Celebrity

ယခုလိုခက်ခဲကြပ်တည်းနေချိန်မှာ သူမကျကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းလေးတစ်ခုကို ရိုးသားစွာပြန်လာပေးလို့ ၀မ်းသာပျော်ရွှင်နေတဲ့ ဇာဇာထက်

Written by Ms Cele




Source: Zar Htet’s fb
TWWH(Cele Posts)

ပရိသတ်ကြီးရေ မော်ဒယ်ဇာဇာထက်ဟာဆိုရင် မော်ဒယ်လောကမှာ အောင်မြင်မှုတစ်ခုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်နော်။ ဇာဇာထက်ဟာ အလုပ်ကြိုးစားပြီး စိတ်ထားကောင်းတဲ့သူဖြစ်သလို မိသားစုကိုလည်း အကောင်းမွန်ဆုံး ထားပြီး ကိုယ့်ရဲ့မွေးချင်းအငယ်လေးတွေအပေါ်လည်း အမကြီးအမိရာ ပီသအောင်နေထိုင်ခဲ့ပါတယ်။

ယခုလက်ရှိမှာတော့ Online Shop လုပ်ကိုင်နေပြီး သမ္မာအာဇီဝကျတဲ့ လုပ်ငန်းတစ်ခုမှာ အခြေကျနေခဲ့ပြီဖြစ်ပါတယ်။ သူမရှာထားတဲ့ ချွေးနဲစာနဲ့အိမ်လေးတစ်လုံးဝယ်နိုင်ခဲ့ပြီး အိမ်အတွင်းပိုင်းကိုလည်း သူမစိတ်ကြိုက်ပြင်ဆင်မွန်းမံခဲ့ပါတယ်။သူများကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် ဒုက္ခပေးပြီးရှာဖွေစားသောက်ခဲ့တာမဟုတ်လို့ဘာပစ္စည်းပဲပျောက်ပျောက် အမြဲပြန်ရတတ်ပါတယ်။မကြာခင်အချိန်က သူမကျပျောက်တဲ့ ရွှေဟန်းချိန်းလေးပြန်ရကြောင်းကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာ တင်ပြထားပါတယ်နော်။

ဇာဇာထက်က”ကျွန်မဘဝမှာ သူများအပူစာသူများမျက်ရည်ကျပြီးမှရလာတဲ့ ငွေနဲ့မဝယ် မစားဖူးတဲ့ကံအကျိုးပေးကြောင့်လားမသိချွေးနှဲစာနဲ့ရှာထားတဲ့ ပိုက်ဆံကြောင့် ဘာပျောက်ပျောက် အကုန်ပြန်ရှာတွေ့တယ် 2019 တုန်းကဆီဆိုင်မှာ ကားရေဆင်းရင်း စိန်လက်စွပ်ကျပျောက်ခဲ့တယ် ပြန်သွားရှာတာ ဆယ်ဘီးကားသမားဝိုင်းရှာပေးခဲ့လို့ ပြန်တွေ့တယ် အခုလဲရွှေဟန်းချိန်းသေးသေးလေး ကျခဲ့တာသူများကလှမ်းပြောလို့ ပြန်ရခဲ့တယ် ဒီလိုရှားပါးနေတဲ့အချိန်မို့ ဒီသေးသေးလေးပြုတ်ကျလို့ ပြန်ရခဲ့တာတောင် ကျေးဇူးတင်နေရတယ်🙏 “ဆိုပြီး အရင်ကပျောက်တုန်းကလည်းပြန်ရသလို ယခုဟန်းချိန်းလေးကိုလည်း ပြန်ရလို့ပျော်မဆုံးဖြစ်နေကြောင်းကို ရေးသားပြောပြလာပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Zar Htet’s fb
TWWH(Cele Posts)

About the author

Ms Cele

Leave a Comment