Celebrity
Written by Ms Cele
Credit: Cele Zone
Photo – Hein Wai Yan
ယနေ့သင်္ကြန်အကြိုနေ့လေးမှာ မိသားစုနဲ့အတူ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ ဟိန်းဝေယံ
တည်ကြည် ခန့်ညားတဲ့ ပုံစံလေးတွေကြောင့် မိန်းကလေး ပရိသတ်တွေကြွေနေရသူ ကတော့ သရုပ်ဆောင် ဟိန်းဝေယံပါ။ သူဟာ ဗီဒီယိုနဲ့ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ဆယ်စုနှစ်တွေကျော်အောင် ရိုက်ကူးခဲ့တာပါ။ လတ်တလော မှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေ တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိနေဆဲပါနော် ။
ဟိန်းဝေယံက ယောကျ်ား ပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထား သလို ချိုသာပြေပြစ်တဲ့ စကားပြော ဟန်လေးတွေကလည်း ပရိသတ်တွေကို အချစ်တွေ ပိုစေခဲ့တာပါ ။ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်တဲ့ ဟိန်းဝေယံက ဇာတ်ကားတွေအပြင် ရုပ်သံဇာတ်လမ်းတွဲလေး တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
အလှူအတန်းတွေ ဆိုရင်လည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းလျက်ရှိရာ ဒီနေ့မှာ ကျရောက်တဲ့ သင်္ကြန် အကြိုနေ့လေးမှာလည်း မိသားစုနဲ့အတူ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်ကာ ကုသိုလ်ကောင်းမှုပြု ခဲ့ကြောင်း သူရဲ့အကောင့်လေးမှာ အလှူပုံလေး တွေနဲ့တကွ ” သြင်္ကန်အကြိုနေ့ နေ့ဆွမ်းအလှူ (၇)ရက် သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင် လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ.. ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ… “ဆိုတဲ့စာလေးကို ရေးသားဖော်ပြထားရာ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။
Credit: Cele Zone
Photo – Hein Wai Yan
About the author
Ms Cele
Leave a Comment