Celebrity


Written by Ms Cele





Credit

ယခုအချိန်မှာ အပြောင်အပျက်တွေလျော့ပြီး တတ်နိုင်သမျှ အစွမ်းကုန်ဝိုင်းဝန်းကူညီကာ ပြည်သူအချင်းချင်း ပိုပြီးစည်းလုံးကြဖို့တိုက်တွန်းလိုက်တဲ့ G-Fatt

ပရိသတ်ကြီးရေ.. အဆိုတော် G-Fatt ကတော့ အောင်မြင်ကျော်ကြားတဲ့ ဂီတ အနုပညာရှင် တစ်ယောက်ဖြစ်သလို ဖေဖော်ဝါရီလ(၁)ရက်နေ့ ကတည်းက လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ကာ အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်နေသူပါပဲ..။ပြင်းထန်တဲ့ ဖြိုခွင်းမှုတွေကြောင့် တော်လှန်ရေး တိုက်ပွဲကြီးမှာ အသက်ပေး ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အတွက်လည်း ပြည်သူတွေနဲ့ထပ်တူ ကြေကွဲစွာ ခံစားနေရတဲ့ G-Fatt ကတော့ တတ်နိုင်တဲ့ဘက်နေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

G-Fatt ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခုလိုအချိန်မှာ အပြောင်အပျက်တွေ လျော့ပြီး တတ်နိုင်သမျှ အစွမ်းကုန် ဝိုင်းဝန်းကူညီကာ ပြည်သူအချင်းချင်း ပိုပြီးစည်းလုံးကြဖို့ အားပေးစကားတွေနဲ့ တိုက်တွန်းပြောပြလာတာလည်း တွေ့ရပါ တယ်..။ပြီးတော့ တစ်ချို့ Post တွေကို Fri Only နဲ့တင်တာမှန်ပေမယ့် တကယ်အရေးကြီးတဲ့ အချက် အလက်တွေ ကိုတော့ Public ဖွင့်တင်ကြစေ့ချင်တယ် ။

အခုဆို Wifi ရဖို့တောင် မသေချာတော့ဘူး။ Ph Num တွေအချင်းချင်းဖလှယ်ပြီး ကိုယ့်မြို့နယ်ကိုယ့်ရပ်ကွက်ကို ကာကွယ်ဖို့ စည်းလုံးကြရတော့မယ်။ ငါသွေးအေးရင်ပြည်သူ့ဘက်မှာ တစ်ယောက်လျော့တာပဲ ဆိုတာ မမေ့ကြနဲ့ ။ နှစ်ရဝကျော် ဒါဏ်ရာရနေတဲ့ တိုင်းပြည်ကို ကယ်ရမှာ ငါတို့တက်နိုင်တဲ့ ဘက်ကနေ တက်နိုင်သမျှကို အစွမ်းကုန် ဝိုင်းကူကြမယ်..” ဆိုပြီး G-Fatt က အားပေးတိုက် တွန်းထားတာပါ..။

Credit

About the author

Ms Cele

Leave a Comment