Celebrity

ယေန႕(၂၂၂၂၂) သပိတ္အတြက္ လမ္းေပၚထြက္လာတဲ့ မိဘျပည္သူေတြကို စားေသာက္စရာမ်ား ကိုယ္တိုင္လွဴဒါန္းခဲ့တဲ့ ေနျခည္ဦးရဲ႕ဗီဒီယို

Written by Ms Cele

ယေန႕(၂၂၂၂၂) သပိတ္အတြက္ လမ္းေပၚထြက္လာတဲ့ မိဘျပည္သူေတြကို စားေသာက္စရာမ်ား ကိုယ္တိုင္လွဴဒါန္းခဲ့တဲ့ ေနျခည္ဦးရဲ႕ဗီဒီယို

သရုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္သလို Social Influencer တစ္ေယာက္လည္းျဖစ္တဲ့ ေနျခည္ဦး ကေတာ့ လတ္တေလာမွာ ပရိသတ္ေတြရဲ့ ေဝဖန္မႈကို ရရိွေနတာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက စစ္မိသားစုကေန ေမြးဖြားလာခဲ့သူ တစ္ေယာက္ျဖစ္ တာေၾကာင့္ အခုလို နုိင္ငံေရး မတည္မျငိမ္ျဖစ္မႈမွာ ပရိသတ္ေတြက ေဝဖန္မႈေတြရိွသလို ေနျခည္ကိုယ္တိုင္ကလည္း သူမကို အားေပးတဲ့ ပရိသတ္ေတြ ေလ်ာ့နည္းသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနျခည္ဦးကေတာ့ အသက္ျပည့္ျပီးတဲ့ လူတစ္ေယာက္ အေနနဲ့ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ့ ရပ္တည္ျပီး ျပည္သူလူထုနဲ့ တသားတည္း ရိွေနေပးတာ ျဖစ္ပါတယ္။

ေနျခည္ဦးက မေန့က ေဖေဖာ္ဝါရီလ (၂၁) ရက္ေန့မွာ မႏၱေလးျမိဳ့ စိန္ပန္း ရပ္ကြက္က ျပည္သူေတြအတြက္ ျခံဳေစာင္ေတြလွဴဒါန္းေပး ခဲ့သလို ဒီကေန့ ေဖေဖာ္ဝါရီလ (၂၂) ရက္ေန့မွာလည္း (၂၂၂၂၂) သပိတ္ အတြက္ လမ္းေပၚထြက္ လာတဲ့ မိဘျပည္သူေတြကို စားေသာက္စရာမ်ား လွဴဒါန္းခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ ေနျခည္ဦးက “လွည္းတန္းက ျပည္သူေတြ အတြက္ၾကာဇံေၾကာ္ပြဲ (၄၀၀၀) ေက်ာ္ ဘဲသားမုန႔္ (၁၀၀၀) Royal D Hype ေရသန႔္ ဘူး (၅၀၀၀) ကို ဒီေန႔ သူငယ္ခ်င္းေတြ စုၿပီး လႉျဖစ္ၾကပါတယ္။ အားလုံးပဲ ဂ႐ုစိုက္ၾကပါ။ ေနျခည္တို႔ အားလုံးနဲ႔အတူတူရွိေနပါမယ္။” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာကေန ေျပာလာပါတယ္။

ေနျခည္ဦး ကေတာ့ လက္ရိွအခ်ိန္မွာ သူမရဲ့ မိဘအသိုင္းအဝုိင္းကို ေမ့ထားျပီး ျပည္သူလူထုနဲ့ တသားတည္း ရိွေနေပးမယ္လို့ ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Nay Chi Oo’s fb
Credit:Cele Connections

ယနေ့(၂၂၂၂၂) သပိတ်အတွက် လမ်းပေါ်ထွက်လာတဲ့ မိဘပြည်သူတွေကို စားသောက်စရာများ ကိုယ်တိုင်လှူဒါန်းခဲ့တဲ့ နေခြည်ဦးရဲ့ဗီဒီယို

သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သလို Social Influencer တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦး ကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက စစ်မိသားစုကနေ မွေးဖွားလာခဲ့သူ တစ်ယောက်ဖြစ် တာကြောင့် အခုလို နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုမှာ ပရိသတ်တွေက ဝေဖန်မှုတွေရှိသလို နေခြည်ကိုယ်တိုင်ကလည်း သူမကို အားပေးတဲ့ ပရိသတ်တွေ လျော့နည်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေခြည်ဦးကတော့ အသက်ပြည့်ပြီးတဲ့ လူတစ်ယောက် အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ တသားတည်း ရှိနေပေးတာ ဖြစ်ပါတယ်။

နေခြည်ဦးက မနေ့က ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ မန္တလေးမြို့ စိန်ပန်း ရပ်ကွက်က ပြည်သူတွေအတွက် ခြုံစောင်တွေလှူဒါန်းပေး ခဲ့သလို ဒီကနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာလည်း (၂၂၂၂၂) သပိတ် အတွက် လမ်းပေါ်ထွက် လာတဲ့ မိဘပြည်သူတွေကို စားသောက်စရာများ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ နေခြည်ဦးက “လှည်းတန်းက ပြည်သူတွေ အတွက်ကြာဇံကြော်ပွဲ (၄၀၀၀) ကျော် ဘဲသားမုန့် (၁၀၀၀) Royal D Hype ရေသန့် ဘူး (၅၀၀၀) ကို ဒီနေ့ သူငယ်ချင်းတွေ စုပြီး လှူဖြစ်ကြပါတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။ နေခြည်တို့ အားလုံးနဲ့အတူတူရှိနေပါမယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ပြောလာပါတယ်။

နေခြည်ဦး ကတော့ လက်ရှိအချိန်မှာ သူမရဲ့ မိဘအသိုင်းအဝိုင်းကို မေ့ထားပြီး ပြည်သူလူထုနဲ့ တသားတည်း ရှိနေပေးမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Nay Chi Oo’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment