Celebrity

ရင္ဘက္က်ည္ထိမွန္တဲ့ အန္တီႀကီးဆီ လိုအပ္တာမ်ားသြားေရာက္လွဴဒါန္းခဲ့တဲ့ မီးႏို

Written by Ms Cele

ရင္ဘက္က်ည္ထိမွန္တဲ့ အန္တီႀကီးဆီ လိုအပ္တာမ်ားသြားေရာက္လွဴဒါန္းခဲ့တဲ့ မီးႏို

အဆိုေတာ္မီးနို ကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူပရိသတ္ေတြ နဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ရရာေနရာကေန တတ္နိုင္သေလာက္ ပါဝင္အားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ မီးနိုကလည္း အလႉေလးေတြနဲ႔ တစ္တပ္တစ္အားပါဝင္ေနတာပါ။

အခုလို အေျခအေနေတြ မတည္ၿငိမ္ေနေသးခ်ိန္မွာ အခက္အခဲေတြနဲ႔ မျပည့္မစုံရင္ဆိုင္ေနရရွာတဲ့ ျပည္သူမ်ားထံကို မိတ္ေဆြေတြနဲ႔စုေပါင္းကာ အစားအေသာက္ မ်ားလည္း လႉဒါန္းခဲ့ပါေသးတယ္။အခုလည္း ရင္ဘက္က်ည္ထိမွန္ကာ ဒဏ္ရာရရွိထားတဲ့ အန္တီဆီကို ကိုယ္တိုင္သြားေရာက္ကာ အလႉရွင္ေတြနဲ႔စုေပါင္းၿပီး အလႉေငြမ်ားနဲ႔ လိုအပ္တဲ့အစားအေသာက္မ်ား သြားေရာက္လႉဒါန္းခဲ့ျပန္ပါတယ္။

အလႉေလးနဲ႔ ပတ္သက္ ၿပီးလည္း ” မီးနို အရမ္းသြား ထပ္လႉခ်င္ေနတဲ့ ရင္ဘက္က်ည္ထိမွန္ အန္တီဆီ သြားေရာက္ လႉတန္းၿပီးပါၿပီ..အန္တီက လွဲအိပ္လို႔မရေတာ့ အန္တီအတြက္ လိုအပ္တဲ့ Dream bed, ေမြ႕ယာ ,ေခါင္းအုံး, ပန္ကာ, ေငြသား ၁သိန္း ၈ေသာင္း နဲ႔ အေျခခံစားေသာက္ကုန္ေတြကို သြားေရာက္ၿပီး ထပ္လႉခဲ့ပါတယ္..မီးနိုကို ယုံၾကည္ၿပီး အလႉေငြေတြထည့္ေပးၾကလို႔လဲ အရမ္းကိုေက်းဇူးတင္ပါတယ္..အန္တီက အပတ္စဥ္ ေဆးကုသစရိတ္ေတြ ကုန္က်ေနတာမို႔ ကိုယ္တိုင္ကိုယ္က်သြားေရာက္ လႉတန္းခ်င္တဲ့သူေတြရွိရင္လဲ မီးနိုကို လိပ္စာလာေတာင္းလို႔ရပါတယ္..”ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Mee No

ရင်ဘက်ကျည်ထိမှန်တဲ့ အန်တီကြီးဆီ လိုအပ်တာများသွားရောက်လှူဒါန်းခဲ့တဲ့ မီးနို

အဆိုတော်မီးနို ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူပရိသတ်တွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေး တိုက်ပွဲကြီးမှာ ရရာနေရာကနေ တတ်နိုင်သလောက် ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ မီးနိုကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ။

အခုလို အခြေအနေတွေ မတည်ငြိမ်နေသေးချိန်မှာ အခက်အခဲတွေနဲ့ မပြည့်မစုံရင်ဆိုင်နေရရှာတဲ့ ပြည်သူများထံကို မိတ်ဆွေတွေနဲ့စုပေါင်းကာ အစားအသောက် များလည်း လှူဒါန်းခဲ့ပါသေးတယ်။အခုလည်း ရင်ဘက်ကျည်ထိမှန်ကာ ဒဏ်ရာရရှိထားတဲ့ အန်တီဆီကို ကိုယ်တိုင်သွားရောက်ကာ အလှူရှင်တွေနဲ့စုပေါင်းပြီး အလှူငွေများနဲ့ လိုအပ်တဲ့အစားအသောက်များ သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်။

အလှူလေးနဲ့ ပတ်သက် ပြီးလည်း ” မီးနို အရမ်းသွား ထပ်လှူချင်နေတဲ့ ရင်ဘက်ကျည်ထိမှန် အန်တီဆီ သွားရောက် လှူတန်းပြီးပါပြီ..အန်တီက လှဲအိပ်လို့မရတော့ အန်တီအတွက် လိုအပ်တဲ့ Dream bed, မွေ့ယာ ,ခေါင်းအုံး, ပန်ကာ, ငွေသား ၁သိန်း ၈သောင်း နဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက်ပြီး ထပ်လှူခဲ့ပါတယ်..မီးနိုကို ယုံကြည်ပြီး အလှူငွေတွေထည့်ပေးကြလို့လဲ အရမ်းကိုကျေးဇူးတင်ပါတယ်..အန်တီက အပတ်စဉ် ဆေးကုသစရိတ်တွေ ကုန်ကျနေတာမို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူတန်းချင်တဲ့သူတွေရှိရင်လဲ မီးနိုကို လိပ်စာလာတောင်းလို့ရပါတယ်..”ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Mee No

About the author

Ms Cele

Leave a Comment