Celebrity

ယေန႕မွာေတာ့ ပုဒ္မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို႔နဲ႔ဖမ္းဝရမ္း ထုတ္ထားျခင္းကိုခံရၿပီျဖစ္တဲ့ အလွမယ္ဟန္ေလး

Written by Ms Cele

ယေန႕မွာေတာ့ ပုဒ္မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို႔နဲ႔ဖမ္းဝရမ္း ထုတ္ထားျခင္းကိုခံရၿပီျဖစ္တဲ့ အလွမယ္ဟန္ေလး

ပရိသတ္ႀကီးေရ Miss Grand Myanmar 2020 winnerဆုရွင္ အလွမယ္ ဟန္ေလးက လက္ရွိ ျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံက အ ေၾကာင္း အ ရာ ေတြ ကို ကမၻာတစ္ဝန္းက ၾကည့္ရႈသူ သန္းနဲ႔ခ်ီတဲ့ လူထုထံ ခ်ျပနိုင္ခဲ့သူ တစ္ေယာက္ပါ။ ကိုယ္က်ိဳးကို မငဲ့ပဲ ျမန္မာနိုင္ငံ အတြင္း ျဖစ္ ေပၚ ေနတာေတြကို အမ်ားသိဖို႔ အတြက္ Miss Grand International စင္ျမင့္ထက္မွာ ရဲဝံ့စြာ ေျပာျပခဲ့ သူတစ္ေယာက္ပါ။အခုလို သတင္းဌာနေတြ ပိတ္ထားတဲ့အခ်ိန္မွာလည္း ဟန္ေလးက နိုင္ငံတကာကိုေန႔စဥ္သတင္း မေရာက္နိုင္မွာ စိတ္ပူေနၾကတဲ့ ျပည္သူ ေတြ အ တြက္ ျမန္မာနိုင္ငံအတြင္း ေန႔စဥ္ျဖစ္ပ်က္ ေနတာေတြကို ထိုင္း Media ကေနတဆင့္ သိခြင့္ရေအာင္ ျပန္လည္ မၽွေဝသူပါ။

ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔တုန္းက ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္ ခဲ့တဲ့ အလွမယ္ ေရြးခ်ယ္ပြဲ ေနာက္ဆုံး ဖိုင္နယ္မွာ ဆန္ခါတင္ အ ေယာက္ ၂၀ စာရင္း အထိ ပါဝင္ခဲ့တဲ့ အလွမယ္ ဟန္ေလးဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာ သိမ္းမႈေနာက္ပိုင္း ဆႏၵျပပြဲ အေၿခ အေန ေတြကို ၿပိဳင္ပြဲ စင္ျမင့္ထက္မွာ ကမၻာသိေအာင္ ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ လူေျပာမ်ားလာခဲ့သူ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဟာ ျပည္သူေတြ အေပၚ အၾကမ္း+ဖက္မႈနဲ႔ အသုံးခ်ေန တာေတြကို ရပ္သင့္တယ္လို႔ အလွမယ္ ဟန္ေလးက ေျပာဆိုခဲ့ၿပီး၊ အဲဒီ ေျပာခဲ့တဲ့ စကားေတြေၾကာင့္ သူျမန္မာျပည္ကို ျပန္တဲ့ အခါ သူကိုယ္တိုင္နဲ႔ သူ႔ရဲ့ မိသားစု ျပစ္ဒဏ္ ေပးခဲ့ရနိုင္ေခ် ရွိေနတယ္ လို႔လည္း ဆိုၾက ပါတယ္။ယေန႔မွာေတာ့ Miss Grand International Myanmar ဟန္ေလး (ခ) ေသာ္နႏၵာေအာင္ ကို ပုဒ္မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို႔နဲ႔ဖမ္းဝရမ္း ထုတ္ ထားတယ္လို႔ သိရပါတယ္။ အလွမယ္ ဟန္ေလးကို ထိုင္းနိုင္ငံ ဘန္ေကာက္သို႔ Miss Grand Internationalၿပိဳင္ပြဲဝင္ရန္ ေစလႊတ္ေသာ သက္ ဆိုင္သူ ပတ္သက္သူ အားလုံးအား ထိေရာက္စြာ အေရးယူေဆာင္ရြက္မွာ ျဖစ္ၿပီး မိသားစုဝင္မ်ား ကိုလည္း ျပည္ပ ထြက္ခြာခြင့္မျပဳ ေတာ့ဘူးလို႔ သိရပါတယ္။

Source & Photo credit – Han Lay’s Facebook Account
Credit

ယနေ့မှာတော့ ပုဒ်မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို့နဲ့ဖမ်းဝရမ်း ထုတ်ထားခြင်းကိုခံရပြီဖြစ်တဲ့ အလှမယ်ဟန်လေး

ပရိသတ်ကြီးရေ Miss Grand Myanmar 2020 winnerဆုရှင် အလှမယ် ဟန်လေးက လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက အ ကြောင်း အ ရာ တွေ ကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူ သန်းနဲ့ချီတဲ့ လူထုထံ ချပြနိုင်ခဲ့သူ တစ်ယောက်ပါ။ ကိုယ်ကျိုးကို မငဲ့ပဲ မြန်မာနိုင်ငံ အတွင်း ဖြစ် ပေါ် နေတာတွေကို အများသိဖို့ အတွက် Miss Grand International စင်မြင့်ထက်မှာ ရဲဝံ့စွာ ပြောပြခဲ့ သူတစ်ယောက်ပါ။အခုလို သတင်းဌာနတွေ ပိတ်ထားတဲ့အချိန်မှာလည်း ဟန်လေးက နိုင်ငံတကာကိုနေ့စဉ်သတင်း မရောက်နိုင်မှာ စိတ်ပူနေကြတဲ့ ပြည်သူ တွေ အ တွက် မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပျက် နေတာတွေကို ထိုင်း Media ကနေတဆင့် သိခွင့်ရအောင် ပြန်လည် မျှဝေသူပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ် ခဲ့တဲ့ အလှမယ် ရွေးချယ်ပွဲ နောက်ဆုံး ဖိုင်နယ်မှာ ဆန်ခါတင် အ ယောက် ၂၀ စာရင်း အထိ ပါဝင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲ အခြေ အနေ တွေကို ပြိုင်ပွဲ စင်မြင့်ထက်မှာ ကမ္ဘာသိအောင် ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် လူပြောများလာခဲ့သူ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူတွေ အပေါ် အကြမ်း+ဖက်မှုနဲ့ အသုံးချနေ တာတွေကို ရပ်သင့်တယ်လို့ အလှမယ် ဟန်လေးက ပြောဆိုခဲ့ပြီး၊ အဲဒီ ပြောခဲ့တဲ့ စကားတွေကြောင့် သူမြန်မာပြည်ကို ပြန်တဲ့ အခါ သူကိုယ်တိုင်နဲ့ သူ့ရဲ့ မိသားစု ပြစ်ဒဏ် ပေးခဲ့ရနိုင်ချေ ရှိနေတယ် လို့လည်း ဆိုကြ ပါတယ်။ယနေ့မှာတော့ Miss Grand International Myanmar ဟန်လေး (ခ) သော်နန္ဒာအောင် ကို ပုဒ်မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို့နဲ့ဖမ်းဝရမ်း ထုတ် ထားတယ်လို့ သိရပါတယ်။ အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ Miss Grand Internationalပြိုင်ပွဲဝင်ရန် စေလွှတ်သော သက် ဆိုင်သူ ပတ်သက်သူ အားလုံးအား ထိရောက်စွာ အရေးယူဆောင်ရွက်မှာ ဖြစ်ပြီး မိသားစုဝင်များ ကိုလည်း ပြည်ပ ထွက်ခွာခွင့်မပြု တော့ဘူးလို့ သိရပါတယ်။

Source & Photo credit – Han Lay’s Facebook Account
Credit

About the author

Ms Cele

Leave a Comment