Celebrity


Written by Ms Cele





Credit:Cele Zone

ရန်ကုန်သားလေးကျွန်တော် သီချင်းနဲ့ နှစ်သစ်ရဲ့ အစမှာ ဆုကြီး တစ်ခုကို ရရှိခဲ့လို့ ကြည်နူး ပျော်ရွှင်နေတဲ့ Project K

ဆယ်ကျော်သက် မိန်းမလှလေး တွေရဲ့ အသည်းစွဲ အားပေး ချစ်ခင်မှုကို ရရှိထားတဲ့ သူတွေကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့ပဲဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အသိအမှတ် ဂုဏ်ပြုထားတဲ့ Dancer Group ဆိုလည်းမမှားပါဘူး ။

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက် တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေး တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့လေးက ပြည့်ပ နိုင်ငံတွေ မှာတောင် မြန်မာကိုယ်စားပြု အနေနဲ့ သွားရောက် ဖျော်ဖြေပေးခဲ့ ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ အခုလည်း ၂၀၂၁ ရဲ့နှစ်သစ် အစလေးမှာပဲ Padamyar FM ကချီးမြှင့်တဲ့ ဆုပေးပွဲမှာ ရန်ကုန်သားလေး ကျွန်တော် သီချင်းနဲ့ Song Of The Year ဆုလေးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာကြောင့်အတိုင်း မသိပျော်ရွှင်နေကြောင်းနဲ့ သူတို့ကို အခိုင်အမာအားပေးခဲ့တဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးအထူးတင် ရှိကြောင်း ပုံလေးတွေနဲ့တကွ ရေးသားကာ ဝေမျှထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင် စေရန် ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone

About the author

Ms Cele

Leave a Comment