Local News

ရင္ထဲ ကို ထိရွ သြားေစ တဲ့ အသက္ ၇၀ ေက်ာ္ ကူးစက္ ခံ အဖိုး နဲ႔ အဖြား အေၾကာင္း (မ်က္ရည္က် မိပါတယ္)

Written by Ms Cele

ရင္ထဲ ကို ထိရွ သြားေစ တဲ့ အသက္ ၇၀ ေက်ာ္ ကူးစက္ ခံ အဖိုး နဲ႔ အဖြား အေၾကာင္း (မ်က္ရည္က် မိပါတယ္)

စင္တာ တစ္ခုလုံး ၿငိမ္သက္ၿပီး က်စ္ရစ္ခဲ့တယ္။ အခုအခ်ိန္ အထိ မနားရေသးတာက ေဗာ္လန္တီယာေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြပဲ။ မ်က္ႏွာေတြ လည္း မေကာင္းၾကဘူး က်ဴဝင္သူရာနဲ႔ ခ်ီၿပီး Positive ေတြ႕လို႔ စိတ္ထဲမေကာင္းဘူးလို႔ေျပာတယ္ ။

ဒီညေတာ့သန႔္ရွင္းေရး လုပ္ၿပီးရင္ မနက္ျဖန္ညေနအထိသူတို႔ေတြ ခဏေလးနားပါမယ္ ။ နားေနတဲ့အထိ ေနာက္ဝင္မဲ့သူ ေတြကလည္း တန္းစီၿပီးေစာင့္ေနတယ္ ။ ေဆး႐ုံႀကီးကလည္းဖုန္းေတြ ဝင္ေနတယ္ ေနာက္လာမဲ့လူေတြေဆး႐ုံႀကီးမွာ‌ထား ဖို႔ေနရာအခက္အခဲရွိတဲ့အေၾကာင္းေပါ့ ။

ဒီကာလဟာ အားလုံး ႀကိဳၿပီးမသိ၊မျမင္နိုင္တဲ့အခ်ိန္ ရထားႀကီးေပၚမွာ ကိုဗစ္က က်ေနာ္တို႔အားလုံးကို တင္ၿပီး ေရွ႕ကိုေမာင္းႏွင္ေနတယ္။

ဒီေန႔အတြက္ရင္ထဲ အေတာ္ထိရွတဲ့ က်ဴဝင္သူအဖိုးနဲ႔အဖြား အေၾကာင္းေျပာျပခ်င္တယ္ ။ အဖိုးနဲ႔အဖြားက အသက္ရ၀ေက်ာ္ၿပီ ျဖစ္တဲ့ ငယ္လင္ငယ္ မယားေတြပါ ။ ဇနီးေမာင္ႏွံ ႏွစ္ေယာက္လုံး အနံ့မရေတာ့ လို႔ ဒီကိုေရာက္ လာတာ။ အဖြားကေတာ့ က်န္းမာေရးေကာင္းပါရဲ့ ။ အဖိုးကေတာ့ မ်က္စိႏွစ္ကြင္းလုံး အလင္းမရေတာ့သလို လမ္းလည္းေကာင္းေကာင္း မေလၽွာက္နိုင္ပါဘူး။

က်ဴဝင္သူေတြကို က်ား၊မ ခြဲၿပီး ထားရေပမဲ့ အဖြားနဲ႔အဖိုးကိုေတာ့ တစ္ခန္းတည္းပဲ ထားေပးပါတယ္။ အဖိုးရဲ့ စားတာေသာက္တာ အိမ္သာသြားတာက အစ အဖြားရဲ့ အကူအညီ မပါလို႔ မရသလို အဖြားကလည္း တစ္ျခားသူလက္နဲ႔ သူ႔လင္သားကိုျပဳစုတာ
ကိုစိတၼခ္ဘူး ။

မ်ကိႏွစ္ကြင္း အလင္းမရတဲ့ အဖိုးဟာ အဖြားကို အေတာ္ႀကီး အားကိုးယုံၾကည္ပုံရပါတယ္ ။ကေလး တစ္ေယာက္က မိခင္ကိုတြယ္တာၿပီး အားကိုး တဲ့ ပုံမ်ိဳးနဲ႔ ေျပာေန ဆိုေနတာေတြကိုေတြ႕ရတတ္ပါ တယ္ ။ ၾကင္ၾကင္နာနာ ယုယုယယရွိလြန္းတဲ့ သူတို႔ လင္းမယားၾကား က်ေနာ္တို႔ မသိမျမင္နိုင္တဲ့ ေကာင္းတူ ဆိုးဘက္ ေန႔ေတြ ပ်ိဳႏုစဥ္အရြယ္တုန္းက ဘယ္ေလာက္မ်ားမ်ား ရွိခဲ့ၿပီးၿပီလဲ ။

အဖိုးေရာ အဖြားေရႏွစ္ေယာက္လုံး အေျဖက Positive ပါ ။ ကံေကာင္းလိုက္တာလို႔ က်ေနာ့စိတ္ထဲေတြးမိတယ္ ။ အဖြားတစ္ေယာက္ တည္း Negative ထြက္တယ္ဆို က်ေနာ္တို႔ေတြ အဖိုးကိုဘယ္လိုမ်ိဳးေျပာရပါ့ ။ အဖိုးတစ္ေယာက္တည္း Positive ထြက္တယ္ဆို အဖြားကိုနားခ်ၿပီး ျပန္ပို႔ဖို႔ က်ေနာ္တို႔ေတြ ဘယ္လိုေတြလုပ္ရပါ့ ။

အခုေတာ့ႏွစ္ေယာက္လုံး Positive ထြက္လို႔ေနရာ ေျပာင္းရ ပါေတာ့မယ္။ ကိုရိုနာဗိုင္းရပ္ က ဘာျဖစ္တယ္ ၊ ဘယ္လို ေၾကာက္စရာ ေကာင္းတယ္ ဆိုတာေတြ အဖိုးေရာ ၊အဖြားေရာ ဘယ္သိမွာလဲ ။သူတို႔ေတြဆီမွာ ဒီပိုးေတြ႕တယ္ဆိုတာထက္ ေနရာခြဲၿပီး ေနရမွာလားဆိုတဲ့ ေမးခြန္းတစ္ခုတည္းပဲ အဖြားက ေမးေနေတာ့တာပါပဲ ။

က်ေနာ္တို႔ ဘယ္လို ေျဖရပါ့ ။ အသက္အရြယ္လည္း ႀကီးၿပီ ၊ ေရာဂါအခံေတြ လည္းရွိၿပီ ႏွစ္ေယာက္ လုံးမွာလည္း Positive အေျဖဆိုတာ ကေသခ်ာၿပီ ။ ကားေပၚမတက္ခင္ အဖိုးကခဏေလးနားအုံးမယ္ ေျပာၿပီး အနားက ခုတင္ေလးေပၚ ေခြေခြေလးခဏ
အိပ္ေနတယ္ ။

ေက်ာင္းတုန္းကဖတ္ခဲ့ ဘူးတဲ့ ဘာသာျပန္ဝတၳဴေလးတစ္ပုဒ္စိတ္ထဲ ဝင္လာတယ္ ။ ဝတၳဳေလးနာမည္က ႏႈတ္ဆက္အနမ္းတဲ့ ။ ေရာဂါ သည္အဖိုးကို ျပဳစုေနရတဲ့ အဖြားႀကီးလင္မယား အေၾကာင္းပါ ။

ေရာဂါသည္အဖိုးက အိပ္ယာဝင္ခ်ိန္ဆို အဖြားကို နမ္းၿပီးမွအိပ္ယာဝင္ေလ့ရွိတယ္ ။ ငယ္ရည္းစား ဘဝ ၊ေနာက္ေတာ့ အိမ္ေထာင္ရွင္ ဘဝေရာက္တဲ့အထိ အျမဲတမ္း နမ္းေလ့ရွိတဲ့ ျပဳျမဲအေလ့အက်င္ တစ္ခုေပါ့ ။

ေနာက္ဆုံးနာမက်န္းျဖစ္လို႔ အိပ္ယာအေပၚလဲေနတဲ့အထိ ။ဒီလိုနဲ႔ ညေလးတစ္ညမွာ အဖိုးဟာေရာဂါ သည္းလာၿပီး အဖြားကိုတစ္ေယာက္တည္းထား သြားခဲ့တယ္ ။ အဖြားကသတိရတိုင္းေျပာေလ့ရွိတဲ့ အဖိုးနမ္းသြား တဲ့ ႏႈတ္ဆက္အနမ္းအေၾကာင္းေပါ့ ။

ဒီညအတြက္ေတာ့ ဒါပါပဲဗ်ာ ။ အဖြားနဲ႔အဖိုး အတြက္ ဆုေတာင္းပါတယ္ ။ က်ေနာ္တို႔ေတြ မသိ၊မျမင္နိုင္တဲ့ ခ်စ္ျခင္းေမတၱာေတြ ၊ သစၥာတရား ေတြကို တိုင္တည္ရင္း ဒီည အတြက္ေတာ့ ဒါပါပဲဗ်ာ …။

Ko Zay Ko Ko

ရင်ထဲ ကို ထိရှ သွားစေ တဲ့ အသက် ၇၀ ကျော် ကူးစက် ခံ အဖိုး နဲ့ အဖွား အကြောင်း (မျက်ရည်ကျ မိပါတယ်)

စင်တာ တစ်ခုလုံး ငြိမ်သက်ပြီး ကျစ်ရစ်ခဲ့တယ်။ အခုအချိန် အထိ မနားရသေးတာက ဗော်လန်တီယာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေပဲ။ မျက်နှာတွေ လည်း မကောင်းကြဘူး ကျူဝင်သူရာနဲ့ ချီပြီး Positive တွေ့လို့ စိတ်ထဲမကောင်းဘူးလို့ပြောတယ် ။

ဒီညတော့သန့်ရှင်းရေး လုပ်ပြီးရင် မနက်ဖြန်ညနေအထိသူတို့တွေ ခဏလေးနားပါမယ် ။ နားနေတဲ့အထိ နောက်ဝင်မဲ့သူ တွေကလည်း တန်းစီပြီးစောင့်နေတယ် ။ ဆေးရုံကြီးကလည်းဖုန်းတွေ ဝင်နေတယ် နောက်လာမဲ့လူတွေဆေးရုံကြီးမှာ‌ထား ဖို့နေရာအခက်အခဲရှိတဲ့အကြောင်းပေါ့ ။

ဒီကာလဟာ အားလုံး ကြိုပြီးမသိ၊မမြင်နိုင်တဲ့အချိန် ရထားကြီးပေါ်မှာ ကိုဗစ်က ကျနော်တို့အားလုံးကို တင်ပြီး ရှေ့ကိုမောင်းနှင်နေတယ်။

ဒီနေ့အတွက်ရင်ထဲ အတော်ထိရှတဲ့ ကျူဝင်သူအဖိုးနဲ့အဖွား အကြောင်းပြောပြချင်တယ် ။ အဖိုးနဲ့အဖွားက အသက်ရဝကျော်ပြီ ဖြစ်တဲ့ ငယ်လင်ငယ် မယားတွေပါ ။ ဇနီးမောင်နှံ နှစ်ယောက်လုံး အနံ့မရတော့ လို့ ဒီကိုရောက် လာတာ။ အဖွားကတော့ ကျန်းမာရေးကောင်းပါရဲ့ ။ အဖိုးကတော့ မျက်စိနှစ်ကွင်းလုံး အလင်းမရတော့သလို လမ်းလည်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။

ကျူဝင်သူတွေကို ကျား၊မ ခွဲပြီး ထားရပေမဲ့ အဖွားနဲ့အဖိုးကိုတော့ တစ်ခန်းတည်းပဲ ထားပေးပါတယ်။ အဖိုးရဲ့ စားတာသောက်တာ အိမ်သာသွားတာက အစ အဖွားရဲ့ အကူအညီ မပါလို့ မရသလို အဖွားကလည်း တစ်ခြားသူလက်နဲ့ သူ့လင်သားကိုပြုစုတာ
ကိုစိတ္မခ်ဘူး ။

မျကိနှစ်ကွင်း အလင်းမရတဲ့ အဖိုးဟာ အဖွားကို အတော်ကြီး အားကိုးယုံကြည်ပုံရပါတယ် ။ကလေး တစ်ယောက်က မိခင်ကိုတွယ်တာပြီး အားကိုး တဲ့ ပုံမျိုးနဲ့ ပြောနေ ဆိုနေတာတွေကိုတွေ့ရတတ်ပါ တယ် ။ ကြင်ကြင်နာနာ ယုယုယယရှိလွန်းတဲ့ သူတို့ လင်းမယားကြား ကျနော်တို့ မသိမမြင်နိုင်တဲ့ ကောင်းတူ ဆိုးဘက် နေ့တွေ ပျိုနုစဉ်အရွယ်တုန်းက ဘယ်လောက်များများ ရှိခဲ့ပြီးပြီလဲ ။

အဖိုးရော အဖွားရေနှစ်ယောက်လုံး အဖြေက Positive ပါ ။ ကံကောင်းလိုက်တာလို့ ကျနော့စိတ်ထဲတွေးမိတယ် ။ အဖွားတစ်ယောက် တည်း Negative ထွက်တယ်ဆို ကျနော်တို့တွေ အဖိုးကိုဘယ်လိုမျိုးပြောရပါ့ ။ အဖိုးတစ်ယောက်တည်း Positive ထွက်တယ်ဆို အဖွားကိုနားချပြီး ပြန်ပို့ဖို့ ကျနော်တို့တွေ ဘယ်လိုတွေလုပ်ရပါ့ ။

အခုတော့နှစ်ယောက်လုံး Positive ထွက်လို့နေရာ ပြောင်းရ ပါတော့မယ်။ ကိုရိုနာဗိုင်းရပ် က ဘာဖြစ်တယ် ၊ ဘယ်လို ကြောက်စရာ ကောင်းတယ် ဆိုတာတွေ အဖိုးရော ၊အဖွားရော ဘယ်သိမှာလဲ ။သူတို့တွေဆီမှာ ဒီပိုးတွေ့တယ်ဆိုတာထက် နေရာခွဲပြီး နေရမှာလားဆိုတဲ့ မေးခွန်းတစ်ခုတည်းပဲ အဖွားက မေးနေတော့တာပါပဲ ။

ကျနော်တို့ ဘယ်လို ဖြေရပါ့ ။ အသက်အရွယ်လည်း ကြီးပြီ ၊ ရောဂါအခံတွေ လည်းရှိပြီ နှစ်ယောက် လုံးမှာလည်း Positive အဖြေဆိုတာ ကသေချာပြီ ။ ကားပေါ်မတက်ခင် အဖိုးကခဏလေးနားအုံးမယ် ပြောပြီး အနားက ခုတင်လေးပေါ် ခွေခွေလေးခဏ
အိပ်နေတယ် ။

ကျောင်းတုန်းကဖတ်ခဲ့ ဘူးတဲ့ ဘာသာပြန်ဝတ္ထူလေးတစ်ပုဒ်စိတ်ထဲ ဝင်လာတယ် ။ ဝတ္ထုလေးနာမည်က နှုတ်ဆက်အနမ်းတဲ့ ။ ရောဂါ သည်အဖိုးကို ပြုစုနေရတဲ့ အဖွားကြီးလင်မယား အကြောင်းပါ ။

ရောဂါသည်အဖိုးက အိပ်ယာဝင်ချိန်ဆို အဖွားကို နမ်းပြီးမှအိပ်ယာဝင်လေ့ရှိတယ် ။ ငယ်ရည်းစား ဘဝ ၊နောက်တော့ အိမ်ထောင်ရှင် ဘဝရောက်တဲ့အထိ အမြဲတမ်း နမ်းလေ့ရှိတဲ့ ပြုမြဲအလေ့အကျင် တစ်ခုပေါ့ ။

နောက်ဆုံးနာမကျန်းဖြစ်လို့ အိပ်ယာအပေါ်လဲနေတဲ့အထိ ။ဒီလိုနဲ့ ညလေးတစ်ညမှာ အဖိုးဟာရောဂါ သည်းလာပြီး အဖွားကိုတစ်ယောက်တည်းထား သွားခဲ့တယ် ။ အဖွားကသတိရတိုင်းပြောလေ့ရှိတဲ့ အဖိုးနမ်းသွား တဲ့ နှုတ်ဆက်အနမ်းအကြောင်းပေါ့ ။

ဒီညအတွက်တော့ ဒါပါပဲဗျာ ။ အဖွားနဲ့အဖိုး အတွက် ဆုတောင်းပါတယ် ။ ကျနော်တို့တွေ မသိ၊မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ ၊ သစ္စာတရား တွေကို တိုင်တည်ရင်း ဒီည အတွက်တော့ ဒါပါပဲဗျာ …။

Ko Zay Ko Ko

About the author

Ms Cele

Leave a Comment