Celebrity

ရဟန္းဝတ္ၿပီး ကြၽန္းဦး ပရိယတၱိ စာသင္တိုက္မွာ (၁၀) ရက္အၾကာ တရားအားထုတ္ ခဲ့တယ္လို႔ ဆိုလာတဲ့ မေနာ

Written by Ms Cele

ရဟန္းဝတ္ၿပီး ကြၽန္းဦး ပရိယတၱိ စာသင္တိုက္မွာ (၁၀) ရက္အၾကာ တရားအားထုတ္ ခဲ့တယ္လို႔ ဆိုလာတဲ့ မေနာ

အဆိုေတာ္ မေနာကေတာ့ အလုပ္ေတြအားတဲ့ အခ်ိန္မွာ ဘာသာေရး အက်ိဳးျပဳေဆာင္႐ြက္ရင္း ျဖတ္သန္း ေနတာကို ေတြ႕ရပါတယ္။ မေနာဟာ စစ္ကိုင္းတိုင္း ေဒသႀကီး ေရဦးၿမိဳ႕နယ္ ဇီးကန္ေက်း႐ြာမွာ သာသနာျပဳခဲ့ တာကို ေတြ႕ရပါတယ္။ သူဟာ ကြၽန္းဦး ပရိယတၱိ စာသင္တိုက္မွာ (၁၀) ရက္အၾကာ တရားအားထုတ္ ခဲ့တယ္လို႔ဆိုပါတယ္။

” မဂၤလာပါ (၇)ရက္ သားသမီးအားလုံး ခ်မ္းသာ၊ ကိုယ္စိတ္ၿမဲ ပါေစေန႔စဥ္ ဆုမြန္ေကာင္းေတာင္းၿပီး ေမတၱာပို႔ေပးပါတယ္ ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ ဇီးကန္ေက်း႐ြာ၊ ကြၽန္းဦး ပရိယတၱိ စာသင္တိုက္မွာ (၁၀) ရက္တာ ရဟန္းဝတ္ ခဲ့ပါတယ္။ တစ္ေန႔ကုန္ျပန္ ငါ့႐ုပ္နာမ္ ေသရန္ တစ္ေန႔နီးခဲ့ၿပီ” ဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ႏိုဝင္ဘာလ (၂၅)ရက္ေန႔ ညေနပိုင္းက အမွတ္တရ ဓာတ္ပုံေလးေတြ တင္ရင္း ပရိသတ္ကို အသိေပးလိုက္တာပါ။

မေနာ ကိုေတာ့ ပရိသတ္ေတြက ‘’မိေခ်ာေရ’’၊ ‘’ဗိုလ္ေအာင္ဒင္’’ သီခ်င္းေတြကေနတဆင့္ ပရိသတ္စတင္ သိရွိခဲ့တာပါ။ ဒီသီခ်င္းေတြကလည္း ကေလးတိုင္း သာမက၊ လူႀကီး၊ လူငယ္ေတြရဲ႕ ပါးစပ္ဖ်ားမွာပါ ေရပန္းစားခဲ့တဲ့ သီခ်င္းပါ။ သူ သီဆိုထားတဲ့ ‘’မိေခ်ာေရ’’ သီခ်င္းကလည္း သၾကၤန္ေရာက္ၿပီဆိုရင္ မျဖစ္မေန ဖြင့္ရတဲ့ သီခ်င္း တစ္ပုဒ္လည္း ျဖစ္လို႔ေနပါၿပီ။

ေနာ( Ma Naw)ဟာ ျမန္မာသံစဥ္ ေတးသီခ်င္းေတြကို ျမဴးျမဴးႂကြႂကြ သီဆိုေလ့ ရွိတဲ့ အဆိုေတာ္ပါ။ လက္ရွိမွာလည္း ပရိသတ္ အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္လို႔ေနပါတယ္။ ကိုဗစ္ကာလ မွာလည္း သူတတ္ႏိုင္ သေလာက္ အလႉအတန္းေတြ လုပ္ေနတာ ကိုလည္း ေတြ႕ရပါတယ္။

Credit:Swelsone News

ရဟန်းဝတ်ပြီး ကျွန်းဦး ပရိယတ္တိ စာသင်တိုက်မှာ (၁၀) ရက်အကြာ တရားအားထုတ် ခဲ့တယ်လို့ ဆိုလာတဲ့ မနော

အဆိုတော် မနောကတော့ အလုပ်တွေအားတဲ့ အချိန်မှာ ဘာသာရေး အကျိုးပြုဆောင်ရွက်ရင်း ဖြတ်သန်း နေတာကို တွေ့ရပါတယ်။ မနောဟာ စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ် ဇီးကန်ကျေးရွာမှာ သာသနာပြုခဲ့ တာကို တွေ့ရပါတယ်။ သူဟာ ကျွန်းဦး ပရိယတ္တိ စာသင်တိုက်မှာ (၁၀) ရက်အကြာ တရားအားထုတ် ခဲ့တယ်လို့ဆိုပါတယ်။

” မင်္ဂလာပါ (၇)ရက် သားသမီးအားလုံး ချမ်းသာ၊ ကိုယ်စိတ်မြဲ ပါစေနေ့စဉ် ဆုမွန်ကောင်းတောင်းပြီး မေတ္တာပို့ပေးပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဇီးကန်ကျေးရွာ၊ ကျွန်းဦး ပရိယတ္တိ စာသင်တိုက်မှာ (၁၀) ရက်တာ ရဟန်းဝတ် ခဲ့ပါတယ်။ တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်နေ့နီးခဲ့ပြီ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းက အမှတ်တရ ဓာတ်ပုံလေးတွေ တင်ရင်း ပရိသတ်ကို အသိပေးလိုက်တာပါ။

မနော ကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင် သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်း သာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်း တစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။

နော( Ma Naw)ဟာ မြန်မာသံစဉ် တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါတယ်။ ကိုဗစ်ကာလ မှာလည်း သူတတ်နိုင် သလောက် အလှူအတန်းတွေ လုပ်နေတာ ကိုလည်း တွေ့ရပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment