Celebrity

ရဟန္း၀တ္ခဲ့တဲ့ ဘုန္းႀကီးေက်ာင္းမွာ အလွဴေငြမ်ားသြားေရာက္ လွဴဒါန္းခဲ့တဲ့ ပိုင္တံခြန္

Written by Ms Cele

ရဟန္း၀တ္ခဲ့တဲ့ ဘုန္းႀကီးေက်ာင္းမွာ အလွဴေငြမ်ားသြားေရာက္ လွဴဒါန္းခဲ့တဲ့ ပိုင္တံခြန္

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္ မင္းသားေခ်ာေလး ပိုင္တံခြန္ကေတာ့ မြန္ျမတ္တဲ့ အလႉဒါနအတြက္ သူကိုယ္တိုင္ အလႉျပဳရင္း ပရိသတ္ေတြကိုပါ လႈံ႔ေဆာ္လိုက္ျပန္ပါတယ္။ ဒါကေတာ့ ” က်ေနာ္က ဒီဘုန္းႀကီး ေက်ာင္းေလးမွာ ဆံခ်ၿပီး ရဟန္းဘဝရခဲ့တာပါ။ အဓိက က ေက်ာင္းေလးက ဆင္းရဲတဲ့ အတြက္ ဒီေနရာမွာ သာသနာလုပ္ငန္းေတြ လုပ္ေပးခ်င္တဲ့ ဆႏၵ ေၾကာင့္ တျခားေက်ာင္းမွာ မဝတ္ပဲ က်ေနာ္ဒီမွာ ရဟန္းဝတ္ခဲ့တာပါ။ ဒီဘုန္ႀကီးေက်ာင္းေလးက အလႉရွင္ အရမ္းနည္းပါးတဲ့အျပင္ ရဟန္းေနဖို႔ အေဆာင္ ၊ ထမင္းစားေဆာင္ ၊ တရားခ်တဲ့အေဆာင္၊ စာသင္ေဆာင္၊ ရဟန္းေတြ အတြက္ အေရးႀကီးဆုံးျဖစ္တဲ့ သိမ္ေက်ာင္းေဆာင္ ရယ္လို႔ ေက်ာင္းဝင္းထဲမွာ မရွိပါဘူး။

သိမ္မရွိေတာ့ တျခားဘုန္းႀကီးေက်ာင္းမွာ က်ေနာ္သိမ္ဝင္ ရပါတယ္။ ဆရာေတာ္ကလည္း ေမတၱာႀကီးမားသလို ဘယ္သူ႔ဆီမွာမွ အလႉလည္းမခံခဲ့ပါဘူး ။ က်​ေနာ္က ရဟန္းအျဖစ္နဲ႔ ဒီေက်ာင္းေလးမွာ တစ္ရက္ပဲ ကုသိုလ္ေရးေတြ လုပ္ျဖစ္ခဲ့တယ္ ။ၿပီးေတာ့မွ တေယာက္တည္း တရားအားထုတ္ခ်င္လို႔ ျမဝတီၿမိဳ႕ကို ထြက္သြားၿပီး သစ္တံခါးဆရာေတာ္ဘုရားႀကီးဆီမွာ ရဟန္းဘဝနဲ႔ ကုသိုလ္ေရးေတြ လုပ္ၿပီး တရားအားထုတ္ခဲ့ပါတယ္။

ျမဝတီမသြား ခင္မွာလည္း ဆရာေတာ္ကို ေျပာခဲ့ပါတယ္ တပည့္ေတာ္ လူထြက္လာရင္ ဒီေက်ာင္းကို အစစအရာရာ ျပည့္စုံေအာင္ မတည္ၿပီး လႉဒါန္းေပးမယ္လို႔ တေယာက္တည္း မနိုင္ရင္လည္ ပရိသတ္ေတြကိုလည္း နိဗၺာန္ေဆာ္ေပးမယ္လို႔ ေျပာခဲ့ပါတယ္ အခု ဒီဘုန္းႀကီးေက်ာင္းေလး အတြက္ ပထမအေနနဲ႔ သိမ္ေက်ာင္းတိုက္ကို အရင္ဆုံး ေဆာက္လုပ္ လႉဒါန္းေပးျခင္တဲ့ အတြက္ က်ေနာ္ကစၿပီး အလႉေငြက်ပ္ သိန္းတစ္ရာ မတည္လိုပါတယ္။ ပရိသတ္ေတြ ကိုလည္း သံသရာ မွာ က်ေနာ္နဲ႔ ေရစက္အတူတူ ပါေအာင္ ေငြ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင္လႉဒါန္းေပး ပါလို႔ နိဗၺာန္ေဆာ္ပါရေစခင္မ်ာ ” ဆိုၿပီး ေရးသားတင္ေပး လာတာျဖစ္လို႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္…..။

Credit:Swelsone News

ရဟန်းဝတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ အလှူငွေများသွားရောက် လှူဒါန်းခဲ့တဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ် မင်းသားချောလေး ပိုင်တံခွန်ကတော့ မွန်မြတ်တဲ့ အလှူဒါနအတွက် သူကိုယ်တိုင် အလှူပြုရင်း ပရိသတ်တွေကိုပါ လှုံ့ဆော်လိုက်ပြန်ပါတယ်။ ဒါကတော့ ” ကျနော်က ဒီဘုန်းကြီး ကျောင်းလေးမှာ ဆံချပြီး ရဟန်းဘဝရခဲ့တာပါ။ အဓိက က ကျောင်းလေးက ဆင်းရဲတဲ့ အတွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒ ကြောင့် တခြားကျောင်းမှာ မဝတ်ပဲ ကျနော်ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။ ဒီဘုန်ကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့ အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့အဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေ အတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင် ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။

သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျနော်သိမ်ဝင် ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်းမခံခဲ့ပါဘူး ။ ကျ​နော်က ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်ခဲ့တယ် ။ပြီးတော့မှ တယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေ လုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။

မြဝတီမသွား ခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ် တပည့်တော် လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့ တယောက်တည်း မနိုင်ရင်လည် ပရိသတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ် အခု ဒီဘုန်းကြီးကျောင်းလေး အတွက် ပထမအနေနဲ့ သိမ်ကျောင်းတိုက်ကို အရင်ဆုံး ဆောက်လုပ် လှူဒါန်းပေးခြင်တဲ့ အတွက် ကျနော်ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည်လိုပါတယ်။ ပရိသတ်တွေ ကိုလည်း သံသရာ မှာ ကျနော်နဲ့ ရေစက်အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင်လှူဒါန်းပေး ပါလို့ နိဗ္ဗာန်ဆော်ပါရစေခင်မျာ ” ဆိုပြီး ရေးသားတင်ပေး လာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်…..။

Credit:Swelsone News

About the author

Ms Cele

Leave a Comment