Celebrity


Written by Ms Cele





Credit:Cele Zone

ရင်နင့်အောင် ချစ်ခဲ့ ရသူရဲ့ နှိမ့်ချ ဆက်ဆံခံ ရမှုကြောင့် အပြင်းအထန် ကြိုးစားရင်း ပိုင်ဆိုင်မှုတွေ ပိုမိုများပြား လာခဲ့တဲ့ ဇာဇာထက်

တစ်ခါတလေမှာ ဘဝဟာထင်မှတ် မထားတာတွေကို လက်ဆောင် ပေးတတ်လွန်းတာကြောင့် လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထား သင့်ပါတယ်။ ဇာဇာထက် ကတော့ ကြမ်းလွန်းတဲ့ ဘဝရိုက်ချက် တွေကြားမှာ လဲကျမသွားအောင် တွန်းကန်ရင်း ကိုယ်ပိုင်ဘဝကို တဖြည်းဖြည်းနဲ့ တည်ဆောက် လာခဲ့ရင်းမှ လက်ရှိမှာတော့ သူမဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး သမ္မာအာဇီဝအလုပ်နဲ့ အောင်မြင်နေခဲ့ပါပြီ။

Sexy Model တစ်ယောက်ဖြစ်နေတဲ့ အချက်ပေါ်မှာ ဖိနင်းပြီးချိုးနှိမ်ကြ သူတွေကြောင့် မခံချင်စိတ်နဲ့ အပြည့်အဝကြိုးစားရင်း သူမရဲ့ ကိုယ်ပိုင်အိမ်လေးကို အကောင်းဆုံးမွန်းမံနိုင်ခဲ့ပါ တယ်။ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကိုယ်လျှောက်ရမယ့် လမ်းကိုသာ ဂရုတစိုက်နဲ့ လျှောက်သင့်ကြောင်းကို ဇာဇာထက်က သက်သေပြသွား လိုက်သလိုပါပဲ။

လက်ရှိ မှာတော့ အဆင်ပြေသာယာနေပြီဖြစ်တဲ့ သူမရဲ့ပုံရိပ်တွေကို ” နင်ထားသွားလို့ ငါပိုကြိုးစားဖြစ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် နင်ဆဲ ခဲ့ဖူးတဲ့ မိန်းမကြီးက အခုတော့ နင့်အနားက မိန်းမလှတွေထက် အရည်အချင်းရှိတဲ့ မိန်းမ တစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့လို့ နင်နဲ့နင့်အနားက အမျိုးသမီး တွေကို ကျေးဇူးတင်နေပါတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment