Celebrity

မႏၲေလးမွာ မီးေလာင္မႈျဖစ္ပြားၿပီး အိုးမဲ့အိမ္မဲ့ ျဖစ္သြားတဲ့ မိသားစုမ်ားကို လိုအပ္တာမ်ား သြားေရာက္လႉတန္းခဲ့တဲ့ ေအး၀တ္ရည္ေသာင္း

Written by Ms Cele

မႏၲေလးမွာ မီးေလာင္မႈျဖစ္ပြားၿပီး အိုးမဲ့အိမ္မဲ့ ျဖစ္သြားတဲ့ မိသားစုမ်ားကို လိုအပ္တာမ်ား သြားေရာက္လႉတန္းခဲ့တဲ့ ေအး၀တ္ရည္ေသာင္း

ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ မေအးေသာင္း ကေတာ့ ခုျမန္မာနိုင္ငံမွာ လတ္တေလာမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ဒီေန႔ထိ ျပည္သူလူထုနဲ႔အတူ ရပ္တည္ကာ လႈပ္ရွားမႈေတြမွာ အားတတ္သေရာ ပါဝင္ခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာနိုင္ငံမွာျဖစ္ပ်က္ေနသမၽွသတင္းေတြအျပင္ လိုက္နာက်င့္သုံးရမယ့္ အေရးႀကီး အခ်က္အလက္ေတြကိုလည္း အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပကာ ရရာေနရာကေန ပါဝင္ကူညီ အားျဖည့္ေပးေနတာပါ။

သူကိုယ္တိုင္လည္း လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵေတြကို အင္တိုက္အားတိုက္ ထုတ္ေဖာ္ဆႏၵျပခဲ့တာလည္းျဖစ္ပါတယ္။ အခုလည္း မႏၲေလးမွာ မီးေလာင္မႈျဖစ္ပြားၿပီး အိုးမဲ့အိမ္မဲ့ ျဖစ္သြားတဲ့ အိမ္ေၿခ ၈၀ ေက်ာ္ မိသားစုမ်ားကို လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားနဲ႔ အစားအေသာက္မ်ား အလႉေငြမ်ားကို မိတ္ေဆြေတြနဲ႔စုေပါင္းကာ ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တာကိုေတြ႕ရပါတယ္။

အလႉပုံေလးေတြနဲ႔အတူ ” ၂၇ ရက္ေန႔ မေန႔ညက မႏၲေလး ၁၁၆လမ္း ၅၆/၅၇ ၾကား မီးေလာင္မႈ ျဖစ္ပြားသြားရာတြင္ အိမ္ေၿခ အိမ္ေထာင္စု ၇၀ေက်ာ္ ၈၀ နီးပါး အိုးမဲ့အိမ္မဲ့ျဖစ္သြားတယ္လို႔ သိရပါတယ္ရွင္ ဒီေန႔ အိမ္ေထာင္စုမ်ား အတြက္ က်မႏွင့္ online မွအလႉရွင္မ်ားလိုအပ္တဲ့အိုးခြက္ ဒယ္အိုး ပန္ကန္ ဇြန္း ေရခြက္ အစရွိသည္တို႔ ႏွင့္အတူ တစ္အိမ္ေထာင္စုလၽွင္ အလႉေငြ ၂၀၀၀၀ က်ပ္လႉဒါန္းခဲ့ပါသည္ရွင့္။ပါဝင္ေပးတဲ့အလႉရွင္မ်ားနဲ႔မိတ္ေဆြမ်ား သာဓု သာဓု သာဓုပါရွင္။ အစစအရာရာစီစဥ္ေပးတဲ့ ကိုမ်ိဳးႀကီး( ပန္းပ်ိဳးသူ) ပရဟိတအဖြဲ႕ကိုလည္းေက်းဇူး အထူးတင္ပါတယ္ရွင့္ဒီေန႔ေန႔လည္ ၁ နာရီမွာလည္း မီးေဘးသင့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမွ မိန္းကေလး တစ္ဦးလည္း ဖြားျမင္ခဲ့ပါတယ္ရွင့္။”ဆိုတဲ့စာေလးကို ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Aye Thaung

မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မိသားစုများကို လိုအပ်တာများ သွားရောက်လှူတန်းခဲ့တဲ့ အေးဝတ်ရည်သောင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ မအေးသောင်း ကတော့ ခုမြန်မာနိုင်ငံမှာ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ လှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပျက်နေသမျှသတင်းတွေအပြင် လိုက်နာကျင့်သုံးရမယ့် အရေးကြီး အချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ရရာနေရာကနေ ပါဝင်ကူညီ အားဖြည့်ပေးနေတာပါ။

သူကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို အင်တိုက်အားတိုက် ထုတ်ဖော်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။ အခုလည်း မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ အိမ်ခြေ ၈၀ ကျော် မိသားစုများကို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ အစားအသောက်များ အလှူငွေများကို မိတ်ဆွေတွေနဲ့စုပေါင်းကာ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

အလှူပုံလေးတွေနဲ့အတူ ” ၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆လမ်း ၅၆/၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင် အိမ်ခြေ အိမ်ထောင်စု ရဝကျော် ၈၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါတယ်ရှင် ဒီနေ့ အိမ်ထောင်စုများ အတွက် ကျမနှင့် online မှအလှူရှင်များလိုအပ်တဲ့အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိသည်တို့ နှင့်အတူ တစ်အိမ်ထောင်စုလျှင် အလှူငွေ ၂၀၀၀၀ ကျပ်လှူဒါန်းခဲ့ပါသည်ရှင့်။ပါဝင်ပေးတဲ့အလှူရှင်များနဲ့မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။ အစစအရာရာစီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတအဖွဲ့ကိုလည်းကျေးဇူး အထူးတင်ပါတယ်ရှင့်ဒီနေ့နေ့လည် ၁ နာရီမှာလည်း မီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှ မိန်းကလေး တစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်ရှင့်။”ဆိုတဲ့စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Aye Thaung

About the author

Ms Cele

Leave a Comment