Celebrity


Written by Ms Cele






မကြာခင် ဖွင့်လှစ်တော့မယ့် သူမရဲ့အထည်ဆိုင် သစ်လေးကို ချပြလာတဲ့ ဘေဘီမောင်

ချောမောတဲ့ ရုပ်ရည်နဲ့ လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင် ကတော့ အမျိုးသားပရိသတ် တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင် က လူလေးလှ သလို စိတ်ထားကောင်းပြီး စကားပြော ပွင့်လင်းသူမို့ ပရိသတ်တွေက အချစ်ပို နေရတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်း တဲ့ ဘေဘီမောင် ကတော့ မိသားစုရဲ့ သမီးကြီးပီပီ အနုပညာ အလုပ်တွေ ကိုလည်း ကြိုးစားလုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်း တွေမှာလည်း အားကြိုးမာန်တက်နဲ့ ကြိုးစားရှာဖွေ နေတာပဲ ဖြစ်ပါတယ်။

အွန်လိုင်းကနေ အထည်တွေ ရောင်းချနေတဲ့ ဘေဘီမောင်က ဒီကနေ့မှာတော့ သူမရဲ့ ဆိုင်ခန်း အသစ်လေးနဲ့ ပရိသတ်ကို မိတ်ဆက်ပေး လာခဲ့ပါတယ်။ ဘေဘီမောင်က “အိုးမကွာအိမ်မကွားလေး တပိုင်တနိုင်စီးပွားရေး🥰 အမြည်းလေးပါ မှာထားတဲ့ပစ္စည်းတွေ ဒင်းပြည့်ကျပ်ပြည့်ထည့်ဖို့ကျန်သေးတယ်😌❤️ ငဗစ်အခြေနေကြောင့် မဖွင့်သေး အခြေနေကောင်းရင် ဆိုင်ဖွင့်ပွဲလေးလုပ်မယ်နော်🥰” ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ဆိုင်ခန်းလေးကို ပြသလာပါတယ်။

ဘေဘီမောင် ကတော့ အွန်လိုင်းကနေ အထည်လေးတွေ ရောင်းချ နေရမှ ဆိုင်ခန်းလေးနဲ့ သေသေသပ်သပ် ရောင်းချနိုင်တဲ့အထိ အောင်မြင်လာခဲ့တာ ချီးကျူးစရာပါပဲနော်။ အလုပ်ကြိုးစားပြီး စိတ်ထားကောင်းတဲ့ ဘေဘီမောင် တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment