Celebrity


Written by Ms Cele






ရည်းစားဟောင်း အကြောင်းတွေကို သူမရဲ့ ပုံတွေအောက်မှာ လာမန့်တဲ့ သူတွေကို ပြန်လည်တုံ့ပြန် လိုက်တဲ့ နန်းဆုရတီစိုး

နိုင်ငံကျော် အနုပညာရှင် များဖြစ်ကြတဲ့ အဆိုတော် G Fatt နဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့ ကတော့ တစ်ချိန်က ပရိသတ်တွေ အားကျရတဲ့ ချစ်သူစုံတွဲ လေးဖြစ်ခဲ့ပေမယ့် အခုဆိုရင် နှစ်ဦးသဘောတူ လမ်းခွဲပြတ်ဆဲ ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ တွဲနေစဉ် ကာလတုန်းကလည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို အပြည့်အဝ ခံခဲ့ရတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့က လမ်းခွဲပြတ်ဆဲပြီး ခဲ့ပေမယ့်လည်း ပရိသတ်တွေက ဒီနေ့ ဒီအချိန်ထိ သူတို့နှစ်ဦးကို တွဲမြင်နေကြပြီး စနောက်နေကြဆဲ ဖြစ်ပါတယ်။ G Fatt နဲ့ နန်းဆုရတီစိုး ကလည်း မပတ်သတ်တော့တဲ့ သူစိမ်းတွေဖြစ်ကြ ပေမယ့် ပရိသတ်တွေရဲ့ စနောက်မှုတွေကို ဘယ်တော့မှ စိတ်မဆိုးကြသူတွေ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မှာလည်း နန်းဆုရတီစိုးက သူမရဲ့ဓာတ်ပုံတွေ အောက်မှာ G Fatt အကြောင်းလာမန့်တဲ့ ပရိသတ်တွေကို ချစ်စဖွယ် ပြန်လည်တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေ ကတော့ “G Fatt ကိုချစ်တယ်.. ဟဲ့ G Fatt လုပ်ပါဦး” ဆိုပြီး လာမန့်ကြပေမယ့် နန်းဆုရတီစိုးက စိတ်မဆိုးပဲ “ဘယ်သူ့ကို တနေတာတုန်းဟ.. သူများ Post အောက်လာပြီး” ဆိုပြီးသာ ချစ်စဖွယ်လေး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

နန်းဆုရတီစိုးကတော့ သူမရဲ့ ပရိသတ်တွေ အပေါ် စိတ်မဆိုးတဲ့အပြင် အေးအေး ဆေးဆေးလေးသာ တုံ့ပြန်ခဲ့တာ တကယ့်ကို ပြည်သူချစ် အနုပညာရှင်ကောင်းတစ်ယောက်ပီသပါပေမယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment