Celebrity

ယေန႕မွာလည္း အခက္အခဲျဖစ္ေနတဲ့ ေနရာေတြမွာ အဝတ္အထည္၊ ေစာင္၊ စားေသာက္စရာမ်ားနဲ႔ ေဆးဝါးမ်ားကို ထပ္မံလႉဒါန္းခဲ့ျပန္တဲ့ ေဆာင္းယြန္းစံ

Written by Ms Cele

ယေန႕မွာလည္း အခက္အခဲျဖစ္ေနတဲ့ ေနရာေတြမွာ အဝတ္အထည္၊ ေစာင္၊ စားေသာက္စရာမ်ားနဲ႔ ေဆးဝါးမ်ားကို ထပ္မံလႉဒါန္းခဲ့ျပန္တဲ့ ေဆာင္းယြန္းစံ

ေဆာင္းယြန္းစံ ကေတာ့ ပရိသတ္ေတြရဲ့ တစ္ခဲနက္ အားေပးခ်စ္ခင္မႈ ေတြနဲ႔အတူ အႏုပညာေလာကမွာ ေနရာတစ္ခု အခိုင္အမာ ရရွိထားကာ ေအာင္ျမင္မႈ ေတြနဲ႔ ေလၽွာက္လွမ္းေနသူပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းက ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြေၾကာင့္ အႏုပညာ လႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ျပည္သူေတြ နဲ႔အတူ ရပ္တည္ကာ ရရာေနရာကေန တစ္တပ္တစ္အား ပါဝင္အားျဖည့္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။

အခုလို အေျခအေနေတြေၾကာင့္ အေနအထိုင္ အစားအေသာက္ ခက္ခဲေနၾကတဲ့ ျပည္သူ အခ်ိဳ႕ကိုလည္း မိတ္ေဆြေတြနဲ႔ အတူစုေပါင္းၿပီး လိုအပ္တာေတြ မၾကာခဏ လႉဒါန္းေလ့ရွိပါတယ္။ ဒါ့အျပင္ သူကိုယ္တိုင္ ဒီဇိုင္းထြင္ထားတဲ့ အကၤ်ီေလးေတြကိုလည္း ေရာင္းခ်ကာ ရရွိတဲ့ ေရာင္းရေငြေတြနဲ႔လည္း အလႉအတန္းေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ အလႉအတန္းရက္ေရာ သူေလးမို႔ ပရိသတ္ေတြက ေလးစား ခ်စ္ခင္ေနရတာပါ ။

ယေန႔ ဇြန္လ (၆) ရက္ေန႔မွာလည္း လိုအပ္တဲ့ေနရာေတြ အတြက္ အဝတ္အထည္ ၊ ေစာင္ ၊ စားေသာက္စရာမ်ားနဲ႔ ေဆးဝါးမ်ားကို ထပ္မံ လႉဒါန္းျဖစ္ခဲ့ေၾကာင္း ေရးသားေဖာ္ျပလားပါတယ္။ ဒီလိုကာလမွာ လိုအပ္တဲ့ ေနရာေတြကို မၾကာခဏဆိုသလို အလႉေလးေတြ ျပဳလုပ္ေပးေနတာ တကယ္ မြန္ျမတ္ၿပီးေလးစားစရာေကာင္းပါတယ္ေနာ္။ ပရိသတ္ႀကီးအတြက္ ေဆာင္းယြန္းရဲ့ အလႉေလးကို ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Saung Yoon San

ယနေ့မှာလည်း အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ အဝတ်အထည်၊ စောင်၊ စားသောက်စရာများနဲ့ ဆေးဝါးများကို ထပ်မံလှူဒါန်းခဲ့ပြန်တဲ့ ဆောင်းယွန်းစံ

ဆောင်းယွန်းစံ ကတော့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးချစ်ခင်မှု တွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာ ရရှိထားကာ အောင်မြင်မှု တွေနဲ့ လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းက ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာ လှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ ရရာနေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူ အချို့ကိုလည်း မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး လိုအပ်တာတွေ မကြာခဏ လှူဒါန်းလေ့ရှိပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ အင်္ကျီလေးတွေကိုလည်း ရောင်းချကာ ရရှိတဲ့ ရောင်းရငွေတွေနဲ့လည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အလှူအတန်းရက်ရော သူလေးမို့ ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။

ယနေ့ ဇွန်လ (၆) ရက်နေ့မှာလည်း လိုအပ်တဲ့နေရာတွေ အတွက် အဝတ်အထည် ၊ စောင် ၊ စားသောက်စရာများနဲ့ ဆေးဝါးများကို ထပ်မံ လှူဒါန်းဖြစ်ခဲ့ကြောင်း ရေးသားဖော်ပြလားပါတယ်။ ဒီလိုကာလမှာ လိုအပ်တဲ့ နေရာတွေကို မကြာခဏဆိုသလို အလှူလေးတွေ ပြုလုပ်ပေးနေတာ တကယ် မွန်မြတ်ပြီးလေးစားစရာကောင်းပါတယ်နော်။ ပရိသတ်ကြီးအတွက် ဆောင်းယွန်းရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Saung Yoon San

About the author

Ms Cele

Leave a Comment