Local News

မႏၲေလး တြင္ အခိုး အေငြ႕ အရည္ မ်ားစြန႔္ပစ္ ထုတ္လုပ္ သည့္ စက္႐ုံ မ်ားကို စစ္ေဆး ေတာ့မည္

Written by Ms Cele

မႏၲေလး တြင္ အခိုး အေငြ႕ အရည္ မ်ားစြန႔္ပစ္ ထုတ္လုပ္ သည့္ စက္႐ုံ မ်ားကို စစ္ေဆး ေတာ့မည္

မႏၲေလးၿမိဳ႕တြင္ အခိုး ၊ အေငြ႕ ၊ အရည္ မ်ားစြန႔္ပစ္ ထုတ္လုပ္သည့္ စက္႐ုံမ်ားကို လစဥ္ စစ္ေဆး မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီးစက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနထံကသိရသည္ ။

အဆိုပါ စက္႐ုံလုပ္ငန္းမ်ားမွ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈရွိ မရွိႏွင့္ လိုအပ္သည့္ စြန႔္ပစ္စနစ္မ်ား ၊ အရည္အေသြးျပည့္မီမႈမ်ား မွန္ကန္မႈရွိ ၊ မရွိကို စစ္ေဆးသြား မည္ျဖစ္ေၾကာင္းသိရသည္ ။

” မႏၲေလးမွာရွိတဲ့ စက္႐ုံ ေတြကို လစဥ္စက္႐ုံ ၂၀ ကို စစ္ေဆးသြားမယ္ ။ ပတ္ဝန္းက်င္ညစ္ညမ္းမႈရွိ မရွိစစ္မယ္ ။ ေရအသုံးခ်မႈ ေပၚစစ္ေဆးတဲ့အခါ BODစစ္ဖို႔လိုတာေတြကိုေတာ့ ဓာတ္ခြဲခန္းပို႔ အရည္အေသြး မမီရင္ ျပန္ျပဳျပင္ဖို႔ လုပ္ရမွာေပါ့ ” ဟု အဆိုပါဌာန ညႊန္ၾကားေရးမႈးဦးမ်ိဳးထြဋ္ေဆြက ေျပာသည္ ။

မႏၲေလးၿမိဳ႕တြင္အခိုး ၊ အေငြ႕ ၊ အရည္ စြန႔္ပစ္ထုတ္ လုပ္သည့္ စက္႐ုံမ်ားမွာျပည္ႀကီး တံခြန္ၿမိဳ႕နယ္တြင္ အမ်ားဆုံးရွိၿပီး ယခုဘ႑ာႏွစ္ အတြင္း စက္႐ုံေပါင္း ၄၈၀ အထိ လွည့္လည္ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္းသိရသည္ ။

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ အတြင္း ဘြိဳင္လာသုံးစြဲသည့္ စက္႐ုံေပါင္း(၈၉)႐ုံရွိၿပီးစက္႐ုံအမ်ားစုမွာ လည္ပတ္မႈ ရပ္နားထားၿပီး လက္ရွိကိုဗစ္ကာလအတြင္း ပုံမွန္လည္ပတ္ ေနသည့္စက္႐ုံ အနည္းငယ္သာ ရွိေၾကာင္းသိရသည္ ။

မႏၲေလးခရိုင္အတြင္း စက္မႈလုပ္ငန္း မွတ္ပုံတင္ထားသည့္ လုပ္ငန္းေပါင္း ၅၀၀၀ ေက်ာ္ရွိသည္ ။

မန္တလေး တွင် အခိုး အငွေ့ အရည် များစွန့်ပစ် ထုတ်လုပ် သည့် စက်ရုံ များကို စစ်ဆေး တော့မည်

မန္တလေးမြို့တွင် အခိုး ၊ အငွေ့ ၊ အရည် များစွန့်ပစ် ထုတ်လုပ်သည့် စက်ရုံများကို လစဉ် စစ်ဆေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံကသိရသည် ။

အဆိုပါ စက်ရုံလုပ်ငန်းများမှ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိ မရှိနှင့် လိုအပ်သည့် စွန့်ပစ်စနစ်များ ၊ အရည်အသွေးပြည့်မီမှုများ မှန်ကန်မှုရှိ ၊ မရှိကို စစ်ဆေးသွား မည်ဖြစ်ကြောင်းသိရသည် ။

” မန္တလေးမှာရှိတဲ့ စက်ရုံ တွေကို လစဉ်စက်ရုံ ၂၀ ကို စစ်ဆေးသွားမယ် ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိ မရှိစစ်မယ် ။ ရေအသုံးချမှု ပေါ်စစ်ဆေးတဲ့အခါ BODစစ်ဖို့လိုတာတွေကိုတော့ ဓာတ်ခွဲခန်းပို့ အရည်အသွေး မမီရင် ပြန်ပြုပြင်ဖို့ လုပ်ရမှာပေါ့ ” ဟု အဆိုပါဌာန ညွှန်ကြားရေးမှုးဦးမျိုးထွဋ်ဆွေက ပြောသည် ။

မန္တလေးမြို့တွင်အခိုး ၊ အငွေ့ ၊ အရည် စွန့်ပစ်ထုတ် လုပ်သည့် စက်ရုံများမှာပြည်ကြီး တံခွန်မြို့နယ်တွင် အများဆုံးရှိပြီး ယခုဘဏ္ဍာနှစ် အတွင်း စက်ရုံပေါင်း ၄၈၀ အထိ လှည့်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည် ။

ပြည်ကြီးတံခွန်မြို့နယ် အတွင်း ဘွိုင်လာသုံးစွဲသည့် စက်ရုံပေါင်း(၈၉)ရုံရှိပြီးစက်ရုံအများစုမှာ လည်ပတ်မှု ရပ်နားထားပြီး လက်ရှိကိုဗစ်ကာလအတွင်း ပုံမှန်လည်ပတ် နေသည့်စက်ရုံ အနည်းငယ်သာ ရှိကြောင်းသိရသည် ။

မန္တလေးခရိုင်အတွင်း စက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၅၀၀၀ ကျော်ရှိသည် ။

About the author

Ms Cele

Leave a Comment