Celebrity

မွားခဲ့တဲ့ အမွားေတြ အတြက္ ခ်စ္သူေလးကို မီဒီယာကေန တစ္ဆင့္ ေတာင္းပန္လိုက္တဲ့ မိုးယံဇြန္

Written by Ms Cele

မွားခဲ့တဲ့ အမွားေတြ အတြက္ ခ်စ္သူေလးကို မီဒီယာကေန တစ္ဆင့္ ေတာင္းပန္လိုက္တဲ့ မိုးယံဇြန္

သ႐ုပ္ေဆာင္ မိုးယံဇြန္ကေတာ့ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္သလို လက္ရွိမွာလည္းဘအႏုပညာ လႈပ္ရွားမႈေတြ ျပဳလုပ္ေန တာျဖစ္ပါတယ္ သူ႔ရဲ့ အခ်စ္ေရး ဟာလည္း ေျဖာင့္ျဖဴးေနခဲ့ တာျဖစ္ၿပီး ဘဝကို ေအးေဆးစြာ ျဖတ္သန္းေနခဲ့တာပါ

ယခုရက္ပိုင္း မွာေတာ့ မိုးယံဇြန္က မွားခဲ့တာေတြ အတြက္ မီဒီယာက ေနတစ္ဆင့္ ခ်စ္သူေကာင္မေလး ကို ေတာင္းပန္လာခဲ့ တာျဖစ္ပါတယ္

မိုးယံဇြန္က ” ကၽြန္ေတာ့ ေကာင္မေလး ေတြနဲ႔ ကၽြန္ေတာ္နဲ႔ ၾကားမွာ အလြဲအမွားေလး ေတြရွိတယ္ ပြင့္ပြင့္လင္းေျပာ ရရင္ေတာ့ ကၽြန္ေတာ့အမွားေပါ့ေနာ္ ျဖစ္သင့္တာကို ကၽြန္ေတာ္ မလုပ္ခဲ့ဘူး ေခ်ာ့သင့္တာေလးကို ကၽြန္ေတာ္မေခ်ာ့ခဲ့ဘူး
သူ႔စိတ္ထဲမွာ အလိုမက်တာေလးေတြမ်ားခဲ့တယ္ေပါ့

တခ်ိဳ႕အင္တာဗ်ဴးေတြ ကၽြန္ေတာ္ေျဖထားတာရွိတယ္ ေပါ့ေပါ့ပါးပါးေလးပဲေျဖထားတာေပါ့ ကၽြန္ေတာ္ေျဖခဲ့တာေတြ ကို အထအန ေကာက္ၿပီးေတာ့ ၾကားထဲကေန Report ျပန္တင္တဲ့သူေတြရွိ တယ္ေပါ့ေနာ္ လိုတာထက္ ပိုၿပီးေျပာတာေတြလည္း ရွိတယ္ေပါ့ အဲ့ဒီ Effect ေတြေၾကာင့္ ဒီအင္တာဗ်ဳး မွာ ကၽြန္ေတာ္မွားတဲ့ အေၾကာင္းေတြေျပာၿပီးေတာ့ ခြင့္လႊတ္ဖို႔ရယ္ ေတာင္းပန္တဲ့ သေဘာေပါ့

ဒီဟာၾကည့္ရင္လည္း အနည္းနဲ႔အ မ်ားေတာ့ သူစိတ္ေျပသြားမယ္လို႔ ကၽြန္ေတာ္ထင္ တယ္ေပါ့ အဲ့ဒီသေဘာေလးနဲ႔ ကၽြန္ေတာ္အခ်စ္ေရးအေၾကာင္းကို ေျပာေလ့ေျပာထမ ရွိေပမယ့္ အခုလို ေသခ်ာေလးေျပာျဖစ္တာပါ ” လို႔ဆိုသြားခဲ့တာျဖစ္ပါတယ္

သူမနဲ႔ ခ်စ္သူသက္တမ္း တစ္ႏွစ္နဲ႔ ရွစ္လရွိခဲ့ၿပီျဖစ္ၿပီး သူ႔အေနနဲ႔ တန္ဖိုးထားၿပီး ဆက္ခ်စ္သြားမယ္ လို႔လည္း ေျပာသြားခဲ့တာပါေနာ္ အဆုံးထိ ဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္ေနာ္

Credit:Shwe Yaung Myanmar

မှားခဲ့တဲ့ အမှားတွေ အတွက် ချစ်သူလေးကို မီဒီယာကနေ တစ်ဆင့် တောင်းပန်လိုက်တဲ့ မိုးယံဇွန်

သရုပ်ဆောင် မိုးယံဇွန်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်သလို လက်ရှိမှာလည်းဘအနုပညာ လှုပ်ရှားမှုတွေ ပြုလုပ်နေ တာဖြစ်ပါတယ် သူ့ရဲ့ အချစ်ရေး ဟာလည်း ဖြောင့်ဖြူးနေခဲ့ တာဖြစ်ပြီး ဘဝကို အေးဆေးစွာ ဖြတ်သန်းနေခဲ့တာပါ

ယခုရက်ပိုင်း မှာတော့ မိုးယံဇွန်က မှားခဲ့တာတွေ အတွက် မီဒီယာက နေတစ်ဆင့် ချစ်သူကောင်မလေး ကို တောင်းပန်လာခဲ့ တာဖြစ်ပါတယ်

မိုးယံဇွန်က ” ကျွန်တော့ ကောင်မလေး တွေနဲ့ ကျွန်တော်နဲ့ ကြားမှာ အလွဲအမှားလေး တွေရှိတယ် ပွင့်ပွင့်လင်းပြော ရရင်တော့ ကျွန်တော့အမှားပေါ့နော် ဖြစ်သင့်တာကို ကျွန်တော် မလုပ်ခဲ့ဘူး ချော့သင့်တာလေးကို ကျွန်တော်မချော့ခဲ့ဘူး
သူ့စိတ်ထဲမှာ အလိုမကျတာလေးတွေများခဲ့တယ်ပေါ့

တချို့အင်တာဗျူးတွေ ကျွန်တော်ဖြေထားတာရှိတယ် ပေါ့ပေါ့ပါးပါးလေးပဲဖြေထားတာပေါ့ ကျွန်တော်ဖြေခဲ့တာတွေ ကို အထအန ကောက်ပြီးတော့ ကြားထဲကနေ Report ပြန်တင်တဲ့သူတွေရှိ တယ်ပေါ့နော် လိုတာထက် ပိုပြီးပြောတာတွေလည်း ရှိတယ်ပေါ့ အဲ့ဒီ Effect တွေကြောင့် ဒီအင်တာဗျုး မှာ ကျွန်တော်မှားတဲ့ အကြောင်းတွေပြောပြီးတော့ ခွင့်လွှတ်ဖို့ရယ် တောင်းပန်တဲ့ သဘောပေါ့

ဒီဟာကြည့်ရင်လည်း အနည်းနဲ့အ များတော့ သူစိတ်ပြေသွားမယ်လို့ ကျွန်တော်ထင် တယ်ပေါ့ အဲ့ဒီသဘောလေးနဲ့ ကျွန်တော်အချစ်ရေးအကြောင်းကို ပြောလေ့ပြောထမ ရှိပေမယ့် အခုလို သေချာလေးပြောဖြစ်တာပါ ” လို့ဆိုသွားခဲ့တာဖြစ်ပါတယ်

သူမနဲ့ ချစ်သူသက်တမ်း တစ်နှစ်နဲ့ ရှစ်လရှိခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့ တန်ဖိုးထားပြီး ဆက်ချစ်သွားမယ် လို့လည်း ပြောသွားခဲ့တာပါနော် အဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment