Celebrity
Written by Ms Cele
ရဲစခန်းမှာ တညလုံးနေရပြီး မဆီိမဆိုင် အဆဲပါ ခံနေရကြောင်း ပြောပြ လာတဲ့ ခင်သဇင်
ပရိတ်သတ်ကြီးရေ…..ကျစ်လျစ်သွယ်လျတဲ့ a+ဘာ်ဒီလေးကို ပိုင်ဆိုင်ထားပြီး ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင် ချက်တွေကြောင့် ပရိတ်သတ်ရင်ထဲ အချိန်တိုအတွင်းရောက်ရှိလာတဲ့ မင်းသမီးချောလေးခင်သဇင်ကို သိကြမယ်ထင် ပါတယ်နော်။ သူမဟာMrtv-4မှာ ပြသခဲ့တဲ့အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဒေါ်မိုးကလျာအနေနဲ့ အကောင်းဆုံးပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ခင်သဇင် ကတော့ ကူညီတတ်သူပီပီ သူငယ်ချင်း မိတ်ဆွေ တွေရဲ့ အရေးကိစ္စ တွေမှာ လိုက်ပါ ဆောင်ရွက်ပေး တတ်သူ တစ်ဦးပါ ဒီလို လိုက်ကူညီရင်း ညကြီးအချိန် မတော် ၃နာရီ အထိ ရဲစခန်းမှာ နေခဲ့ရတဲ့ အကြောင်း Facebook ကတဆင့် ပြောပြလာခဲ့တာဖြစ်ပါတယ်
“ဟိုးတစ်လောကတင် အတွဲကြားထဲ ကိုယ်နဲ့ မဆီမဆိုင် ဝင်အဖျန်ဖြေကောင်း လို့ မနက် (၃)နာရီကြီး ရဲစခန်းရောက်ပြီး တစ်ညလုံး ရဲစခန်းမှာ နေရပြီးပြီ အခုလည်း အတွဲကြားထဲ သနား စိတ်တစ်ခုနဲ့ပဲ ဝင်ပါပေးနေတာ တန်ဖိုးမရှိ -သာသာအဆင့်တွေကြားထဲက ကိုယ်နဲ့မဆိုင်အဆဲတွေ ခံရပြန်ပြီ ကိုယ့်စိတ်ထဲတော့ ကိုယ့်ဘေးနားကသူတွေ အဆင်ပြေချစ်ခင်နေတာကဲ ကြားချင်မိလို့ ဝင်ဖျန်ဖြေတာ”
“သူတို့ပြန်တည့်သွားတော့ ကိုယ်ကပဲ အလိုလိုငပွကြီးဖြစ် ကိုယ်ကပဲမြှောက်ပေးသူလိုကြီးဖြစ် အရှုပ်ထဲမှာရှင်းအောင်နေဆိုတဲ့စကားတစ်ခုက အလကားထားခဲ့တာမဟုတ်လောက်ဘူး ငါလိုကြားထဲက မနေတတ် မထိုင်တတ် ဟိုသနား ဒီသနားနဲ့ ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလို စိတ်မထားတတ်တဲ့ အမှတ်မရှိတဲ့ဟာတွေအတွက်ဖြစ်မယ် လောကကြီးတောင် စိတ်ကုန်ချင်လာပါပြီလေ ” ဆိုပြီး သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို My Story မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။
ခင်သဇင်ကတော့ စေတနာနဲ့ လိုက်ပါဆောင်ရွက်ခဲ့ပေမယ့် သမီးရည်းစားကြားညပ်ကာ ဒုက္ခရောက်ခဲ့ရပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်။
Credit:Shwe Yaung Myanmar
About the author
Ms Cele
Leave a Comment