Local News

မႏၲေလး ၿမိဳ့ တြင္ မီးေလာင္ မႈ ျဖစ္ပြား ၿပီး လူ (၅) ဦး ေသဆုံး

Written by Ms Cele

မႏၲေလး ၿမိဳ့ တြင္ မီးေလာင္ မႈ ျဖစ္ပြား ၿပီး လူ (၅) ဦး ေသဆုံး

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံ ၿမိဳ႕နယ္၊ ျပည္ႀကီး ေပ်ာ္ဘြယ္ အေရွ႕ရပ္ကြက္၊ ၃၅လမ္း၊ ၈၆လမ္းႏွင့္ ၈ရ လမ္းၾကားရွိ အလွျပဳျပင္ေရး ဆိုင္ခန္းမွာ

ေအာက္တိုဘာလ ၁၃ရက္ ေန႔ည သန္းေခါင္ေက်ာ္ က မီးေလာင္မႈျဖစ္ပြား ခဲ့ၿပီး လူ၅ဦး မီးေလာင္ ေသဆုံးခဲ့တယ္လို႔ အရန္ မီးသတ္ တပ္ဖြဲ႕ဝင္ ကိုသစၥာကေျပာပါတယ္။

အလွျပဳျပင္ေရး ဆိုင္ခန္းေအာက္ထပ္ က လၽွပ္စစ္မိန္းခုံ အပူလြန္ကဲၿပီး ဆိုဖာ ဆက္တီေပၚကို မီးပြားက်ရာကေန စတင္ေလာင္ကၽြမ္း ခဲ့တာျဖစ္တယ္လို႔ ကနဦးသတင္းေတြ အရ သိရပါတယ္။

မီးေလာင္မႈေၾကာင့္ ႏွစ္ထပ္ အေဆာက္အအုံ တစ္လုံး မီးေလာင္ကၽြမ္းခဲ့ၿပီး အမ်ိဳးသမီး ၄ဦးနဲ႔ ကေလးတစ္ဦး မီးေလာင္ေသဆုံးခဲ့ပါတယ္။

အဲဒီ မီးေလာင္မႈကို မီးသတ္ယာဥ္ ၁ဝစီး၊ အုပ္ခ်ဳပ္မႈယာဥ္ ၃စီး၊ ေရသယ္ယာဥ္ ၅စီး၊ သံေႏၶ ၃၆ဦး၊ အရံ ၆၆ဦးနဲ႔ ျငႇိမ္းသတ္ခဲ့ တယ္လို႔ သိရပါတယ္။

One News Myanmar

မန္တလေး မြို့ တွင် မီးလောင် မှု ဖြစ်ပွား ပြီး လူ (၅) ဦး သေဆုံး

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ ပြည်ကြီး ပျော်ဘွယ် အရှေ့ရပ်ကွက်၊ ၃၅လမ်း၊ ၈၆လမ်းနှင့် ၈ရ လမ်းကြားရှိ အလှပြုပြင်ရေး ဆိုင်ခန်းမှာ

အောက်တိုဘာလ ၁၃ရက် နေ့ည သန်းခေါင်ကျော် က မီးလောင်မှုဖြစ်ပွား ခဲ့ပြီး လူ၅ဦး မီးလောင် သေဆုံးခဲ့တယ်လို့ အရန် မီးသတ် တပ်ဖွဲ့ဝင် ကိုသစ္စာကပြောပါတယ်။

အလှပြုပြင်ရေး ဆိုင်ခန်းအောက်ထပ် က လျှပ်စစ်မိန်းခုံ အပူလွန်ကဲပြီး ဆိုဖာ ဆက်တီပေါ်ကို မီးပွားကျရာကနေ စတင်လောင်ကျွမ်း ခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေ အရ သိရပါတယ်။

မီးလောင်မှုကြောင့် နှစ်ထပ် အဆောက်အအုံ တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီး ၄ဦးနဲ့ ကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

အဲဒီ မီးလောင်မှုကို မီးသတ်ယာဉ် ၁ဝစီး၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ ရေသယ်ယာဉ် ၅စီး၊ သံန္ဓေ ၃၆ဦး၊ အရံ ၆၆ဦးနဲ့ ငြှိမ်းသတ်ခဲ့ တယ်လို့ သိရပါတယ်။

One News Myanmar

About the author

Ms Cele

Leave a Comment