Celebrity

ရန္ကုန္ ေလဆိပ္ မွာ ဆႏၵျပခံ ရတဲ့ Project K ဘက္ က ရပ္တည္ လိုက္တဲ့ ေမာင္ေမာင္ ေအး

Written by Ms Cele

ရန္ကုန္ ေလဆိပ္ မွာ ဆႏၵျပခံ ရတဲ့ Project K ဘက္ က ရပ္တည္ လိုက္တဲ့ ေမာင္ေမာင္ ေအး

Asia Song Festival 2020 မွာ ပါဝင္ေဖ်ာ္ေျဖခဲ့ၿပီး ေအာက္တိုဘာ ၁၃ရက္ေန႔က ျပန္လည္ေရာက္ရွိခဲ့တဲ့ Project K အဖြဲ႕ကို ေလဆိပ္နားမွာ ဆႏၵလာျပခဲ့ၾကပါတယ္။ Project K အဖြဲ႕ ဟာ ေဖ်ာ္ေျဖစဥ္မွာ ေရႊတိဂုံေစတီ ပုံရိပ္ကို နင္းခဲ့တဲ့အတြက္ေၾကာင့္ မေက်နပ္ၾကတဲ့အတြက္ အခုလို ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ ဒီလိုဆႏၵျပမႈေတြနဲ႔ ပတ္သက္ၿပီး ေမာင္ေမာင္ေအးက Project K ဘက္က ရပ္တည္ၿပီး အခုလိုေရးသားခဲ့ပါတယ္။

ဘုရားသူခိုး ေထာင္ထြက္ ေၾကးစား လူသတ္ေကာင္ ကိုက်ေတာ့ လြတ္ေျမာက္ပါ ေစေၾကာင္း ဘုရားမွာ ဆုေတာင္း ေပးရတာနဲ႔….ကယ္တင္ရွင္သူရဲေကာင္းအျဖစ္ ငါတို႔သည္ၾကည္လင္းမ်ားသာ ဆိုတဲ့ပရိုဖိုင္းေတြခ်ိန္းၾကရတာနဲ႔….သူ႔ပုံပါတဲ့အကၤ်ီေတာင္ရိုက္ၿပီး ဝတ္လိုက္ၾကေသးတာေနာ္။

ဘုရားေပါင္းမ်ားစြာကို လက္ခ်ိဳးပူေဇာ္ထားခဲ့ၾက ေတာ့လည္း သားတို႔ သမီးတို႔ အဲ့ေန႔က ေက်ာင္းမတက္တဲ့ ႐ုပ္ေတြနဲ႔။ ေရႊဝါေရာင္အေရးအခင္းမွာ ဘုန္းႀကီးေက်ာင္းေတြထဲ အထိဝင္ၿပီး နံပါတ္တုတ္ဆြမ္းကပ္ခဲ့ၾကတာတို႔… လယ္တီသိမ္ ဘူဒိုဇာနဲ႔ အၿဖိဳခံရတာတို႔… လက္ပန္းေတာင္း ေတာင္ မွာ မီးေလာင္ဗုံးေၾကာင့္ ဆရာေတာ္ေတြ တကိုယ္လုံး မီးသင့္ခဲ့ရတာေတြက အေမရိကားမွာပဲ ျဖစ္ခဲ့လို႔ ကိုယ္နဲ႔မဆိုင္သလိုလို။

အခု Project K အဖြဲ႕ရဲ့ ရည္ရြယ္ခ်က္လုံးဝမရွိခဲ့ေသာ …ဘယ္လိုနည္းနဲ႔မွ ဒါမ်ိဳးနင္းျပၾကမယ္ေဟ့ ဆိုၿပီး ႀကံစည္ရဲၾကမွာမဟုတ္ဆိုတာ အသက္ေၾကးေတာင္ေလာင္းရဲသလို ပိုက္ဆံေတြေတာင္းသေလာက္ပုံေပးမယ္ .. အခုလို ဘုရားပုံထိုးၿပီးနင္းျပၾကလို႔ ခိုင္းရင္ေတာင္ က်ိန္းေသ ျငင္းၾကမဲ့ကေလးေတြ …. သူတို႔တေယာက္ခ်င္းစီရဲ့ လိမၼာယဥ္ေက်းတဲ့ ေနထိုင္ေျပာဆိုဆက္ဆံမႈေတြ…. သူတို႔တေယာက္ခ်င္းစီရဲ့ FB account ေတြမွာ ဘာသာေရးေစာ္ကားဖို႔မေျပာနဲ႔…hate speech ေတြေတာင္ မရွိခဲ့တာေတြက သူတို႔ရဲ့ရပ္တည္မႈေတြကို ေဖာ္ျပေနခဲ့တာ။

တဖြဲ႕လုံးလည္း ေသေသ ခ်ာခ်ာ တိုင္းသိျပည္သိ ေတာင္းပန္ၿပီးသြားၿပီ။
သူတို႔ကိုယ္တိုင္ စင္ေပၚမွာ ဘယ္လိုမွ မသိနိုင္ လိုက္တဲ့ အမွားတခု… ( သင္ခန္းစာယူ စရာဆိုလို႔ ေနာက္ဆို full rehearsal လုပ္ၿပီးတာနဲ႔ မန္ေနဂ်ာက ေနၿပီး ေဖ်ာ္ေျဖမႈ အစအဆုံးကို Video ျပန္ၾကည့္ရင္း အေသးစိတ္ ေထာင့္ေပါင္းစုံ ကေန final ျပန္စစ္ေဆး ရမယ္။ ၿပီးရင္ တကယ့္ပြဲမွာ အဲ့အတိုင္းပဲ ေနာက္ခံျပသမႈ – မီး – အသံ အကုန္ ျဖစ္ရမယ္ ဆိုတဲ့ သတိကပ္ေနေပးနိုင္တဲ့ သူကို ေခၚသြားရမဲ့ သင္ခန္းစာ ) ဒါကို ေသခ်ာရွင္းၿပ ေတာင္းပန္ေနခဲ့ တာေတာင္ အခဲမေက်နိုင္ဘဲ မန႔္ေတြမွာ မေအ ႏွမေတြမႊန္ထူ ေနေအာင္ဆဲၿပီး သတ္ပစ္ဖို႔ေတြပါ ႀကိမ္းေမာင္းၾကတဲ့ ကီးဘုတ္ဖိုက္တာေတြ… သူ႔အသက္ကိုရန္ရွာတာေတာင္ခြင့္လႊတ္ေပးေတာ္မူတဲ့ ဗုဒၶရဲ့ တရားေတာ္ကို လက္ကိုင္ထားၾကသူေတြဆိုၿပီး ေလဆိပ္မွာ အဖြဲ႕ရဲ့ စာလုံးေပါင္းေတာင္မွန္ေအာင္ မေပါင္းနိုင္ရွာဘဲ ဆန႔္က်င္ၾက .. ကန႔္ကြက္ၾက.. တိုင္းျပည္ကေတာင္ႏွင္ထုတ္ခ်င္ၾကသတဲ့။

ခြင့္လႊတ္တတ္ၾကပုံမ်ား…ပုံေတြၾကည့္ၿပီး မ်က္လုံးအဝိုင္းသားျဖစ္ရတယ္။ သည္းခံျခင္း နားလည္ ခြင့္လႊတ္ျခင္း နဲ႔ ႏူးညံ့ၾကင္နာသနား တတ္ျခင္းဆိုတဲ့ အရာေတြဟာ သင္ယူ က်င့္ႀကံ ပြားမ်ားစရာ မဟုတ္ဘူးလား… ဆိုတာ အဲ့လို အပူေဒါသေတြအုံႂကြတဲ့အခါေတြမွာ ပါပါလာ တတ္တဲ့ ဘုရားသားေတာ္ေတြကိုလည္း ေသခ်ာေမးၾကည့္ခ်င္ ေတာ့တယ္။

အေမွာင္တကာ့ အေမွာင္ဆုံးထဲမွာ ဉာဏ္ပညာ နဲ႔ ခ်စ္ျခင္းတရား အေမွာင္ဖုံးခံရမွာ အေၾကာက္ဆုံးမို႔လို႔ အေမွာင္ထဲက သူေတြလာဆဲၾကမွာ သိသိႀကီးနဲ႔ ဒီပို႔စ္ကိုေရးပါတယ္။ ဟိုလူဖ်က္မွာ စိုးလို႔ ဒီလူ လာဖ်က္မွာေၾကာက္လို႔ ဆိုတဲ့သူေတြအေနနဲ႔ ဘယ္သူမွ လာဖ်က္လို႔မရနိုင္တဲ့ ကိုယ့္ႏွလုံးသား ထဲမွာ ဘုရားတည္နိုင္ၾကသူေတြ ျဖစ္ၾကပါေစသား။

ရန်ကုန် လေဆိပ် မှာ ဆန္ဒပြခံ ရတဲ့ Project K ဘက် က ရပ်တည် လိုက်တဲ့ မောင်မောင် အေး

Asia Song Festival 2020 မှာ ပါဝင်ဖျော်ဖြေခဲ့ပြီး အောက်တိုဘာ ၁၃ရက်နေ့က ပြန်လည်ရောက်ရှိခဲ့တဲ့ Project K အဖွဲ့ကို လေဆိပ်နားမှာ ဆန္ဒလာပြခဲ့ကြပါတယ်။ Project K အဖွဲ့ ဟာ ဖျော်ဖြေစဉ်မှာ ရွှေတိဂုံစေတီ ပုံရိပ်ကို နင်းခဲ့တဲ့အတွက်ကြောင့် မကျေနပ်ကြတဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး မောင်မောင်အေးက Project K ဘက်က ရပ်တည်ပြီး အခုလိုရေးသားခဲ့ပါတယ်။

ဘုရားသူခိုး ထောင်ထွက် ကြေးစား လူသတ်ကောင် ကိုကျတော့ လွတ်မြောက်ပါ စေကြောင်း ဘုရားမှာ ဆုတောင်း ပေးရတာနဲ့….ကယ်တင်ရှင်သူရဲကောင်းအဖြစ် ငါတို့သည်ကြည်လင်းများသာ ဆိုတဲ့ပရိုဖိုင်းတွေချိန်းကြရတာနဲ့….သူ့ပုံပါတဲ့အင်္ကျီတောင်ရိုက်ပြီး ဝတ်လိုက်ကြသေးတာနော်။

ဘုရားပေါင်းများစွာကို လက်ချိုးပူဇော်ထားခဲ့ကြ တော့လည်း သားတို့ သမီးတို့ အဲ့နေ့က ကျောင်းမတက်တဲ့ ရုပ်တွေနဲ့။ ရွှေဝါရောင်အရေးအခင်းမှာ ဘုန်းကြီးကျောင်းတွေထဲ အထိဝင်ပြီး နံပါတ်တုတ်ဆွမ်းကပ်ခဲ့ကြတာတို့… လယ်တီသိမ် ဘူဒိုဇာနဲ့ အဖြိုခံရတာတို့… လက်ပန်းတောင်း တောင် မှာ မီးလောင်ဗုံးကြောင့် ဆရာတော်တွေ တကိုယ်လုံး မီးသင့်ခဲ့ရတာတွေက အမေရိကားမှာပဲ ဖြစ်ခဲ့လို့ ကိုယ်နဲ့မဆိုင်သလိုလို။

အခု Project K အဖွဲ့ရဲ့ ရည်ရွယ်ချက်လုံးဝမရှိခဲ့သော …ဘယ်လိုနည်းနဲ့မှ ဒါမျိုးနင်းပြကြမယ်ဟေ့ ဆိုပြီး ကြံစည်ရဲကြမှာမဟုတ်ဆိုတာ အသက်ကြေးတောင်လောင်းရဲသလို ပိုက်ဆံတွေတောင်းသလောက်ပုံပေးမယ် .. အခုလို ဘုရားပုံထိုးပြီးနင်းပြကြလို့ ခိုင်းရင်တောင် ကျိန်းသေ ငြင်းကြမဲ့ကလေးတွေ …. သူတို့တယောက်ချင်းစီရဲ့ လိမ္မာယဉ်ကျေးတဲ့ နေထိုင်ပြောဆိုဆက်ဆံမှုတွေ…. သူတို့တယောက်ချင်းစီရဲ့ FB account တွေမှာ ဘာသာရေးစော်ကားဖို့မပြောနဲ့…hate speech တွေတောင် မရှိခဲ့တာတွေက သူတို့ရဲ့ရပ်တည်မှုတွေကို ဖော်ပြနေခဲ့တာ။

တဖွဲ့လုံးလည်း သေသေ ချာချာ တိုင်းသိပြည်သိ တောင်းပန်ပြီးသွားပြီ။
သူတို့ကိုယ်တိုင် စင်ပေါ်မှာ ဘယ်လိုမှ မသိနိုင် လိုက်တဲ့ အမှားတခု… ( သင်ခန်းစာယူ စရာဆိုလို့ နောက်ဆို full rehearsal လုပ်ပြီးတာနဲ့ မန်နေဂျာက နေပြီး ဖျော်ဖြေမှု အစအဆုံးကို Video ပြန်ကြည့်ရင်း အသေးစိတ် ထောင့်ပေါင်းစုံ ကနေ final ပြန်စစ်ဆေး ရမယ်။ ပြီးရင် တကယ့်ပွဲမှာ အဲ့အတိုင်းပဲ နောက်ခံပြသမှု – မီး – အသံ အကုန် ဖြစ်ရမယ် ဆိုတဲ့ သတိကပ်နေပေးနိုင်တဲ့ သူကို ခေါ်သွားရမဲ့ သင်ခန်းစာ ) ဒါကို သေချာရှင်းပြ တောင်းပန်နေခဲ့ တာတောင် အခဲမကျေနိုင်ဘဲ မန့်တွေမှာ မအေ နှမတွေမွှန်ထူ နေအောင်ဆဲပြီး သတ်ပစ်ဖို့တွေပါ ကြိမ်းမောင်းကြတဲ့ ကီးဘုတ်ဖိုက်တာတွေ… သူ့အသက်ကိုရန်ရှာတာတောင်ခွင့်လွှတ်ပေးတော်မူတဲ့ ဗုဒ္ဓရဲ့ တရားတော်ကို လက်ကိုင်ထားကြသူတွေဆိုပြီး လေဆိပ်မှာ အဖွဲ့ရဲ့ စာလုံးပေါင်းတောင်မှန်အောင် မပေါင်းနိုင်ရှာဘဲ ဆန့်ကျင်ကြ .. ကန့်ကွက်ကြ.. တိုင်းပြည်ကတောင်နှင်ထုတ်ချင်ကြသတဲ့။

ခွင့်လွှတ်တတ်ကြပုံများ…ပုံတွေကြည့်ပြီး မျက်လုံးအဝိုင်းသားဖြစ်ရတယ်။ သည်းခံခြင်း နားလည် ခွင့်လွှတ်ခြင်း နဲ့ နူးညံ့ကြင်နာသနား တတ်ခြင်းဆိုတဲ့ အရာတွေဟာ သင်ယူ ကျင့်ကြံ ပွားများစရာ မဟုတ်ဘူးလား… ဆိုတာ အဲ့လို အပူဒေါသတွေအုံကြွတဲ့အခါတွေမှာ ပါပါလာ တတ်တဲ့ ဘုရားသားတော်တွေကိုလည်း သေချာမေးကြည့်ချင် တော့တယ်။

အမှောင်တကာ့ အမှောင်ဆုံးထဲမှာ ဉာဏ်ပညာ နဲ့ ချစ်ခြင်းတရား အမှောင်ဖုံးခံရမှာ အကြောက်ဆုံးမို့လို့ အမှောင်ထဲက သူတွေလာဆဲကြမှာ သိသိကြီးနဲ့ ဒီပို့စ်ကိုရေးပါတယ်။ ဟိုလူဖျက်မှာ စိုးလို့ ဒီလူ လာဖျက်မှာကြောက်လို့ ဆိုတဲ့သူတွေအနေနဲ့ ဘယ်သူမှ လာဖျက်လို့မရနိုင်တဲ့ ကိုယ့်နှလုံးသား ထဲမှာ ဘုရားတည်နိုင်ကြသူတွေ ဖြစ်ကြပါစေသား။

About the author

Ms Cele

Leave a Comment