Local News

ရန္ကုန္ တြင္ အလုပ္လာ လုပ္သူမ်ား အနက္ ေနရပ္ျပန္လိုသူ မ်ားကို ျပန္နိုင္ရန္ စီစဥ္ ေပးမည္

Written by Ms Cele

ရန္ကုန္ တြင္ အလုပ္လာ လုပ္သူမ်ား အနက္ ေနရပ္ျပန္လိုသူ မ်ားကို ျပန္နိုင္ရန္ စီစဥ္ ေပးမည္

ရန္ကုန္၊ ေအာက္တိုဘာ ၁၀

ရန္ကုန္တိုင္း ေဒသႀကီးတြင္ Stay at Home ကာလတိုးျမႇင့္လိုက္သည့္ အတြက္ေၾကာင့္ ေဒသအသီးသီးမွ လာေရာက္ အလုပ္လုပ္ကိုင္ၾကသူမ်ား အနက္ အခက္အခဲျဖစ္ေပၚေနသူ မ်ားကို ေနရပ္သို႔ ျပန္နိုင္ရန္ စီစဥ္ေပး မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ သတင္းမ်ားအရ သိရပါတယ္။

ရန္ကုန္တိုင္း ေဒသႀကီးမွ ေနရပ္ျပန္လိုသူမ်ားအတြက္ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕မ်ားႏွင့္ ညႇိႏွိုင္းေဆာင္ရြက္ ေနကာ လတ္တေလာေနရပ္ျပန္လိုသူမ်ား စာရင္းကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားေၾကာင္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ရခိုင္ျပည္နယ္မွအေျခခ်ေနထိုင္သူႏွင့္လာေရာက္ အလုပ္လုပ္ကိုင္သူအမ်ားဆုံးျဖစ္ၿပီး စက္႐ုံ၊ အလုပ္႐ုံႏွင့္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားမွ တစ္ဆင့္ ေနရပ္ျပန္လိုေၾကာင္း တင္ျပလာ သူဦးေရ ၃၀၀၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။

ရန်ကုန် တွင် အလုပ်လာ လုပ်သူများ အနက် နေရပ်ပြန်လိုသူ များကို ပြန်နိုင်ရန် စီစဉ် ပေးမည်

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်း ဒေသကြီးတွင် Stay at Home ကာလတိုးမြှင့်လိုက်သည့် အတွက်ကြောင့် ဒေသအသီးသီးမှ လာရောက် အလုပ်လုပ်ကိုင်ကြသူများ အနက် အခက်အခဲဖြစ်ပေါ်နေသူ များကို နေရပ်သို့ ပြန်နိုင်ရန် စီစဉ်ပေး မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ သတင်းများအရ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးမှ နေရပ်ပြန်လိုသူများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် နေကာ လတ်တလောနေရပ်ပြန်လိုသူများ စာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်ပြည်နယ်မှအခြေချနေထိုင်သူနှင့်လာရောက် အလုပ်လုပ်ကိုင်သူအများဆုံးဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တစ်ဆင့် နေရပ်ပြန်လိုကြောင်း တင်ပြလာ သူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

About the author

Ms Cele

Leave a Comment