Celebrity

ယေန႔ ဇူလိုင္လ ၆ ရက္ေန႔မွာ ဖမ္းဆီးခံလိုက္ရေတဲ့ အဆိုေတာ္မီးႏို

Written by Ms Cele

ယေန႔ ဇူလိုင္လ ၆ ရက္ေန႔မွာ ဖမ္းဆီးခံလိုက္ရေတဲ့ အဆိုေတာ္မီးႏို

သီခ်င္းဆိုၿပိဳင္ပြဲ တစ္ခုတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွတစ္ဆင့္ ဂီတေလာကထဲကို ဝင္ေရာက္လာသူ ကေတာ့ အဆိုေတာ္ မီးနိုပဲ ျဖစ္ပါတယ္။ခ်ိဳသာတဲ့ အသံေလးနဲ႔ သီခ်င္းေတြကို ပရိသတ္ေတြ နားထဲ စြဲေနေအာင္ သီဆိုနိုင္သူ ျဖစ္ပါတယ္။သူမ ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနမ်ားတြင္ ျပည္သူေတြဘက္ကေန အခိုင္အမာရပ္တည္ေနသူတစ္ဦး ျဖစ္ပါတယ္။

ဒါ့အျပင္ လက္ရွိ ျမန္မာနိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ အေျခအေနေ တြေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူမ်ား အတြက္ လိုအပ္တဲ့ စားနပ္ရိကၡာမ်ား ကူညီလႉဒါန္းေပးေနတာ ျဖစ္ပါတယ္။ အဆိုေတာ္ မီးနိုအား ယေန႔၊ ဇူလိုင္လ ၆ ရက္ေန႔မွာ ဖမ္းဆီးခံလိုက္ရေၾကာင္း သတင္း ရရွိပါတယ္။

“က်ေနာ့္ သူငယ္ခ်င္း မီးနိုကို မတရား ဖမ္းဆီးသြားပါၿပီ”လို႔ မီးနိုရဲ့ သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ Leo က အတည္ျပဳ ေျပာထား ပါတယ္။အဆိုေတာ္ မီးနိုဟာ ၿပီးခဲ့တဲ့လအတြင္း ကရင္စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ လိုအပ္ေနတဲ့ စားနပ္ရိကၡာမ်ား၊ ေဆးဝါးမ်ား ပို႔ေဆာင္ လႉဒါန္းခဲ့ၿပီး၊ အျခား လိုအပ္ေနတဲ့ ေနရာမ်ားကိုလည္း ဦးေဆာင္ကာ စုေပါင္း လႉဒါန္းေပးေနသူ ျဖစ္ပါတယ္။

Source ; LEO-လီယို
Credit

ယနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတေဲ့ အဆိုတော်မီးနို

သီချင်းဆိုပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှတစ်ဆင့် ဂီတလောကထဲကို ဝင်ရောက်လာသူ ကတော့ အဆိုတော် မီးနိုပဲ ဖြစ်ပါတယ်။ချိုသာတဲ့ အသံလေးနဲ့ သီချင်းတွေကို ပရိသတ်တွေ နားထဲ စွဲနေအောင် သီဆိုနိုင်သူ ဖြစ်ပါတယ်။သူမ ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများတွင် ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခြေအနေေ တွကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အဆိုတော် မီးနိုအား ယနေ့၊ ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရကြောင်း သတင်း ရရှိပါတယ်။

“ကျနော့် သူငယ်ချင်း မီးနိုကို မတရား ဖမ်းဆီးသွားပါပြီ”လို့ မီးနိုရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် Leo က အတည်ပြု ပြောထား ပါတယ်။အဆိုတော် မီးနိုဟာ ပြီးခဲ့တဲ့လအတွင်း ကရင်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာများ၊ ဆေးဝါးများ ပို့ဆောင် လှူဒါန်းခဲ့ပြီး၊ အခြား လိုအပ်နေတဲ့ နေရာများကိုလည်း ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးနေသူ ဖြစ်ပါတယ်။

Source ; LEO-လီယို
Credit

About the author

Ms Cele

Leave a Comment