများမှတ်မိကြမယ်ထင်ပါတယ်။ တချိန်က အငြိမ့်စင်ထက်မှာ ပရိသတ်တွေကို ရယ်စရာ မောစရာတွေနဲ့ ဟာဒရရွှင် ဆေးတိုက်ကျွေးခဲ့ဖူးတဲ့ ဦးစိန်ရိုးကတော့ ကတော့လောကဓံရဲ့ ရိုက်ခပ်မှုကို စတင်ခံစားနေရပါပြီ။ ဦးစိန်ရိုး တစ်ယောက် အနုပညာသက်တမ်းရှည် လူရွှင်တော် တစ်ယောက် ဖြစ်ခဲ့ပေမယ့် ခုတော့ လူတွေရဲ့ မျက်ကွယ် ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
ဦးစိန်ရိုးကတော့ ကတော့ အသက်အားဖြင့် (၈၇)နှစ်အရွယ် ရောက်နေပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကို အမြဲ ဟာဒရရွှင် ဆေးတိုက်ကွေ ျးခဲ့တဲ့ ဘဘဦးစိန်ရိုး ကတော့ မသေခင်လာတွေ့ကြပါဦးလို့ ပြောလာခဲ့ပါတယ်။ ဘဘဦးစိန်ရိုးက”မသေခင် တခေါက်လောက်တော့ ကျွန်တော့်ဆီလာတွေ့ပေးကြပါ” ဆိုပြီး ပြောလာခဲ့ပါတယ်။ ဘဘဦးစိန်ရိုးဟာ ကျန်းမာရေး မကောင်းတော့ပဲ အိပ်ယာထဲ လဲနေပြီး ထမင်းမစားနိုင်ပဲ အဟာရဓာတ်စာတွေနဲ့ အသက်ဆက် နေရတာပဲဖြစ်ပါတယ်။ ဘဘဦးစိန်ရိုး ကတော့ မီဒီယာတွေနဲ့ ပြန်တွေ့ချိန်မှာ ပျော်လို့နေပါတယ်။
ချယ်ရီဦးမှလဲ နှစ်သစ်ကူး အလှူအဖြစ် ဘဘဦးစိန်ရိုး ကို အလှူငွေငါးသိန်း လှူဒါန်းခဲ့ပါတယ်။ မသေခင် လာတွေ့ကြပါဦးလို့ ပြောလာတဲ့ ဘဘဦးစိန်ရိုး ရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက် ပါတယ်နော်။
Credit:Swelsone News
About the author
Ms Cele
Leave a Comment