Celebrity

ယခုတိုက္ပြဲ၀င္ေနတာ ပါတီစြဲေၾကာင္းမဟုတ္ဘဲ လြတ္လပ္မႈနဲ့ အမွန္တရားအတြက္ပါလို႕ျပတ္သားစြာေျပာလိုက္တဲ့ ပိုင္တံခြန္

Written by Ms Cele

ယခုတိုက္ပြဲ၀င္ေနတာ ပါတီစြဲေၾကာင္းမဟုတ္ဘဲ လြတ္လပ္မႈနဲ့ အမွန္တရားအတြက္ပါလို႕ျပတ္သားစြာေျပာလိုက္တဲ့ ပိုင္တံခြန္

နိုင္ငံေက်ာ္ သရုပ္ေဆာင္ ပိုင္တံခြန္ ကေတာ့ တည္ၾကည္တဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထား ရံုသာမက အရြယ္နဲ့ မလိုက္ေအာင္ ေျဖာင့္မတ္မွန္ကန္တဲ့ စိတ္သေဘာထားလည္း ပိုင္ဆိုင္ထားသူ တစ္ေယာက္ပါ။ ပိုင္တံခြန္က လက္ရိွ မွာေတာ့ သူ့ရဲ့ ျပည္တြင္း၊ ျပည္ပ အနုပညာ လႈပ္ရွားမႈေတြကို ရပ္နားထားျပီး နိုင္ငံေတာ္သမၼတၾကီးနဲ့ နုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္တို့ အျမန္ဆံုးလြတ္နိုင္ဖို့ ၊ စစ္မွန္တဲ့ ဒီမိုကေရစီကို ရရိွနိုင္ဖို့ ျပည္သူေတြနဲ့အတူတူ ျငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ မွာေတာ့ ပိုင္တံခြန္က လက္ရိွလႈပ္ရွားမႈေတြက ပါတီစြဲေၾကာင့္ မဟုတ္ပဲ လြတ္လပ္ေရး အတြက္ တိုက္ပြဲဝင္ေနေၾကာင္း ျပတ္သားစြာ သတိေပး လိုက္တာကို အခုလိုပဲ ေတြ့ရပါတယ္။ ပိုင္တံခြန္က “အၿမဲ ဘုကန႔္လန႔္ ဝင္ေရးေနတဲ့ အစိမ္းဘက္က တခ်ိဳ႕ ညီအကိုေတြ အခုခ်ိန္မွာ က်ေနာ္တို႔က ပါတီခြဲေနတာ မဟုတ္ဘူး။ လြတ္လပ္မႈရဖို႔ အတြက္ လုပ္ေနၾကတာ တစ္ခုေမးမယ္ အခုလို ညဘက္ေတြမွာ အဆိပ္ေတြလိုက္ထည့္တာ မီးကြင္းေတြ ပစ္တာ မိုးေပၚကေန မီးလုံးေတြ ပစ္ခ်တာေတြ ဒါကို လုပ္သင့္တယ္ မွန္တယ္လို႔ ထင္လား” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ ကေတာ့ မ်ိဳးဆက္သစ္ လူငယ္ တစ္ေယာက္ပီပီ လြတ္လပ္မႈနဲ့ အမွန္တရား အတြက္ တိုက္ပြဲဝင္ေနၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Paing Takhon’s fb
Credit: Cele Connections

ယခုတိုက်ပွဲဝင်နေတာ ပါတီစွဲကြောင်းမဟုတ်ဘဲ လွတ်လပ်မှုနဲ့ အမှန်တရားအတွက်ပါလို့ပြတ်သားစွာပြောလိုက်တဲ့ ပိုင်တံခွန်

နိုင်ငံကျော် သရုပ်ဆောင် ပိုင်တံခွန် ကတော့ တည်ကြည်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထား ရုံသာမက အရွယ်နဲ့ မလိုက်အောင် ဖြောင့်မတ်မှန်ကန်တဲ့ စိတ်သဘောထားလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ပိုင်တံခွန်က လက်ရှိ မှာတော့ သူ့ရဲ့ ပြည်တွင်း၊ ပြည်ပ အနုပညာ လှုပ်ရှားမှုတွေကို ရပ်နားထားပြီး နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အမြန်ဆုံးလွတ်နိုင်ဖို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိနိုင်ဖို့ ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ပိုင်တံခွန်က လက်ရှိလှုပ်ရှားမှုတွေက ပါတီစွဲကြောင့် မဟုတ်ပဲ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်နေကြောင်း ပြတ်သားစွာ သတိပေး လိုက်တာကို အခုလိုပဲ တွေ့ရပါတယ်။ ပိုင်တံခွန်က “အမြဲ ဘုကန့်လန့် ဝင်ရေးနေတဲ့ အစိမ်းဘက်က တချို့ ညီအကိုတွေ အခုချိန်မှာ ကျနော်တို့က ပါတီခွဲနေတာ မဟုတ်ဘူး။ လွတ်လပ်မှုရဖို့ အတွက် လုပ်နေကြတာ တစ်ခုမေးမယ် အခုလို ညဘက်တွေမှာ အဆိပ်တွေလိုက်ထည့်တာ မီးကွင်းတွေ ပစ်တာ မိုးပေါ်ကနေ မီးလုံးတွေ ပစ်ချတာတွေ ဒါကို လုပ်သင့်တယ် မှန်တယ်လို့ ထင်လား” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ မျိုးဆက်သစ် လူငယ် တစ်ယောက်ပီပီ လွတ်လပ်မှုနဲ့ အမှန်တရား အတွက် တိုက်ပွဲဝင်နေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Paing Takhon’s fb
Credit: Cele Connections

About the author

Ms Cele

Leave a Comment