Celebrity

မၾကာခင္မွာ တတိယေျမာက္ တစ္ကိုယ္ေတာ္ ရိႈးပြဲကို အြန္လိုင္းကေန က်င္းပေတာ့မယ္ဆိုတဲ့ G Fatt

Written by Ms Cele

မၾကာခင္မွာ တတိယေျမာက္ တစ္ကိုယ္ေတာ္ ရိႈးပြဲကို အြန္လိုင္းကေန က်င္းပေတာ့မယ္ဆိုတဲ့ G Fatt

ပရိသတ္ႀကီးေရ ဂီတေလာကမွာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္ေက်ာ္ၾကားေနတဲ့ G Fatt ကေတာ့ ဒီေန႔ညမွာ သူ႔ရဲ့ ဂီတ လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး ပရိသတ္ကို Surprise လုပ္ခဲ့ တာျဖစ္ပါတယ္။ G Fatt ကေတာ့ သူ႔ရဲ့ တတိယေျမာက္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ဇန္နဝါရီ္လ ၁၃ ရက္ေန႔မွာ ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ ဒီပြဲ နဲ႔ ပတ္သက္ၿပီး သူ႔ရဲ့ ႀကိဳးစား အားထုတ္ခဲ့ရပုံေတြ ကိုလည္း ပရိသတ္ သိေအာင္ မၽွေဝခဲ့ပါတယ္။

“ အခု Profile ေျပာင္း ထားတဲ့ 13 ဆိုတာ အခု လာမယ့္ ၁၃ ရက္ေန႔ ဗုဒၶဟူးေန႔ မွာ ေနာက္တစ္ႀကိမ္ One Man Show လုပ္မွာ ျဖစ္ပါတယ္။ အားလုံး စီစဥ္ၿပီး သြားပါၿပီ။ ပရိသတ္ေတြက ဘာမွ လုပ္စရာ မလိုပါဘူး ဖုန္းေလးနဲ႔ နားၾကပ္ေလးနဲ႔ နားေထာင္႐ုံပါပဲ။ ဒီပြဲအတြက္ စီစဥ္ထားတာ အရမ္းၾကာေနပါၿပီ။ ၄ လ ၅ လေလာက္ ၾကာၿပီခင္ဗ်။ ပရိသတ္ေတြ ေပ်ာ္လား မေပ်ာ္လားေတာ့ မသိဘူး ကၽြန္ေတာ္ကေတာ့ မ်က္ရည္ေတာင္ ဝဲ မိပါတယ္။ ႀကိတ္ၿပီး စီစဥ္ထားတဲ့ Show ပြဲက အခု လုပ္ခြင့္ရပါၿပီ။ ဒါက တတိယေျမာက္ One Man Show ပါ။ တစ္နိုင္ငံလုံးက ပရိသတ္ေတြ ၾကည့္လု႔ိရတဲ့ ပြဲပါ။ ဒီပြဲကေတာ့ လုံးဝ ခရမ္းေရာင္ Theme ေလးပါ။” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၈ ရက္ေန႔ ည ၇ နာရီက သူ႔ရဲ့ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာခဲ့တာပါ။

“ကၽြန္​ေတာ့္ရဲ့ တတိယ​ေျမာက္ One Man Show ‘ILLUSION PARADISE ‘ ကို ယခု လာမယ့္ 1.13.2021 ဗုဒၶဟူး​ ( ​ကရင္ႏွစ္သစ္ကူး​) ​ေန႔ မွာ ယခု GFatt Official Fan Page , Channel K , V7 Entertainment Page , Mytel Myanmar Page ,MyID App (Free DATA) တို႔မွ တစ္ၿပိဳင္တည္းထုတ္လႊင့္ျပသြားမွာျဖစ္ပါတယ္ ။ ခ်စ္ရ​ေသာ Jaffy ​ေလးမ်ား ​ႏွင့္ ပရိတ္သတ္မ်ား အားလုံး ေစာင့္​​ေမ်ာ္ၾကည့္ရႈၾက ပါရန္ သတင္း​ေကာင္းပါး လိုက္ပါတယ္” ဆိုၿပီးလဲ FB မွာ တင္ထား တာပဲျဖစ္ပါတယ္။

Source:G Fatt’fb
Credit:Swelsone News

မကြာခင်မှာ တတိယမြောက် တစ်ကိုယ်တော် ရှိုးပွဲကို အွန်လိုင်းကနေ ကျင်းပတော့မယ်ဆိုတဲ့ G Fatt

ပရိသတ်ကြီးရေ ဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားနေတဲ့ G Fatt ကတော့ ဒီနေ့ညမှာ သူ့ရဲ့ ဂီတ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်ကို Surprise လုပ်ခဲ့ တာဖြစ်ပါတယ်။ G Fatt ကတော့ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီ်လ ၁၃ ရက်နေ့မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီပွဲ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြိုးစား အားထုတ်ခဲ့ရပုံတွေ ကိုလည်း ပရိသတ် သိအောင် မျှဝေခဲ့ပါတယ်။

“ အခု Profile ပြောင်း ထားတဲ့ 13 ဆိုတာ အခု လာမယ့် ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ မှာ နောက်တစ်ကြိမ် One Man Show လုပ်မှာ ဖြစ်ပါတယ်။ အားလုံး စီစဉ်ပြီး သွားပါပြီ။ ပရိသတ်တွေက ဘာမှ လုပ်စရာ မလိုပါဘူး ဖုန်းလေးနဲ့ နားကြပ်လေးနဲ့ နားထောင်ရုံပါပဲ။ ဒီပွဲအတွက် စီစဉ်ထားတာ အရမ်းကြာနေပါပြီ။ ၄ လ ၅ လလောက် ကြာပြီခင်ဗျ။ ပရိသတ်တွေ ပျော်လား မပျော်လားတော့ မသိဘူး ကျွန်တော်ကတော့ မျက်ရည်တောင် ဝဲ မိပါတယ်။ ကြိတ်ပြီး စီစဉ်ထားတဲ့ Show ပွဲက အခု လုပ်ခွင့်ရပါပြီ။ ဒါက တတိယမြောက် One Man Show ပါ။ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်လို့ရတဲ့ ပွဲပါ။ ဒီပွဲကတော့ လုံးဝ ခရမ်းရောင် Theme လေးပါ။” ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

“ကျွန်​တော့်ရဲ့ တတိယ​မြောက် One Man Show ‘ILLUSION PARADISE ‘ ကို ယခု လာမယ့် 1.13.2021 ဗုဒ္ဓဟူး​ ( ​ကရင်နှစ်သစ်ကူး​) ​နေ့ မှာ ယခု GFatt Official Fan Page , Channel K , V7 Entertainment Page , Mytel Myanmar Page ,MyID App (Free DATA) တို့မှ တစ်ပြိုင်တည်းထုတ်လွှင့်ပြသွားမှာဖြစ်ပါတယ် ။ ချစ်ရ​သော Jaffy ​လေးများ ​နှင့် ပရိတ်သတ်များ အားလုံး စောင့်​​မျော်ကြည့်ရှုကြ ပါရန် သတင်း​ကောင်းပါး လိုက်ပါတယ်” ဆိုပြီးလဲ FB မှာ တင်ထား တာပဲဖြစ်ပါတယ်။

Source:G Fatt’fb
Credit:Swelsone News

About the author

Ms Cele

Leave a Comment