Celebrity

ရွာေဖြစုေဆာင္းထားတဲ့ ေငြေတြနဲ႕ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္လႉဒါန္းေနတဲ့ ညီညီေမာင္

Written by Ms Cele

ရွာေဖြစုေဆာင္းထားတဲ့ ေငြေတြနဲ႕ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္လႉဒါန္းေနတဲ့ ညီညီေမာင္

ပရိသတ္ႀကီးေရ.. မိတ္ကပ္ ပညာရွင္အျဖစ္ အခိုင္အမာရပ္တည္ လာသလို အႏုပညာေလာက မွာပါ ဇာတ္ကားေတြ ရိုက္ကူးထားၿပီး ေအာင္ျမင္မႈေတြရရွိထားတဲ့ ညီညီေမာင္(စမ္းေခ်ာင္း)ကေတာ့ လက္ရွိအေျခ အေနေတြမွာ ျပည္သူေတြနဲ႔တစ္သားတည္းရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ညီညီေမာင္ကေတာ့ ျပည္သူေတြနဲ႔ အတူ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္လမ္းေပၚထြက္ပါဝင္ေနၿပီး လိုအပ္တဲ့ေနရာေလးေတြမွာလည္း တတ္နိုင္သေလာက္ အင္အားျဖည့္ကူညီလႉဒါန္းေနတာလည္း ျဖစ္ပါတယ္..။

အလုပ္ေတြရပ္နားထား ရေပမယ့္လည္း သမၼာအာဇီဝက်က် ရွာေဖြစုေဆာင္းထားတဲ့ သူမရဲ့ ေခၽြးနည္ းစာေငြေၾကးေလးေတြနဲ႔ အခက္အခဲေတြ ရင္ဆိုင္ၾကဳံေတြ႕ေနၾကရတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနတာ ေတြ႕ရပါတယ္..။စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ လွိုင္သာယာက ျပည္သူ တခ်ိဳ႕အတြက္ တတ္နိုင္သေလာက္ေလးနဲ႔ စားေသာက္ကုန္ေတြ လႉဒါန္းခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းေတြမွာလည္း ထပ္လႉနိုင္ဖို႔ႀကိဳးစားမယ့္ အေၾကာင္းေတြကိုလည္း ညီညီေမာင္က ေျပာျပထားပါေသးတယ္..။

“လွိုင္သာယာ အတြက္ တက္နိုင္ သေလာက္ကေလး လႈဖို႔ စုေဆာင္း တနိုင္ အလႈေလးေပါ့ အလုပ္ေတြ ရပ္ထားတာလည္း တစ္ႏွစ္နီးပါးရွိၿပီ ဒီထက္မက အမ်ားႀကီးလႉနိုင္ေအာင္ ႀကိဳးစားရဦးမယ္ 😓..” ဆိုၿပီး သူမရဲ့ကုသိုလ္အလႉကို ေဝမၽွေျပာျပထားတာျဖစ္ပါတယ္..။ခက္ခဲေနၾကတဲ့ျပည္သူေတြ အတြက္ အခုလိုတတ္နိုင္သေလာက္ လႉဒါန္းေနတဲ့ ညီညီေမာင္ရဲ့ မြန္ျမတ္တဲ့ အလႉကိုပရိသတ္ေတြ ကလည္း ဝမ္းေျမာက္စြာနဲ႔ သာဓုေခၚဆုေတာင္း စကားေလးေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Credit

ရှာဖွေစုဆောင်းထားတဲ့ ငွေတွေနဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းနေတဲ့ ညီညီမောင်

ပရိသတ်ကြီးရေ.. မိတ်ကပ် ပညာရှင်အဖြစ် အခိုင်အမာရပ်တည် လာသလို အနုပညာလောက မှာပါ ဇာတ်ကားတွေ ရိုက်ကူးထားပြီး အောင်မြင်မှုတွေရရှိထားတဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ လက်ရှိအခြေ အနေတွေမှာ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ညီညီမောင်ကတော့ ပြည်သူတွေနဲ့ အတူ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်လမ်းပေါ်ထွက်ပါဝင်နေပြီး လိုအပ်တဲ့နေရာလေးတွေမှာလည်း တတ်နိုင်သလောက် အင်အားဖြည့်ကူညီလှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

အလုပ်တွေရပ်နားထား ရပေမယ့်လည်း သမ္မာအာဇီဝကျကျ ရှာဖွေစုဆောင်းထားတဲ့ သူမရဲ့ ချွေးနည် းစာငွေကြေးလေးတွေနဲ့ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။စားဝတ်နေရေး ခက်ခဲနေကြတဲ့ လှိုင်သာယာက ပြည်သူ တချို့အတွက် တတ်နိုင်သလောက်လေးနဲ့ စားသောက်ကုန်တွေ လှူဒါန်းခဲ့တာဖြစ်ပြီး နောက်ပိုင်းတွေမှာလည်း ထပ်လှူနိုင်ဖို့ကြိုးစားမယ့် အကြောင်းတွေကိုလည်း ညီညီမောင်က ပြောပြထားပါသေးတယ်..။

“လှိုင်သာယာ အတွက် တက်နိုင် သလောက်ကလေး လှုဖို့ စုဆောင်း တနိုင် အလှုလေးပေါ့ အလုပ်တွေ ရပ်ထားတာလည်း တစ်နှစ်နီးပါးရှိပြီ ဒီထက်မက အများကြီးလှူနိုင်အောင် ကြိုးစားရဦးမယ် 😓..” ဆိုပြီး သူမရဲ့ကုသိုလ်အလှူကို ဝေမျှပြောပြထားတာဖြစ်ပါတယ်..။ခက်ခဲနေကြတဲ့ပြည်သူတွေ အတွက် အခုလိုတတ်နိုင်သလောက် လှူဒါန်းနေတဲ့ ညီညီမောင်ရဲ့ မွန်မြတ်တဲ့ အလှူကိုပရိသတ်တွေ ကလည်း ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆုတောင်း စကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Credit

About the author

Ms Cele

Leave a Comment