Celebrity


Written by Ms Cele





Credit:Swelsone News

မကြာခင်မှာ သမီးလေး မွေးဖွားပေးတော့မယ့် ဇနီးချောလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေတဲ့ မြင့်မြတ်

သာယာပျော်ရွှင် စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက် ထားသူကတော့ သရုပ်ဆောင် မင်းသား ချောလေး မြင့်မြတ်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော် တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင် တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိထား တာလည်း ဖြစ်ပါတယ်။

မြင့်မြတ်ဟာ မကြာခင်မှာလည်း ဒုတိယ ရင်သွေးလေးကို ရရှိတော့မှာဘဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ကိုလည်း အနားကနေ လိုလေသေးမရှိအောင် ပြုစုဂရုစိုက်နေ တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားတွေပြောလို့ရအောင်လည်း Official Facebook Page ဖွင့်လှစ်ထားပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက် ကလည်း မြင့်မြတ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာ သမီးလေးမွေးဖွားပေးတော့မယ့် ချစ်ဇနီးလေးနဲ့ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေဖြတ်သန်း ကုန်ဆုံးနေတဲ့ မြင့်မြတ်ရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ သူကလည်း ” မင်္ဂလာညချမ်းလေးပါဗျာ … With family ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေး လိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment