Celebrity


Written by Ms Cele





Source:Chit Thu Wai’fb

ရင်ထဲစို့လွန်းပြီး မျက်ရည်တောင် မကျနိုင်ဘူးလို့ဆိုလိုက်တဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ ချစ်သုဝေကတော့ သူမရဲ့ရင်တွင်းခံစားချက်တွေကို ယခုလိုထုတ်ဖော်ပြောကြားလိုက်ပါတယ်နော်။ ချစ်သုဝေက”ရင်ထဲကိုစို့နေတာပဲ..အမှောင်ကျတော့မယ့် တိုင်းပြည်အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နေကြတဲ့ လူငယ်တွေ….
ဘယ်အချိန် ဘယ်နေရာက လာမယ်မှန်းမသိတဲ့ ကျည်ဆံတွေကိုတောင်မကြောက် စည်းလုံးပြီးလမ်းပေါ်ထွက်လာကြရှာရတာ😢

ကျွန်မတို့ အားကိုး ရမယ့် မောင်ငယ် ညီမငယ်လေးတွေ…စည်းကမ်းလည်းရှိ စည်းလည်း စည်းလုံးကြတယ်
ဒီတော့….ပြည်သူ့ဝန်ထမ်းများ အနေနဲ့ CDM မှာပါဝင်ပေးပြီး ရုံးမသွားကြဖို ့အင်မတန်မှ အရေးကြီးပါတယ် …

ရုံးမသွားပဲ အိမ်ထဲမှာ နေပေးရင်ကို လမ်းမပေါ်ထွက်နေရတဲ့ ပညာတတ် လူငယ်လေးတွေ ကို အပြန်အလှန် အားပေးရာရောက်တကို မမေ့လိုက်ပါနဲ့…..အားလုံးကို လုံခြုံနေစေချင်မိတာတော့အမှန်ပဲ..အထိရောက်ဆုံး ဖိအား ကို ထိရောက်စွာ ဝိုင်းဝန်းနိုင်ရင် ပညာသားပါပါ နိုင်ငံကို ကယ်တင်ရာရောက်မှာပါ🙏🙏🙏ရင်ထဲစို့လွန်းပြီး မျက်ရည်တောင် မကျနိုင်တာကြီးကွာ…လုပ်ရက်လိုက်ကြတာ..”လို့ သူ့ရဲ့လူမှုကွန်ယက်မှာတင်ပြထားပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Source:Chit Thu Wai’fb

About the author

Ms Cele

Leave a Comment