Celebrity


Written by Ms Cele





Source : Chan Myae Oo
Emily (Cele Gabar)

မှားယွင်း စွာ ဝေဖန် စွပ်စွဲခံ ခဲ့ရတဲ့ Project K အဖွဲ့ဘက် က ရပ်တည် ပေးခဲ့ သူတိုင်း ကို ကျေးဇူးတင် စကားဆို ခဲ့တဲ့ ချမ်းမြေ့ဦး

ကိုရီးယားနိုင်ငံမှာ ပထမဆုံး အနေနဲ့ Asia Song Festival 2020 ပွဲကြီးမှာ မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး သွားဖျော်ဖြေရတဲ့ ပွဲလေးမှာ Project-K အဖွဲ့ကသွား ရောက်ဖျော်ဖြေခဲ့ပြီး သူတို့ဖျော်ဖြေ တင်ဆက်တဲ့ စင်ရဲ့ ကြမ်းခင်း LED မှာရွှေတိဂုံစေတီပုံကို ထည့်ထားတာကြောင့် ပရိသတ်တွေဆီက ဝေဖန်မှုတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ် ။ အဲ့ဒီလိုဝေဖန်မှုတွေအတွက် အမှန်တရားကို ပရိသတ်တွေ ကို ပြန်လည်ဖြေရှင်းခဲ့ပြီးဖြစ်ပါတယ် ။

လတ်တလော မှာတော့ Project-K အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့ဦး က အခုချိန်ထိ ကျွန်တော်တို့ဘက်က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများ ( Stage ပေါ်မှာ Pressure ဘယ်လောက်များလဲ ဆိုတာ သိတဲ့ သူတွေ ၊ တချို့သူတွေဆို ကိုယ်နဲ့သိပ်မရင်းနှီး ဘဲနဲ့တောင် သူတို့ရဲ့ Pressure တွေကို သိလို့ သူတို့ဘက်ကရပ်တည်ပေးခဲ့ကြသလို မီဒီယာအသီးသီးက သူတွေနဲ့ Acc တွေ Page တွေကနေတဆင့် ပြန်လည်ရှင်းပြရပ်တည်ပေးကြသူတိုင်းကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

အထင်မြင်လွဲမှား နေတဲ့ ပရိသတ်တွေလည်း သေချာ ပြန်လည်ရှင်းပြခဲ့ကြပြီး သူတို့အဖွဲ့ရဲ့ အမာခံဖန်တွေ ကလည်း သူတို့ရဲ့ အကောင့်တွေကနေ တဆင့် ထပ်မံရှင်းပြပေးခဲ့ကြတဲ့အတွက် ပရိသတ်တွေ အားလုံးလည်း နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်နော် ။

Source : Chan Myae Oo
Emily (Cele Gabar)

About the author

Ms Cele

Leave a Comment