Celebrity


Written by Ms Cele





Credit:Cele Zone

ယခင်အချိန်တုန်းကလို အလုပ်တွေကို အတွဲညီညီလုပ်ကိုင်လျက်ရှိတဲ့ လွင်မိုးနဲ့ထက်ထက်မိုးဦး

ခင်မင်မှုတစ်ခုဟာ ရေရှည်တည်ဆောက်ဖို့ တကယ်ကိုမလွယ်ကူပါဘူး။ အပေါ်ယံခင်မင်မှု မဟုတ်ဘဲ တကယ်ကို လေးနက်တဲ့ သံယောဇဉ်တွေနဲ့ မောင်နှမလိုချစ်ခင်မှု ဆိုတာ သူစိမ်းတစ်ယောက်နဲ့ တည်ဆောက်ဖို့ ပိုပြီးခက်ခဲပါတယ်။ အလုပ်တွေအကြာကြီး အတူတူ လုပ်ခဲ့ပြီး မောင်နှမတွေလိုရင်းနှီးခင်မင်ခဲ့ကြတဲ့ လွင်မိုးနဲ့ထက်ထက်မိုးဦးဟာ လက်ရှိအချိန်မှာလည်း ခင်မင်ရင်းစွဲက ပျက်ဆီးမသွားခဲ့ပါဘူး။

အတူတူရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေဟာ ပရိသတ်တွေကိုယနေ့ထက်တိုင် အမှတ်ရနေဆဲဖြစ်ပြီး အသက်တွေကြီးလာလို့ ငယ်စဉ်ကပုံစံ တွေမရှိတော့ပေမယ့် ရင်ထဲကခင်မင်မှု သံယောဇဉ်ကတော့ ငယ်စဉ်က အတိုင်းပါပဲ။ အချိန်အကြာကြီး အလုပ်တွေအတူတူလုပ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း Live Sale တွေ အတူတူလုပ်ခဲ့ကြပါသေးတယ်။

အရင်ကလွင်မိုးနဲ့ အရင်က ထက်ထက်မိုးဦးဟာ အရမ်းကိုအတွဲညီခဲ့သလို လက်ရှိအချိန်ထိလည်း အတွဲညီညီနဲ့ Live Sale တွေလုပ်နေဆဲပါပဲ။ နှစ်ယောက်သားပြန်ဆုံကြမယ့် ရုပ်ရှင်ဇာတ်ကား ကိုလည်း ပရိသတ်တွေက ပြန်လည်မျှော်လင့်နေကြပါပြီ။ မောင်နှမနှစ်ယောက်ရဲ့ ငယ်စဉ်ကပုံလေးနဲ့ အသက်အရွယ် ရလာတဲ့ပုံလေးတွေကို ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Credit:Cele Zone
Source:We Love Htet Htet Moe Oo

About the author

Ms Cele

Leave a Comment