Celebrity

ယေန႕မွာက်ေရာက္တဲ့ (၁၉)ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ ေန႔ေလးမွာစိတ္က်န္းမာေရး ေဆး႐ုံကိုအလႉေငြ (၁၅)သိန္းေက်ာ္ လွဴဒါန္းခဲ့တဲ့ ခိုင္သင္းၾကည္တို႕စံုတြဲ

Written by Ms Cele

ယေန႕မွာက်ေရာက္တဲ့ (၁၉)ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ ေန႔ေလးမွာစိတ္က်န္းမာေရး ေဆး႐ုံကိုအလႉေငြ (၁၅)သိန္းေက်ာ္ လွဴဒါန္းခဲ့တဲ့ ခိုင္သင္းၾကည္တို႕စံုတြဲ

သ႐ုပ္ေဆာင္လည္း ေကာင္းၿပီး ပရိသတ္ေတြအေပၚမွာ ခင္ခင္မင္မင္ ေဖာ္ေဖာ္ေရြေရြနဲ႔ ဆက္ဆံတတ္တဲ့ မင္းသမီးေခ်ာ ခိုင္သင္းၾကည္ကိုေတာ့ အားလုံးက ခုခ်ိန္ထိခ်စ္ခင္ေနရတာပါေနာ္ ။ ဝါရင့္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ မခိုင္ေလးက အခ်ိန္အေတာ္ၾကာေအာင္ အႏုပညာေလာကမွာ ေလၽွာက္လွမ္းေအာင္ျမင္ေနတာ ယေန႔ထိတိုင္ပါပဲ ။

မခိုင္ေလးက အႏုပညာ ဘက္မွာ ထူးခၽြန္သလို မိသားစုအတြက္လည္း အိမ္ေထာင္ရွင္မ ေကာင္းတစ္ေယာက္ပီသသူ လည္းျဖစ္ပါတယ္ ။ဒါ့အျပင္ အလႉအတန္းေတြဆိုရင္လည္း မိသားစုလိုက္ တက္ညီလက္ညီလႉဒါန္းေလ့ ရွိတာကိုလည္းေတြ႕ရပါတယ္။ကိုဗစ္ကာလေတြမွာလည္း အလႉအတန္းေတြ ျပဳလုပ္ခဲ့သလို ခုလက္ရွိအေျခအေနေတြမွာလည္း အလႉေလးေတြနဲ႔ပါဝင္ကာ ျပည္သူေတြနဲ႔ အတူ ရပ္တည္ေနသူပါ။

ဒီေန႔မွာ က်ေရာက္တဲ့ သူတို႔ဇနီးေမာင္ႏွံရဲ့ (၁၉) ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ ေန႔ေလးမွာလည္း စိတ္က်န္းမာေရး ေဆး႐ုံကို သြားေရာက္ကာ အလႉေငြ (၁၅) သိန္းေက်ာ္ကို လႉဒါန္းခဲ့ေၾကာင္းေဖာ္ျပထား တာေတြ႕ရပါတယ္။ပရိသတ္ႀကီးလည္း ခိုင္သင္းၾကည္တို႔ရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Thin Kyi

ယနေ့မှာကျရောက်တဲ့ (၁၉)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့လေးမှာစိတ်ကျန်းမာရေး ဆေးရုံကိုအလှူငွေ (၁၅)သိန်းကျော် လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့စုံတွဲ

သရုပ်ဆောင်လည်း ကောင်းပြီး ပရိသတ်တွေအပေါ်မှာ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တဲ့ မင်းသမီးချော ခိုင်သင်းကြည်ကိုတော့ အားလုံးက ခုချိန်ထိချစ်ခင်နေရတာပါနော် ။ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မခိုင်လေးက အချိန်အတော်ကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းအောင်မြင်နေတာ ယနေ့ထိတိုင်ပါပဲ ။

မခိုင်လေးက အနုပညာ ဘက်မှာ ထူးချွန်သလို မိသားစုအတွက်လည်း အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်ပီသသူ လည်းဖြစ်ပါတယ် ။ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် တက်ညီလက်ညီလှူဒါန်းလေ့ ရှိတာကိုလည်းတွေ့ရပါတယ်။ကိုဗစ်ကာလတွေမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့သလို ခုလက်ရှိအခြေအနေတွေမှာလည်း အလှူလေးတွေနဲ့ပါဝင်ကာ ပြည်သူတွေနဲ့ အတူ ရပ်တည်နေသူပါ။

ဒီနေ့မှာ ကျရောက်တဲ့ သူတို့ဇနီးမောင်နှံရဲ့ (၁၉) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့လေးမှာလည်း စိတ်ကျန်းမာရေး ဆေးရုံကို သွားရောက်ကာ အလှူငွေ (၁၅) သိန်းကျော်ကို လှူဒါန်းခဲ့ကြောင်းဖော်ပြထား တာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Thin Kyi

About the author

Ms Cele

Leave a Comment