Celebrity


Written by Ms Cele






ရှုတင်အပြီး ကန်တော့နေရင်းနဲ့ တစ်ယောက်ချင်းစီရဲ့ အဆင်မပြေမှု တွေကို ရင်ဖွင့်လာတဲ့ ဇာတ်ပို့သရုပ်ဆောင် တွေကြောင့် စိတ်မကောင်း ဖြစ်နေတဲ့ ဖြူဖြူထွေး

ချစ်စရာ ကောင်းသလို သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ ဖြူဖြူထွေး ကတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့ရာမှ အခုဆိုရင် အွန်လိုင်းဆယ်လီ တစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေး ကတော့ အွန်လိုင်းကနေ ကြော်ငြာတွေကို ရိုက်ကူးပေးနေတဲ့အပြင် ရုပ်ရှင်ဇာတ်ကား အချို့မှာလည်း ပါဝင်သရုပ်ဆောင် နေရပြီပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိပိုင်ဆိုင် နေပြီဖြစ်တဲ့ ဖြူဖြူထွေးက သူမတတ်နိုင်သလောက် အလှူအတန်း တွေကိုလည်း ပြုလုပ်ရင်း နေ့ရက်တိုင်းကို ကုသိုလ်တွေနဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံကျော် ဇာတ်ပို့ သရုပ်ဆောင်တွေကို ခေါ်ယူပြီး ကြော်ငြာတွေရိုက်ကူးနေတဲ့ ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးပြီး ချိန်တိုင်းမှာ ဇာတ်ပို့ သရုပ်ဆောင်တွေကို ကန်တော့နေကျပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာတော့ ဖြူဖြူထွေးက ရှုတင်အပြီး ကန်တော့နေရင်းနဲ့ တစ်ယောက်တစ်မျိုး အဆင်မပြေမှု တွေကို ဖွင့်ဟလာတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အကြောင်းကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။

ဖြူဖြူထွေးကတော့ စားဝတ်နေရေးကြပ်တည်း နေကြတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို တတ်နိုင်သလောက် ကူညီရင်း သူမရဲ့ ကြော်ငြာတွေမှာ ထည့်သွင်း အသုံးပြုနေတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေး တစ်ယောက် ဒီထက်မက ခက်ခဲနေသူတွေကို ကူညီဖေးမပေး နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment