Celebrity

ပုဒ္မ ၅၀၅(က)နဲ႕အမႈဖြင့္ခံထားရတဲ့ အႏုပညာရွင္(၂၄)ဦးကို အမႈဖြင့္ျခင္း ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္း သတင္းထုတ္ျပန္

Written by Ms Cele

ပုဒ္မ ၅၀၅(က)နဲ႕အမႈဖြင့္ခံထားရတဲ့ အႏုပညာရွင္(၂၄)ဦးကို အမႈဖြင့္ျခင္း ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္း သတင္းထုတ္ျပန္

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ထဲက ျမန္မာနိုင္ငံမွာ ႐ုတ္တရက္ ျဖစ္ေပၚ ခဲ့တဲ့ အေျခအေတြမွာ အမွန္တရားဘက္က ရပ္တည္ ၾကတဲ့ ျပည္သူေတြနဲ႔ အတူ အႏုပညာရွင္ မ်ားစြာလည္း တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ခဲ့ၾကပါတယ္ ။ သူတို႔ကိုယ္တိုင္လည္း လမ္းမေပၚအထိ ထြက္ကာ လႈပ္ရွားမ ႈေတြမွာ ပါဝင္ခဲ့သလို တစ္ခ်ိဳ႕ အႏုပညာရွင္ေတြဆို ေရွ႕ဆုံးကေနေတာင္ မားမားမတ္မတ္ ခုခံကာကြယ္ေပးခဲ့ၾကတာပါ ။

ဒါ့အျပင္ Follower ေတြ မ်ားစြာ ပိုင္ဆိုင္ထားတဲ့ သူတို႔ရဲ့ အေကာင့္ေတြကေနလည္း နိုင္ငံတကာ သတင္းမီဒီယာေတြ သတိထားမိလာေအာင္ ျမန္မာနိုင္ငံမွာ ျဖစ္ပ်က္သမၽွေတြကို speak out လုပ္ေပးခဲ့ၾကပါတယ္ ။ ဒီလိုေတြ အင္တိုက္အားတိုက္ ပါဝင္ခဲ့တာေၾကာင့္လည္း (၅၀၅-က) နဲ႔ တရားစြဲဆိုခံခဲ့ရၿပီး လြတ္ေျ မာက္ရာ ေနရာေတြကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတာပါ ။

ယေန႔ ဇြန္လ (၂၉ ) ရက္ ည ၈ နာရီေလာက္ မွာေတာ့ ဒီလို (၅၀၅-က ) နဲ႔ တရားစြဲဆို ခံထားရတဲ့ အႏုပညာရွင္ေတြ ထဲကမွ အခ်ိဳ႕ အႏုပညာရွင္ (၂၄) ဦးကို ျပန္လည္ ႐ုတ္သိမ္းေပးေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္ ။ ပရိသတ္ႀကီးလည္း သတင္းေကာင္းေလး ကို ၾကည့္ရႈ နိုင္ေစရန္ ျပန္လည္ ေဝမၽွေပး လိုက္ပါတယ္ ။

Credit – Cele Zone
Photo Credit – original uploader

ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်(၂၄)ဦးကို အမှုဖွင့်ခြင်း ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ထဲက မြန်မာနိုင်ငံမှာ ရုတ်တရက် ဖြစ်ပေါ် ခဲ့တဲ့ အခြေအတွေမှာ အမှန်တရားဘက်က ရပ်တည် ကြတဲ့ ပြည်သူတွေနဲ့ အတူ အနုပညာရှင် များစွာလည်း တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ကြပါတယ် ။ သူတို့ကိုယ်တိုင်လည်း လမ်းမပေါ်အထိ ထွက်ကာ လှုပ်ရှားမ ှုတွေမှာ ပါဝင်ခဲ့သလို တစ်ချို့ အနုပညာရှင်တွေဆို ရှေ့ဆုံးကနေတောင် မားမားမတ်မတ် ခုခံကာကွယ်ပေးခဲ့ကြတာပါ ။

ဒါ့အပြင် Follower တွေ များစွာ ပိုင်ဆိုင်ထားတဲ့ သူတို့ရဲ့ အကောင့်တွေကနေလည်း နိုင်ငံတကာ သတင်းမီဒီယာတွေ သတိထားမိလာအောင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှတွေကို speak out လုပ်ပေးခဲ့ကြပါတယ် ။ ဒီလိုတွေ အင်တိုက်အားတိုက် ပါဝင်ခဲ့တာကြောင့်လည်း (၅၀၅-က) နဲ့ တရားစွဲဆိုခံခဲ့ရပြီး လွတ်ေြ မာက်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ ။

ယနေ့ ဇွန်လ (၂၉ ) ရက် ည ၈ နာရီလောက် မှာတော့ ဒီလို (၅၀၅-က ) နဲ့ တရားစွဲဆို ခံထားရတဲ့ အနုပညာရှင်တွေ ထဲကမှ အချို့ အနုပညာရှင် (၂၄) ဦးကို ပြန်လည် ရုတ်သိမ်းပေးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ် ။ ပရိသတ်ကြီးလည်း သတင်းကောင်းလေး ကို ကြည့်ရှု နိုင်စေရန် ပြန်လည် ဝေမျှပေး လိုက်ပါတယ် ။

Credit – Cele Zone
Photo Credit – original uploader

About the author

Ms Cele

Leave a Comment