Celebrity


Written by Ms Cele





Credit:Swelsone News

ရှုတင်ခန နားတုန်း အချိန်လေးကို အခွီတွေ လုပ်ကြကာ Tik tokဆော့ နေကြတဲ့ မြင့်မြတ်၊ Kညီနဲ့ ခေးဆက်သွင်

ပရိသတ်ကြီးရေ……ပီပြင်ပြီး သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေ အပြင် ပျော်ပျော်နေတတ်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ သည်းသည်းလှုပ် ချစ်နေရတဲ့ အနုပညာရှင် တွေဖြစ်တဲ့ မြင့်မြတ်၊ Kညီ နဲ့ ခေးဆက်သွင်တို့ကို သိကြမယ် ထင်ပါတယ်နော်။ အောင်မြင်မှုတွေ အသီးသီးရရှိပိုင်ဆိုင်ထားကြတဲ့ သူတို့သုံးယောက်လုံး ဟာဆိုရင် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင် နေကြတာဖြစ်ပြီး အခုအခါမှာ ကြော်ငြာအတူတူ ရိုက်ကူးနေကြတာလည်း ဖြစ်ပါတယ်။

မြင့်မြတ်၊ Kညီနဲ့ ခေးဆက်သွင်တို ့သုံးယောက်လုံး ဟာ ပျော်ပျော်နေတတ်ကြတဲ့ သူတွေဖြစ်တဲ့ အပြင် ဝါရင့်သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မြင့်မြတ်နဲ့ Kညီတို့ကလည်း ခေးဆက်သွင်ကို လက်တွဲခေါ်ယူကာ အတွဲညီညီနဲ့ ကြော်ငြာရိုက်ကူးနေကြ တာလည်း တွေ့ရပါတယ်နော်။ အခုဆိုရင်လည်း သူတို့သုံးယောက်လုံး ဟာ ‌ရှုတင်ခနနားတုန်း အချိန်လေးကို အခွီတွေလုပ်ကြကာ Tik tokဆော့နေကြတာလည်းဖြစ်ပါတယ်။

အတွဲညီညီနဲ့ အခွီတွေ လုပ်နေကြတဲ့ Tik tokဗီဒီယိုလေးကို ခေးဆက်သွင် ဟာ သူမရဲ့ Facebook စာမျက်နှာမှာ “VeVe ကြော်ငြာလေးရိုက်ရင်း မောင်နှမတွေ အကတစ်လိုင်း” ဆိုတဲ့ captionလေး နဲ့အတူ တင်ပေးလာ ခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင် တို့ရဲ့ Tik tokလေးကြည့်ပြီး ပျော်ရွှင်ကြမယ် ထင်ပါတယ်။ ကဲ…..ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment