Celebrity

မဲ႐ုံေတြမွာ ပင္ပင္ပန္းပန္း နဲ႔အလုပ္ ႀကိဳးစား ခဲ့ၾကတဲ့ ဆရာ၊ဆရာမေတြ ကို ေက်းဇူးတင္ေၾကာင္း ေျပာလာတဲ့ စမိုင္းလ္

Written by Ms Cele

မဲ႐ုံေတြမွာ ပင္ပင္ပန္းပန္း နဲ႔အလုပ္ ႀကိဳးစား ခဲ့ၾကတဲ့ ဆရာ၊ဆရာမေတြ ကို ေက်းဇူးတင္ေၾကာင္း ေျပာလာတဲ့ စမိုင္းလ္

စမိုင္းလ္ ကေတာ့ အႏုပညာအလုပ္ေတြသိပ္ မလုပ္ေတာ့တဲ့ အခ်ိန္မွာေတာင္မွ ပရိသတ္ခ်စ္ခင္ အားေပးမႈကို ရရွိေနဆဲသူ တစ္ဦးပါ။ လက္ရွိအခ်ိန္မွာ သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝကိုတည္ေဆာက္ထားသလို အလႉအတန္းေတြ ရက္ရက္ေရာေရာ လႉဒါန္းေလ့ရွိတာေၾကာင့္ အမ်ားက ေလးစားအားက်ခံ ရသူလည္း ျဖစ္ပါတယ္။

မေန႔ကေတာ့ ျမန္မာနိုင္ငံမွာ ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲႀကီး က်င္းပခဲ့တာျဖစ္ပါတယ္။ ဒီလိုေန႔ မွာေတာ့ ဆရာ၊ဆရာမေတြဟာ မဲ႐ုံမွာတာဝန္က်ခဲ့ၾကၿပီး ညဘက္ေတြအထိ မဲေတြေရတြက္ၿပီးအလုပ္လုပ္ရတဲ့ အထိလည္း အလုပ္ရႈပ္ ခဲ့ၾကတာပါ။ သူတို႔ေတြကို ေက်းဇူးတင္ေၾကာင္း ကိုေတာ့ စမိုင္းလ္ကသူ႔ရဲ့ေဖ့ဘြတ္ခ္ စာမ်က္ႏွာမွာေရးသား ခဲ့တာလည္း ျဖစ္ပါတယ္။

သူရဲ့ေဖ့ဘြတ္ခ္မွာေတာ့ “မဲ႐ုံတာဝန္က်တဲ့ ဆရာဆရာမမ်ားနဲ႔ တာဝန္က်သူေတြအကုန္လုံး အရမ္းပင္ပန္းေနၾကၿပီသနားပါတယ္ အားလုံးကို ေက်းဇူးတင္ပါတယ္” ဆိုတာအျပင္ ပုံေလးေတြ နဲ႔အတူ “အခုအခ်ိန္ထိအလုပ္လုပ္ေနၾကသူ ဆရာ ဆရာမမ်ား Volunteer မ်ား ျပည္သူ႔ ရဲမ်ား လုံျခဳံေရး ရပ္ကြက္ေက်းရြာ ၿမိဳ႕နယ္အသီးသီးမွ တာဝန္က်သူမ်ားအားလုံး တစ္ဦးတစ္ေယာက္ခ်င္းကို တကယ့္ Respect ပါ။ တိုင္းျပည္အတြက္ အားလုံးပူးေပါင္းၿပီး လုပ္ေဆာင္ေပးေနၾကတာ ရင္ထဲကလွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္ပါတယ္။ ပုံေလးေတြကိုယ္တိုင္ ပို႔ေပးၾကသူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္။” ဆိုၿပီးေတာ့ ေရးသားေဖာ္ျပခဲ့တာပါ။
Source : စမိုင္းလ္ Smile

မဲရုံတွေမှာ ပင်ပင်ပန်းပန်း နဲ့အလုပ် ကြိုးစား ခဲ့ကြတဲ့ ဆရာ၊ဆရာမတွေ ကို ကျေးဇူးတင်ကြောင်း ပြောလာတဲ့ စမိုင်းလ်

စမိုင်းလ် ကတော့ အနုပညာအလုပ်တွေသိပ် မလုပ်တော့တဲ့ အချိန်မှာတောင်မှ ပရိသတ်ချစ်ခင် အားပေးမှုကို ရရှိနေဆဲသူ တစ်ဦးပါ။ လက်ရှိအချိန်မှာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုတည်ဆောက်ထားသလို အလှူအတန်းတွေ ရက်ရက်ရောရော လှူဒါန်းလေ့ရှိတာကြောင့် အများက လေးစားအားကျခံ ရသူလည်း ဖြစ်ပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလိုနေ့ မှာတော့ ဆရာ၊ဆရာမတွေဟာ မဲရုံမှာတာဝန်ကျခဲ့ကြပြီး ညဘက်တွေအထိ မဲတွေရေတွက်ပြီးအလုပ်လုပ်ရတဲ့ အထိလည်း အလုပ်ရှုပ် ခဲ့ကြတာပါ။ သူတို့တွေကို ကျေးဇူးတင်ကြောင်း ကိုတော့ စမိုင်းလ်ကသူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာရေးသား ခဲ့တာလည်း ဖြစ်ပါတယ်။

သူရဲ့ဖေ့ဘွတ်ခ်မှာတော့ “မဲရုံတာဝန်ကျတဲ့ ဆရာဆရာမများနဲ့ တာဝန်ကျသူတွေအကုန်လုံး အရမ်းပင်ပန်းနေကြပြီသနားပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုတာအပြင် ပုံလေးတွေ နဲ့အတူ “အခုအချိန်ထိအလုပ်လုပ်နေကြသူ ဆရာ ဆရာမများ Volunteer များ ပြည်သူ့ ရဲများ လုံခြုံရေး ရပ်ကွက်ကျေးရွာ မြို့နယ်အသီးသီးမှ တာဝန်ကျသူများအားလုံး တစ်ဦးတစ်ယောက်ချင်းကို တကယ့် Respect ပါ။ တိုင်းပြည်အတွက် အားလုံးပူးပေါင်းပြီး လုပ်ဆောင်ပေးနေကြတာ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ပုံလေးတွေကိုယ်တိုင် ပို့ပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာပါ။
Source : စမိုင်းလ် Smile

About the author

Ms Cele

Leave a Comment