Celebrity

ေဖ့ဘြတ္ေပၚမွာ သာယာေနတဲ့ အတြဲေတြနဲ႕ပတ္သက္ၿပီး သူမရဲ႕အျမင္ကို ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြ

Written by Ms Cele

ေဖ့ဘြတ္ေပၚမွာ သာယာေနတဲ့ အတြဲေတြနဲ႕ပတ္သက္ၿပီး သူမရဲ႕အျမင္ကို ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြ

နိုင္ငံေက်ာ္ အနုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ ေအသင္ခ်ိဳေဆြကေတာ့ အဆိုေတာ္ တစ္ေယာက္အျဖစ္သာမက သရုပ္ေဆာင္တစ္ေယာက္ အျဖစ္ပါ ေအာင္ျမင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြက လက္ရိွမွာေတာ့ သမီးေလး Ivy ကို ျပဳစုပ်ိဳးေထာင္ေနရင္း အနုပညာ လုပ္ငန္းေတြကို လုပ္ကိုင္ေနသလို သူမရဲ့ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကိုလည္း အခ်ိန္ေပးလုပ္ကိုင္ ေနတာကို ေတြ့ရပါတယ္။ အသက္အရြယ္ တစ္ခုရလာတာနဲ့အမွ် အခ်စ္ေရးနဲ့ ပက္သတ္ျပီး အရင္ကထက္ စဥ္းစားခ်င့္ခ်ိန္တတ္ေနျပီျဖစ္တဲ့ ေအသင္ခ်ိဳေဆြက ဒီကေန့မွာလည္း လူမႈကြန္ယက္ေပၚမွာ သာယာေနတဲ့ ခ်စ္သူသမီး ရည္းစားေတြကို အျမင္နဲ့ၾကည့္ျပီး အားမက်သင့္ေၾကာင္း ေျပာျပလာတာကို အခုလိုပဲ ေတြ့ရပါတယ္။

“Fb ေပၚ သာယာေနတဲ့ RS ေတြ ၾကည့္ၿပီး အရမ္းအားက်မေနပါနဲ႔ ။ သူတို႔လည္း ဘာမဟုတ္တာေလးေတြနဲ႔ ရန္ျဖစ္စကားမ်ားၾကတာပဲ။ ဒါေပမဲ့ သူတို႔က ၂ကိုယ္ၾကားပဲ ျဖစ္တာ ။ FB ေပၚမွာလူသိရွင္ၾကားမျဖစ္ၾကဘူး။ ဒါကရင့္က်က္မႈကိုျပတာ။ တစ္ယာက္နဲ႔တစ္ေယာက္ တကယ္ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ မတူညီတဲ့ အက်င့္စ႐ိုက္နဲ႔ အယူအဆေတြေၾကာင့္ ရန္ျဖစ္ စကားမ်ားမယ္။ ညႇိႏႈိင္းရမယ္။ ေျဖးေျဖးခ်င္းတည္ေဆာက္ရမယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းလာေလ ရန္ပိုျဖစ္ေလပဲ။ ဒါကို အေကာင္းဘက္ကျမင္ၿပီး ျပင္တတ္ဖို႔လိုတယ္။”

“(သူဒီလိုမႀကိဳက္ဘူး အိုေခ ဒါကိုငါေနာက္ မလုပ္မိေအာင္ေရွာင္ရမယ္ ) ဒါမ်ိဳးေပါ့။ အဓိကက သစၥာရွိရွိနဲ႔ နားလည္မႈေတြရွိေနဖို႔ပဲ။ အေကာင္းျမင္ တတ္ရမယ္။ သူရဲ႕ အရွိအတိုင္းကို လက္ခံေပးႏိုင္ရမယ္။ ေလးနက္တဲ့ စကားေတြ ခဏ ခဏ ေျပာရမယ္။ နားေထာင္ေပးရမယ္။ ႏွစ္သိမ့္အားေပး ရမယ္။ သစၥာရွိရမယ္။ ယုံၾကည္မႈေတြတည္ေဆာက္ရမယ္။ တစ္ေယာက္ကိုတေယာက္ အတၱမပါတဲ့ ခ်စ္ျခင္းေတြက ခ်စ္သူ၂ေယာက္စလုံးကို ပိုလို႔ေအးခ်မ္းေစပါတယ္။ စာႂကြင္း (သူနဲ႔ ညက ရန္ျဖစ္တယ္၊ ဒီမနက္ ၉နာရီေလာက္မွာ ျပန္တည့္သြားတယ္) 😆😆 #ခ်စ္မႈေရးရာ #RSေရးရာအျဖာျဖာ 😆” ဆိုျပီး သူမသိထားသမွ်ကို တစ္ခုမက်န္ေျပာလာပါတယ္။

ေအသင္ခ်ိဳေဆြကေတာ့ သူမ ကိုယ္တိုင္လည္း အခ်စ္ေရးတစ္ခုကို လက္ရိွမွာ တည္ေဆာက္ ထားသူမို့ သာယာတဲ့ အခ်စ္ေရးတစ္ခုကို နားလည္မႈေတြနဲ့ ေရွ့ဆက္ေနတာပဲ ျဖစ္ပါတယ္။ ခ်စ္သူသမီးရည္းစားေတြ အတြက္ ေအသင္ခ်ိဳေဆြေျပာတာေလးေတြက တကယ္ကိုမွန္တဲ့ စကားေလးေတြပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဖေ့ဘွတ်ပေါ်မှာ သာယာနေတဲ့ အတွဲတွေနဲ့ပတ်သက်ပြီး သူမရဲ့အမြင်ကို ပြောပြလာတဲ့ အေသင်ချိုဆွေ

နိုင်ငံကျော် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ အဆိုတော် တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက် အဖြစ်ပါ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အေသင်ချိုဆွေက လက်ရှိမှာတော့ သမီးလေး Ivy ကို ပြုစုပျိုးထောင်နေရင်း အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေသလို သူမရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း အချိန်ပေးလုပ်ကိုင် နေတာကို တွေ့ရပါတယ်။ အသက်အရွယ် တစ်ခုရလာတာနဲ့အမျှ အချစ်ရေးနဲ့ ပက်သတ်ပြီး အရင်ကထက် စဉ်းစားချင့်ချိန်တတ်နေပြီဖြစ်တဲ့ အေသင်ချိုဆွေက ဒီကနေ့မှာလည်း လူမှုကွန်ယက်ပေါ်မှာ သာယာနေတဲ့ ချစ်သူသမီး ရည်းစားတွေကို အမြင်နဲ့ကြည့်ပြီး အားမကျသင့်ကြောင်း ပြောပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။

“Fb ပေါ် သာယာနေတဲ့ RS တွေ ကြည့်ပြီး အရမ်းအားကျမနေပါနဲ့ ။ သူတို့လည်း ဘာမဟုတ်တာလေးတွေနဲ့ ရန်ဖြစ်စကားများကြတာပဲ။ ဒါပေမဲ့ သူတို့က ၂ကိုယ်ကြားပဲ ဖြစ်တာ ။ FB ပေါ်မှာလူသိရှင်ကြားမဖြစ်ကြဘူး။ ဒါကရင့်ကျက်မှုကိုပြတာ။ တစ်ယာက်နဲ့တစ်ယောက် တကယ်ဘယ်လောက်ပဲ ချစ်ချစ် မတူညီတဲ့ အကျင့်စရိုက်နဲ့ အယူအဆတွေကြောင့် ရန်ဖြစ် စကားများမယ်။ ညှိနှိုင်းရမယ်။ ဖြေးဖြေးချင်းတည်ဆောက်ရမယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းလာလေ ရန်ပိုဖြစ်လေပဲ။ ဒါကို အကောင်းဘက်ကမြင်ပြီး ပြင်တတ်ဖို့လိုတယ်။”

“(သူဒီလိုမကြိုက်ဘူး အိုခေ ဒါကိုငါနောက် မလုပ်မိအောင်ရှောင်ရမယ် ) ဒါမျိုးပေါ့။ အဓိကက သစ္စာရှိရှိနဲ့ နားလည်မှုတွေရှိနေဖို့ပဲ။ အကောင်းမြင် တတ်ရမယ်။ သူရဲ့ အရှိအတိုင်းကို လက်ခံပေးနိုင်ရမယ်။ လေးနက်တဲ့ စကားတွေ ခဏ ခဏ ပြောရမယ်။ နားထောင်ပေးရမယ်။ နှစ်သိမ့်အားပေး ရမယ်။ သစ္စာရှိရမယ်။ ယုံကြည်မှုတွေတည်ဆောက်ရမယ်။ တစ်ယောက်ကိုတယောက် အတ္တမပါတဲ့ ချစ်ခြင်းတွေက ချစ်သူ၂ယောက်စလုံးကို ပိုလို့အေးချမ်းစေပါတယ်။ စာကြွင်း (သူနဲ့ ညက ရန်ဖြစ်တယ်၊ ဒီမနက် ၉နာရီလောက်မှာ ပြန်တည့်သွားတယ်) 😆😆 #ချစ်မှုရေးရာ #RSရေးရာအဖြာဖြာ 😆” ဆိုပြီး သူမသိထားသမျှကို တစ်ခုမကျန်ပြောလာပါတယ်။

အေသင်ချိုဆွေကတော့ သူမ ကိုယ်တိုင်လည်း အချစ်ရေးတစ်ခုကို လက်ရှိမှာ တည်ဆောက် ထားသူမို့ သာယာတဲ့ အချစ်ရေးတစ်ခုကို နားလည်မှုတွေနဲ့ ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ ချစ်သူသမီးရည်းစားတွေ အတွက် အေသင်ချိုဆွေပြောတာလေးတွေက တကယ်ကိုမှန်တဲ့ စကားလေးတွေပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment