Local News

မန္တလေး မြို့ပေါ်မှာ တစ်ရက် တည်း ပိုးတွေ့သူ ၇၀ ကျော် ရှိလာ တဲ့ အဖြစ်

Written by Ms Cele

မန္တလေးမြို့ပေါ်တွင် အောက်တိုဘာ ၁၈ရက်ကကိုဗစ် ပိုးတွေ့လူနာ၇၄ဦးရှိခဲ့ပြီး၎င်းတို့ နှင့်ထိပ်လူနာ ၁၀၀ကျော်ခန့်ရှိနေကြောင်း ထုတ်ပြန်ထားသော စာရင်းများအရသိရသည်။

ပိုးတွေ့ လူနာ အများဆုံးမြို့နယ်မှာ မဟာအောင်မြေမြို့နယ်ဖြစ်ကာ အောက်တိုဘာ ၁၈ရက်တစ်ရက်တည်းတွင်၎င်းမြို့နယ်၌ ၄၃ဦးအထိ ရှိနေခဲ့သည်။





၎င်းတို့နှင့်ထိစပ် လူနာများကို ညပိုင်းအချိန်များတွင် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာမြို့နယ် အလိုက်လိုက်လံခေါ်ဆောင်ကာ ဇီးပင်ကြီးစင်တာသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်

မန္တလေးမြို့ပေါ်တွင် အောက်တိုဘာ ၁၈ရက်ကကိုဗစ် ပိုးတွေ့လူနာရ၄ဦးရှိခဲ့ပြီး၄င်းတို ့နှင့်ထိပ်လူနာ ၁ဝဝကျော်ခန့်ရှိနေကြောင်း ထုတ်ပြန်ထားသော စာရင်းများအရသိရသည်။

ပိုးတွေ့ လူနာ အများဆုံးမြို့နယ်မှာ မဟာအောင်မြေမြို့နယ်ဖြစ်ကာ အောက်တိုဘာ ၁၈ရက်တစ်ရက်တည်းတွင်၄င်းမြို့နယ်၌ ၄၃ဦးအထိ ရှိနေခဲ့သည်။

“လူနာကတော့ မဟာရော ချမ်းအေးရော တက်လာတယ်သူတွေနဲ့ ထိစပ်တွေက ရာချီရှိနေတာ အဲဒိမြို့နယ် တွေက တစ်ချို့လမ်းတွေ အကွက်တွေကို ဆီမီးလော့ဒေါင်းချ ထားတယ်

ခက်တာက အခုချိန်ထိ လမ်းပေါ်ထွက်ပြီး လူစုလူဝေးနဲ့ထွက် နေတာတွေက ပိုဆိုးတယ်

အဲ့ဒိထဲကနေ ကူးဆက်မှုက အများဆုံး ဖြစ်လာ နိုင်တယ်”ဟုမန္တလေးမြို့ခံလူမှုရေးအသင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အောက်တိုဘာ ၁၈ရက်နေ့တွင် ပိုးတွေ့လူနာစရင်းများအရ မဟာအောင်မြေမြို့နယ်တွင် ၄၃ဦး ချမ်းအေးသာစံမြို့နယ် တွင် ၂၁ဦး အမရပူရမြို့နယ်တွင် ၆ဦးပြည်ကြီးတွန် မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ် တို့တွင်၂ဦးစီနှင့် ပုသိမ်ကြီးမြို့နယ်တွင် တစ်ဦးရှိကြောင်းသိရသည်။

၄င်းတို့နှင့်ထိစပ် လူနာများကို ညပိုင်းအချိန်များတွင် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာမြို့နယ် အလိုက်လိုက်လံခေါ်ဆောင်ကာ ဇီးပင်ကြီးစင်တာသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်

About the author

Ms Cele

Leave a Comment