Celebrity


Written by Ms Cele






ယနေ့မှာ ဒုတိယမြောက် သမီးရတနာလေး ကို အောင်မြင်စွာ မွေးဖွားနိုင် ခဲ့တဲ့ အိအိတုန်

နိုင်ငံကျော် ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အိအိတုန် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား တွေမှာ ဇာတ်လမ်း ဇာတ်ရှိန်ကို မြင့်တက်စေအောင် ကူညီ ပံ့ပိုးပေးရတဲ့ သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိအိတုန် ကတော့ အိမ်ထောင်ကျပြီး ကလေးမေေ မဖြစ်သွား သည့်တိုင် အနုပညာအလုပ် တွေကို တစိုက်မတ်မတ် လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ ခံယူထားဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ အိအိတုန်ကို သာမကပဲ သူမရဲ့ မိသားစုလေးကိုပါ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင် ထားရပြီဖြစ်တဲ့ အိအိတုန်က ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းမှာတော့ သူမရဲ့ ဒုတိယမြောက် သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ အိအိတုန်ရဲ့ သမီးလေး ကတော့ ကျန်းကျန်းမာမာနဲ့ပဲ လူ့လောကကြီးထဲကို ရောက်ရှိလာခဲ့ပြီး အိအိတုန် ကလည်း အေးအေးဆေးဆေးနဲ့ နေကောင်း ကျန်းမာနေလျက် ရှိတာပဲ ဖြစ်ပါတယ်။

အိအိတုန် ကတော့ သမီးလေး တစ်ယောက်ကို ထပ်မံရရှိခဲ့ပြီဖြစ်ပြီး သမီးလေး ကလည်း အိအိတုန်နဲ့ တူပြီး အရမ်းချစ်စရာကောင်း တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိအိတုန်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment