Local News

ရဲ ဝန္ထမ္းမ်ား ေျပာျပ ေသာ ရန္ကုန္ လွိုင္သာယာ ၿမိဳ႕နယ္ က ခိုးဆိုး လုႏွိုက္ အမႈမ်ား ေနာက္ ကြယ္

Written by Ms Cele

ရဲ ဝန္ထမ္းမ်ား ေျပာျပ ေသာ ရန္ကုန္ လွိုင္သာယာ ၿမိဳ႕နယ္ က ခိုးဆိုး လုႏွိုက္ အမႈမ်ား ေနာက္ ကြယ္

ရဲဝန္ထမ္းမ်ားေျပာျပေသာ ခိုးဆိုး လုႏွိုက္ ျပႆနာ” လွိုင္သာယာၿမိဳ႕နယ္ ထဲမွာ ခိုးဆိုးလုႏွိုက္ ေတြ မ်ားျပားေနတာ နဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕နဲ႔ စကားေျပာၾကည့္မိတဲ့ အခါ သူတို႔ရဲ့ရင္ဖြင့္ခ်က္ aလးေတြကို အမ်ားသိရွိၿပီး ေဝဖန္အႀကံျပဳ နိုင္ေအာင္ တင္ျပေပး လိုက္ပါတယ္။ ခိုးဆိုးလုႏွိုက္ေတြ ဘာ့ေၾကာင့္မ်ား ေနရတာလဲ?

လွိုင္သာယာမွာ လူဦးေရ အရမ္း ထူထပ္မ်ားျပားလာေၾကာင္း။ ယခင္က ရပ္ကြက္ အလိုက္ ေကာက္တိုေတြ ရဲ့စာရင္းကို ျပဳစုရေၾကာင္း၊ ခိုးဆိုးလုႏွိုက္ က်ဴးလြန္ဖူးသူေတြရဲ့ စာရင္းေတြပါ သူတို႔စီမွာရွိေၾကာင္း၊ ဒါေပမယ့္ အခုလက္ရွိ က်ဴးလြန္ေနသူေတြဟာ ေက်ာ္ၾကားစာရင္းဝင္ သူေတြမဟုတ္ဘဲ လူငယ္၊လူသစ္ ေတြျဖစ္ေနေၾကာင္း၊ ယခင္လို ပုံစံက်ဴးလြန္ တာမ်ိဳး မဟုတ္ဘဲ ၾကဳံရင္ၾကဳံသလို နယ္မေရွာင္ ေနရာမေရွာင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ က်ဴးလြန္ေနျခင္းေၾကာင့္ အမႈေတြမ်ား လာရျခင္းျဖစ္ေၾကာင္း၊ လုယက္သူ တစ္ေယာက္ကို ဖမ္းမိရင္ အမႈက ၄မႈမွ ၁၀မႈထိ ေပၚေပါက္ေၾကာင္း၊ ထိုလူမ်ိဳး ၁၀ေယာက္ဆိုရင္ပင္ အမႈ ရာေက်ာ္သြားနိုင္ေၾကာင္း၊ ဧည့္စာရင္းဥပေဒမရွိေတာ့တဲ့အတြက္ ဧည့္စာရင္းစစ္လို႔မရေတာ့ေၾကာင္း ေျပာင္းေရႊလုပ္သားေတြႏွင့္အတူ ျပစ္မႈက်ဴးလြန္သူေတြပါ ပါလာတတ္ေၾကာင္း၊ မည္သူမည္ဝါ ခြဲျခားရန္ခက္လာေၾကာင္း၊ တခ်ိဳ႕ဆိုရင္ မထင္ရေလာက္ေအာင္႐ုပ္ရည္သန္႔ျပန္႔တတ္ေၾကာင္း၊ ရဲဝန္ထမ္းအင္အားမွာလည္းမလုံေလာက္ေၾကာင္း၊ က်ဴးလြန္သူအမ်ားစု ဟာ မိသားစု စားဝတ္ေနေရးကိုေျဖရွင္းဖို႔ထက္ အလုပ္လက္မဲ့ လြယ္လြယ္ရ၊ လြယ္လြယ္သုံးျဖဳံးခ်င္ေသာေၾကာင့္ျဖစ္ေၾကာင္း

ဆိုးသြမ္းရမ္းကားသူမ်ားကို ဖမ္းဆီးရာမွာ တပ္ဖြဲ႕ဝင္ေတြ အတြက္ အႏၲရာယ္မ်ားပါေၾကာင္း၊ တစ္ခါတစ္ေလမွာ ယူနီေဖာင္း ဝတ္ထားသည့္တိုင္ ဓားနဲ႔အထိုးခံရတာလည္း ရွိတတ္ေၾကာင္း ခုေနာက္ပိုင္း ျပစ္ခတ္ဖမ္းဆီးတာ မ်ိဳးေတြရွိလာတဲ့အတြက္ လူဆိုးလူမိုက္မ်ားကို ဖမ္းဆီးလို႔ရေပမယ့္ အျပစ္ေပးတဲ့ အလုပ္ဟာ တရား႐ုံးက ဆုံးျဖတ္တာျဖစ္ေၾကာင္း၊ မၾကာေသးခင္ က ေအာင္မဂၤလာေဈးေရွ႕မွာ သိမ္သမုတ္ပြဲေစာင့္ေရွာက္ေနတဲ့ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မွ မူးယစ္ရမ္းကားသူမ်ားအားတားဆီးရာတြင္ တပ္ဖြဲ႕ဝင္တစ္ဦးဓားထိုးခံရေၾကာင္း၊ ထိုအမႈကို တရားခံဘက္မွ နာမည္ေက်ာ္ေရွ႕ေနမ်ားငွါးရမ္းၿပီး လိုက္ေနတဲ့အတြက္ ထိုေရွ႕ေနမွ ရဲတပ္ဖြဲ႕ဝင္ေတြကိုပင္ တရားစြဲမည့္သေဘာမ်ိဳးတရားခြင္မွာေျပာဆိုၿခိမ္းေျခာက္ေနေၾကာင္း၊ တခ်ိဳ႕ေသာတရားစီရင္ေရးမွာ အံ့ၾသစရာေကာင္းေၾကာင္း၊ ရဲေတြက လုံးေထြးဖမ္းဆီးၿပီးမွ မိတဲ့တရားခံေတြဟာ တရားခြင္ကေန ျပန္လြတ္လာၾကေၾကာင္း၊ ျပန္လြတ္လာတာနဲ႔ဖမ္းတဲ့ရဲကို အသက္အႏၲရာယ္ျဖစ္ေအာင္ရန္ျပဳတတ္ေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားမွာလည္း လူသားမ်ားျဖစ္၍ ေသမည္ကိုေတာ့စိုးရိမ္ၾကေၾကာင္း၊

ေသမွမေၾကာက္ ခပ္မိုက္မိုက္ ရဲတပ္ဖြဲ႕ဝင္မ်ားကိုေတာ့ အေဝးကိုေရာက္ေအာင္နည္း အမ်ိဳးမ်ိဳးနဲ႔လုပ္ေဆာင္ တတ္ေၾကာင္း၊ တခ်ိဳ႕ဆိုရင္ ကုံးသီးေတြနဲ႔ ဝိုင္းဝန္းေခ်ာင္းေျမာင္းပစ္ခတ္ၿပီး ထြက္ေျပးသြားတတ္ေၾကာင္း၊ ၾကာလာေတာ့ လည္း တပ္ဖြဲ႕ဝင္ေတြဟာ မသိသလိုေဆာင္လာ ရေတာ့ေၾကာင္း၊ ျဖစ္မွ ထၿပီးအေရးယူရတာေတြ လုပ္ရေတာ့ေၾကာင္း၊ မႈခင္းေတြမ်ားရင္သာ ရဲေတြကို အျပစ္တင္ၾကေပမယ့္ ရဲတပ္ဖြဲ႕ဝင္ၿပီး မႈခင္းႏွိမ္နင္းဖို႔ တိုက္တြန္းတဲ့သူ ရွားပါးေၾကာင္း၊ ေကာက္တိုေတြကို ေတြ႕တာနဲ႔ ပထမအႀကိမ္ သတိေပးၿပီး ဒုတိယအႀကိမ္မွာ ဖမ္းဆီးအေရးယူေၾကာင္း၊ သို႔ေသာ္ လူ႔အခြင့္အေရးလႈပ္ရွား သူမ်ားရဲ့ရန္ကိုလည္းေရွာင္ရွား ရသျဖင့္ ထင္သေလာက္ မလြယ္ကူ ပါေၾကာင္း၊ နဝလီေရႊဝယ္သူ မ်ားကို ခ်ိတ္ဆက္အကူအညီေတာင္းၿပီး မႈခင္းက်ဆင္းေရးအတြက္ ေရႊတိုေရႊစ လာေရာင္းရင္သတင္းေပးဖို႔ စည္း႐ုံးေပမယ့္ မိမိအက်ိဳးကို လက္လႊတ္ခံၿပီး တရားဥပေဒစိုးမိုးေရး ဦးစားေပးကာ သတင္းေပးတဲ့သူမွာ အင္မတန္ရွားပါးေၾကာင္း၊

တခ်ိဳ႕ေရႊဆိုင္ႀကီးမ်ားမွာ ျပင္ပေရႊမဝယ္ပါဟု ဆိုင္းဘုတ္ တပ္ထားေသာ္လည္း ေနာက္ကြယ္ေတြ ျပင္ပေရႊဝယ္ သူမ်ားကို ေငြထုတ္ေပးေနသူမ်ားလည္း ရွိတတ္ေၾကာင္း၊ ထိုသူမ်ားမွာ ပါတီတစ္ခုခုရဲ့ အရွိအဝါကို အမိအရဆုတ္ကိုင္ ထားတတ္ေၾကာင္း၊ မိမိတို႔မွာ သူခိုးလက္ခံမွန္း သိသိႀကီးနဲ႔ ေဖာ္ထုတ္မရတာမ်ိဳး ေတြလည္းရွိတတ္ေၾကာင္း၊ သိန္းရာေက်ာ္တန္ပစၥည္းကို ၅သိန္းေလာက္နဲ႔ ေရာင္းသြားတဲ့ ျဖစ္စဥ္က တရားခံမ်ား မိလို႔ သူေရာင္းတဲ့ေနရာလိုက္ျပတဲ့အခါ ေရႊဝယ္တဲ့ နဝလီေရႊဝင္ဆိုင္ေတြဟာ မရွိေတာ့ေၾကာင္း၊ ရဲတပ္ဖြဲ႕နဲ႔မလုံေလာက္တဲ့အတြက္ေၾကာင့္ ၿမိဳ႕နယ္ထဲမွာ CCTV အကူအညီ ယူရာမွာလည္း ထိုCCTVမ်ား ဖ်က္ဆီး၊ေပ်ာက္ရွမႈ မျဖစ္ေစေရး ျပည္သူေတြကိုပဲအကူအညီေတာင္းခံရမွာျဖစ္ပါေၾကာင္း၊ တပ္ဖြဲ႕ဝင္ေတြဟာ ၂၄နာရီတာဝန္ထမ္းေနရတဲ့အျပင္ ေန႔စဥ္ ျပႆ နာ ေပါင္းမ်ားစြာနဲ႔ ၾကဳံေတြ႕ေနရတဲ့အတြက္ စိတ္ဖိစီးမႈမ်ားကာ ျပည္သူေတြနဲ႔ဆက္ဆံတဲ့ေနရာ၌ နားဝင္ခ်ိဳေအာင္ စိတ္ရွည္လက္ရွည္ေျပာျပဖို႔ အေတာ္အားနည္းသည္ကိုလည္း ဝန္ခံပါေၾကာင္း၊ ထို႔အတြက္နားလည္ေပးေစလိုေၾကာင္း၊

အိပ္ေရးမဝတဲ့သူမ်ားဟာ စိတ္ဖိစီးမႈမ်ားၿပီး စိတ္မရွည္တတ္တဲ့ ေရာဂါ ျဖစ္တတ္ပါေၾကာင္း ျပည္သူထဲက ေပါက္ဖြားတဲ့ တပ္ဖြဲ႕ဝင္ေတြ ဟာလည္း လူသားေတြပင္ ျဖစ္လို႔ မွားတဲ့အခါမ်ိဳး ေတြမွာ ဝိုင္းဝန္းဆဲဆိုၾကသလို မွန္ကန္တဲ့လုပ္ရပ္ေတြ အတြက္လည္း အားေပးၾကေစလိုေၾကာင္း။ မိမိပေယာဂေၾကာင့္ မွန္ကန္ေသာ တပ္ဖြဲ႕ဝင္မ်ား မိမိၿမိဳ႕နယ္အတြက္ မဆုံးရႈံးေစ လိုေၾကာင္း။ ေျပာၿပ သိရွိရပါသည္။ ျပည္သူအေနနဲ႔ တပ္ဖြဲ႕ဝင္ေတြကို မွားရင္လည္းေထာက္ၿပ ေဝဖန္ၿပီး တည့္မတ္ ေပးၾကဖို႔၊ ကိုယ္ခ်င္းစာၾကဖို႔၊ မွန္ကန္တဲ့တပ္ဖြဲ႕ဝင္ေတြ ကိုလည္း အားေပးကူညီၾကဖို႔ ဒါမွသာ မိမိၿမိဳ႕နယ္ အတြက္ မႈခင္းက်ဆင္းေရးတြင္ ကူညီရာအမွန္ ေရာက္မည္ျဖစ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္။

လွိုင္သာယာၿမိဳ႕နယ္သတင္းမ်ား

ရဲ ဝန်ထမ်းများ ပြောပြ သော ရန်ကုန် လှိုင်သာယာ မြို့နယ် က ခိုးဆိုး လုနှိုက် အမှုများ နောက် ကွယ်

ရဲဝန်ထမ်းများပြောပြသော ခိုးဆိုး လုနှိုက် ပြဿနာ” လှိုင်သာယာမြို့နယ် ထဲမှာ ခိုးဆိုးလုနှိုက် တွေ များပြားနေတာ နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အချို့နဲ့ စကားပြောကြည့်မိတဲ့ အခါ သူတို့ရဲ့ရင်ဖွင့်ချက် aလးတွေကို အများသိရှိပြီး ဝေဖန်အကြံပြု နိုင်အောင် တင်ပြပေး လိုက်ပါတယ်။ ခိုးဆိုးလုနှိုက်တွေ ဘာ့ကြောင့်များ နေရတာလဲ?

လှိုင်သာယာမှာ လူဦးရေ အရမ်း ထူထပ်များပြားလာကြောင်း။ ယခင်က ရပ်ကွက် အလိုက် ကောက်တိုတွေ ရဲ့စာရင်းကို ပြုစုရကြောင်း၊ ခိုးဆိုးလုနှိုက် ကျူးလွန်ဖူးသူတွေရဲ့ စာရင်းတွေပါ သူတို့စီမှာရှိကြောင်း၊ ဒါပေမယ့် အခုလက်ရှိ ကျူးလွန်နေသူတွေဟာ ကျော်ကြားစာရင်းဝင် သူတွေမဟုတ်ဘဲ လူငယ်၊လူသစ် တွေဖြစ်နေကြောင်း၊ ယခင်လို ပုံစံကျူးလွန် တာမျိုး မဟုတ်ဘဲ ကြုံရင်ကြုံသလို နယ်မရှောင် နေရာမရှောင် ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေခြင်းကြောင့် အမှုတွေများ လာရခြင်းဖြစ်ကြောင်း၊ လုယက်သူ တစ်ယောက်ကို ဖမ်းမိရင် အမှုက ၄မှုမှ ၁ဝမှုထိ ပေါ်ပေါက်ကြောင်း၊ ထိုလူမျိုး ၁ဝယောက်ဆိုရင်ပင် အမှု ရာကျော်သွားနိုင်ကြောင်း၊ ဧည့်စာရင်းဥပဒေမရှိတော့တဲ့အတွက် ဧည့်စာရင်းစစ်လို့မရတော့ကြောင်း ပြောင်းရွှေလုပ်သားတွေနှင့်အတူ ပြစ်မှုကျူးလွန်သူတွေပါ ပါလာတတ်ကြောင်း၊ မည်သူမည်ဝါ ခွဲခြားရန်ခက်လာကြောင်း၊ တချို့ဆိုရင် မထင်ရလောက်အောင်ရုပ်ရည်သန့်ပြန့်တတ်ကြောင်း၊ ရဲဝန်ထမ်းအင်အားမှာလည်းမလုံလောက်ကြောင်း၊ ကျူးလွန်သူအများစု ဟာ မိသားစု စားဝတ်နေရေးကိုဖြေရှင်းဖို့ထက် အလုပ်လက်မဲ့ လွယ်လွယ်ရ၊ လွယ်လွယ်သုံးဖြုံးချင်သောကြောင့်ဖြစ်ကြောင်း

ဆိုးသွမ်းရမ်းကားသူများကို ဖမ်းဆီးရာမှာ တပ်ဖွဲ့ဝင်တွေ အတွက် အန္တရာယ်များပါကြောင်း၊ တစ်ခါတစ်လေမှာ ယူနီဖောင်း ဝတ်ထားသည့်တိုင် ဓားနဲ့အထိုးခံရတာလည်း ရှိတတ်ကြောင်း ခုနောက်ပိုင်း ပြစ်ခတ်ဖမ်းဆီးတာ မျိုးတွေရှိလာတဲ့အတွက် လူဆိုးလူမိုက်များကို ဖမ်းဆီးလို့ရပေမယ့် အပြစ်ပေးတဲ့ အလုပ်ဟာ တရားရုံးက ဆုံးဖြတ်တာဖြစ်ကြောင်း၊ မကြာသေးခင် က အောင်မင်္ဂလာဈေးရှေ့မှာ သိမ်သမုတ်ပွဲစောင့်ရှောက်နေတဲ့ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ မူးယစ်ရမ်းကားသူများအားတားဆီးရာတွင် တပ်ဖွဲ့ဝင်တစ်ဦးဓားထိုးခံရကြောင်း၊ ထိုအမှုကို တရားခံဘက်မှ နာမည်ကျော်ရှေ့နေများငှါးရမ်းပြီး လိုက်နေတဲ့အတွက် ထိုရှေ့နေမှ ရဲတပ်ဖွဲ့ဝင်တွေကိုပင် တရားစွဲမည့်သဘောမျိုးတရားခွင်မှာပြောဆိုခြိမ်းခြောက်နေကြောင်း၊ တချို့သောတရားစီရင်ရေးမှာ အံ့သြစရာကောင်းကြောင်း၊ ရဲတွေက လုံးထွေးဖမ်းဆီးပြီးမှ မိတဲ့တရားခံတွေဟာ တရားခွင်ကနေ ပြန်လွတ်လာကြကြောင်း၊ ပြန်လွတ်လာတာနဲ့ဖမ်းတဲ့ရဲကို အသက်အန္တရာယ်ဖြစ်အောင်ရန်ပြုတတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှာလည်း လူသားများဖြစ်၍ သေမည်ကိုတော့စိုးရိမ်ကြကြောင်း၊

သေမှမကြောက် ခပ်မိုက်မိုက် ရဲတပ်ဖွဲ့ဝင်များကိုတော့ အဝေးကိုရောက်အောင်နည်း အမျိုးမျိုးနဲ့လုပ်ဆောင် တတ်ကြောင်း၊ တချို့ဆိုရင် ကုံးသီးတွေနဲ့ ဝိုင်းဝန်းချောင်းမြောင်းပစ်ခတ်ပြီး ထွက်ပြေးသွားတတ်ကြောင်း၊ ကြာလာတော့ လည်း တပ်ဖွဲ့ဝင်တွေဟာ မသိသလိုဆောင်လာ ရတော့ကြောင်း၊ ဖြစ်မှ ထပြီးအရေးယူရတာတွေ လုပ်ရတော့ကြောင်း၊ မှုခင်းတွေများရင်သာ ရဲတွေကို အပြစ်တင်ကြပေမယ့် ရဲတပ်ဖွဲ့ဝင်ပြီး မှုခင်းနှိမ်နင်းဖို့ တိုက်တွန်းတဲ့သူ ရှားပါးကြောင်း၊ ကောက်တိုတွေကို တွေ့တာနဲ့ ပထမအကြိမ် သတိပေးပြီး ဒုတိယအကြိမ်မှာ ဖမ်းဆီးအရေးယူကြောင်း၊ သို့သော် လူ့အခွင့်အရေးလှုပ်ရှား သူများရဲ့ရန်ကိုလည်းရှောင်ရှား ရသဖြင့် ထင်သလောက် မလွယ်ကူ ပါကြောင်း၊ နဝလီရွှေဝယ်သူ များကို ချိတ်ဆက်အကူအညီတောင်းပြီး မှုခင်းကျဆင်းရေးအတွက် ရွှေတိုရွှေစ လာရောင်းရင်သတင်းပေးဖို့ စည်းရုံးပေမယ့် မိမိအကျိုးကို လက်လွှတ်ခံပြီး တရားဥပဒေစိုးမိုးရေး ဦးစားပေးကာ သတင်းပေးတဲ့သူမှာ အင်မတန်ရှားပါးကြောင်း၊

တချို့ရွှေဆိုင်ကြီးများမှာ ပြင်ပရွှေမဝယ်ပါဟု ဆိုင်းဘုတ် တပ်ထားသော်လည်း နောက်ကွယ်တွေ ပြင်ပရွှေဝယ် သူများကို ငွေထုတ်ပေးနေသူများလည်း ရှိတတ်ကြောင်း၊ ထိုသူများမှာ ပါတီတစ်ခုခုရဲ့ အရှိအဝါကို အမိအရဆုတ်ကိုင် ထားတတ်ကြောင်း၊ မိမိတို့မှာ သူခိုးလက်ခံမှန်း သိသိကြီးနဲ့ ဖော်ထုတ်မရတာမျိုး တွေလည်းရှိတတ်ကြောင်း၊ သိန်းရာကျော်တန်ပစ္စည်းကို ၅သိန်းလောက်နဲ့ ရောင်းသွားတဲ့ ဖြစ်စဉ်က တရားခံများ မိလို့ သူရောင်းတဲ့နေရာလိုက်ပြတဲ့အခါ ရွှေဝယ်တဲ့ နဝလီရွှေဝင်ဆိုင်တွေဟာ မရှိတော့ကြောင်း၊ ရဲတပ်ဖွဲ့နဲ့မလုံလောက်တဲ့အတွက်ကြောင့် မြို့နယ်ထဲမှာ CCTV အကူအညီ ယူရာမှာလည်း ထိုCCTVများ ဖျက်ဆီး၊ပျောက်ရှမှု မဖြစ်စေရေး ပြည်သူတွေကိုပဲအကူအညီတောင်းခံရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်တွေဟာ ၂၄နာရီတာဝန်ထမ်းနေရတဲ့အပြင် နေ့စဉ် ပြဿ နာ ပေါင်းများစွာနဲ့ ကြုံတွေ့နေရတဲ့အတွက် စိတ်ဖိစီးမှုများကာ ပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာ၌ နားဝင်ချိုအောင် စိတ်ရှည်လက်ရှည်ပြောပြဖို့ အတော်အားနည်းသည်ကိုလည်း ဝန်ခံပါကြောင်း၊ ထို့အတွက်နားလည်ပေးစေလိုကြောင်း၊

အိပ်ရေးမဝတဲ့သူများဟာ စိတ်ဖိစီးမှုများပြီး စိတ်မရှည်တတ်တဲ့ ရောဂါ ဖြစ်တတ်ပါကြောင်း ပြည်သူထဲက ပေါက်ဖွားတဲ့ တပ်ဖွဲ့ဝင်တွေ ဟာလည်း လူသားတွေပင် ဖြစ်လို့ မှားတဲ့အခါမျိုး တွေမှာ ဝိုင်းဝန်းဆဲဆိုကြသလို မှန်ကန်တဲ့လုပ်ရပ်တွေ အတွက်လည်း အားပေးကြစေလိုကြောင်း။ မိမိပယောဂကြောင့် မှန်ကန်သော တပ်ဖွဲ့ဝင်များ မိမိမြို့နယ်အတွက် မဆုံးရှုံးစေ လိုကြောင်း။ ပြောပြ သိရှိရပါသည်။ ပြည်သူအနေနဲ့ တပ်ဖွဲ့ဝင်တွေကို မှားရင်လည်းထောက်ပြ ဝေဖန်ပြီး တည့်မတ် ပေးကြဖို့၊ ကိုယ်ချင်းစာကြဖို့၊ မှန်ကန်တဲ့တပ်ဖွဲ့ဝင်တွေ ကိုလည်း အားပေးကူညီကြဖို့ ဒါမှသာ မိမိမြို့နယ် အတွက် မှုခင်းကျဆင်းရေးတွင် ကူညီရာအမှန် ရောက်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

လှိုင်သာယာမြို့နယ်သတင်းများ

About the author

Ms Cele

Leave a Comment