Celebrity


Written by Ms Cele





Credit

ယနေ့မှာပဲ ချစ်တဲ့ပရိသတ်ကို အပြီးတိုင်နှုတ်ဆက်ခွဲခွာသွားပြန်တဲ့ လူကြမ်းသရုပ်ဆောင် ဦးအရိုင်းမင်း

လူကြမ်းသရုပ်ဆောင်အရိုင်းမင်း ကတော့ ဇာတ်ကားတွေမှာ ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ရင်းပရိတ်သတ်တွေ စတင်သတိထားမိကြတာပဲဖြစ်ပါတယ်၊ လူကြမ်းသရုပ်ဆောင်နဲ့အညီပီပြင်လွန်းလှတာကြောင့်ပရိတ်သတ်တွေ ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါသေးတယ်၊ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်ပြီးဇာတ်ပို့ပေးနိုင်တာကြောင့်လဲဖြစ်ပါတယ်။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီးတော့ ကူးစက်မှုတွေက များပြားလျက်ရှိပါတယ်၊အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့သူတွေ လဲများစွာရှိနေပါတယ်၊အလှူရှင်များလဲပရဟိတ လုပ်ငန်းများနဲ့ပူးပေါင်းပြီး အောက်ဆီဂျင်ရရှိနိုင်ဖို့အတွက်ကြိုးစားပေးနေကြတာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ ဒီကနေ့ဇူလိုင်လ၂၃ရက်နေ့လပြည့်နေ့ မနက်၆နာရီမှာတော့လူကြမ်း သရုပ်ဆောင် အရိုင်းမင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း လူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်က သူရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထား ပါတယ်၊ယနေ့‌၀ါဆိုလပြည့်နေ့မနက်မှာရုပ်ရှင် သရုပ်ဆောင်ကိုအရိုင်းမင်းဆုံးသွားပြီဗျာ၊အကိုကောင်းရာဘုံ သို့ရောက်ပါစေသားဆိုပြီးတော့ သူရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊အောက်ဆီဂျင်ကျပြီးကွယ်လွန်ရကြောင်းလဲသိရပါတယ်။

Credit

About the author

Ms Cele

Leave a Comment