Celebrity

ရခိုင္ျပည္နယ္ ဘိုးဘြားရိပ္သာက ဘိုးဘြား (၄၁)ဦးအားေန႔လည္စာ တစ္နပ္နဲ႔ အလႉေငြမ်ား လႉဒါန္းခဲ့တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

ရခိုင္ျပည္နယ္ ဘိုးဘြားရိပ္သာက ဘိုးဘြား (၄၁)ဦးအားေန႔လည္စာ တစ္နပ္နဲ႔ အလႉေငြမ်ား လႉဒါန္းခဲ့တဲ့ ခိုင္ႏွင္းေ၀

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ အားလုံးက ခ်စ္စနိုးနဲ႔ ပရဟိတ မင္းသမီးႀကီးလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ အလႉအတန္းေတြကို အားႀကိဳးမာန္တတ္လုပ္ေဆာင္ ေနသူတစ္ေယာက္ပါ။ ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ” ကိုလည္း ဦးစီးတည္ေထာင္ထားကာ မိဘမဲ့ကေလးေတြကို မိခင္ရင္းစဖြယ္ အစစအရာရာ ေကၽြးေမြးျပဳစုေစာင့္ေရွာက္ေပး ေနတာလည္းျဖစ္ပါတယ္။

ခုလိုကာလမွာလည္း ခိုင္ႏွင္းေဝကေန႔စဥ္ ရက္ဆက္ မေမာနိုင္ မပန္းနိုင္ေအာင္ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ ေနရာေတြကို အခက္အခဲေတြ ၾကားကေန သြားေရာက္ကာ လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းေပးေနတာလည္း ေတြ႕ရပါတယ္။ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ေလးစားအားက်ေနၾကတာပါ။

အခုလည္း ရခိုင္ျပည္နယ္ ဘိုးဘြားရိပ္သာက ဘိုးဘြား (၄၁)ဦးအားေန႔လည္စာ တစ္နပ္နဲ႔ အလႉေငြမ်ား လႉဒါန္းျဖစ္ခဲ့ေၾကာင္း ပုံေလးေတြနဲ႔တကြ ခုလိုေရးသားေဖာ္ျပလာတာျဖစ္ပါတယ္။ “ရခိုင္ျပည္နယ္ဘက္ ဘိုးဘြားရိပ္သာ တစ္ခုမွ ဘိုးဘြား (၄၁)ဦး အတြက္ တစ္ဦးလၽွင္ အလႉေငြ ငါးေထာင္က်ပ္ႏွင့္ ေန႔လည္စာ တစ္နပ္တို႔အား ေကၽြးေမြးကုသိုလ္ယူ ခဲ့ပါတယ္ရွင္…က်မနဲ႔ အတူ ခုႏွစ္ရက္ သားသမီးမ်ား အားလုံး သာဓုေခၚဆို ထပ္တူ ကုသိုလ္ယူနိုင္ၾကပါေစရွင္..။ပရိသတ္ႀကီးလည္း ခိုင္ႏွင္းေဝရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာက ဘိုးဘွား (၄၁)ဦးအားနေ့လည်စာ တစ်နပ်နဲ့ အလှူငွေများ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတ မင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ်လုပ်ဆောင် နေသူတစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင်ထားကာ မိဘမဲ့ကလေးတွေကို မိခင်ရင်းစဖွယ် အစစအရာရာ ကျွေးမွေးပြုစုစောင့်ရှောက်ပေး နေတာလည်းဖြစ်ပါတယ်။

ခုလိုကာလမှာလည်း ခိုင်နှင်းဝေကနေ့စဉ် ရက်ဆက် မမောနိုင် မပန်းနိုင်အောင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို အခက်အခဲတွေ ကြားကနေ သွားရောက်ကာ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းပေးနေတာလည်း တွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။

အခုလည်း ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာက ဘိုးဘွား (၄၁)ဦးအားနေ့လည်စာ တစ်နပ်နဲ့ အလှူငွေများ လှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့တကွ ခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။ “ရခိုင်ပြည်နယ်ဘက် ဘိုးဘွားရိပ်သာ တစ်ခုမှ ဘိုးဘွား (၄၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေ ငါးထောင်ကျပ်နှင့် နေ့လည်စာ တစ်နပ်တို့အား ကျွေးမွေးကုသိုလ်ယူ ခဲ့ပါတယ်ရှင်…ကျမနဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ထပ်တူ ကုသိုလ်ယူနိုင်ကြပါစေရှင်..။ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment