Celebrity


Written by Ms Cele





Credit:Swelsone News

ရှူတင်မှာတောင် Burmese ghoulsအသင်းကို အားကြိုး မာန်တက်နဲ့ အားပေးနေရင်း အားမလို အားမရဖြစ်ကာ တာဝါချိုးဖို့ပြော နေခဲ့တဲ့ စိုးမြတ်သူဇာရဲ့ ဗီဒီယို

ဝါရင့်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပါဝင် သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကိုလည်း အကောင်းဆုံးကြိုးစား သရုပ်ဆောင်လျက်ရှိနေတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ သူမကတော့ လူချစ်လူခင်ပေါများပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုလည်း ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးနဲ့ မကြီးစိုးလို့ခေါ်ကြတဲ့ သူမကတော့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်တဲ့ အားလပ်တဲ့အချိန်လေးတွေမှာmobile legendsဂိမ်းကို စွဲစွဲမ​ြဲမြဲနဲ့ဆော့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြီးစိုး ကတော့ မြန်မာနိုင်ငံmobile legendsအသင်းဖြစ်တဲ့ burmese ghoulsအသင်းရဲ့အမာခံပရိသတ် တစ်ယောက်ဖြစ်ပြီး Bgကစားသမားတွေနဲ့ တွေဆုံခဲ့သေးကာ ဂိမ်းတွေလည်း အတူဆော့ ကစားခဲ့သေးတာပဲဖြစ်ပါတယ်။

သူမကတော့ ယခုမှာ နိုင်ငံခြားမှာ ယှဉ်ပြိုင်နေတဲ့ Bgအသင်းကို အားကြိုးမာန်တက်နဲ့အားပေးရင်း အားမလိုအားမရဖြစ်ကာ တာဝါချိုးဖို့ပြောနေခဲ့ပါတယ်။ဘေးနားကလူတွေနဲ့အတူ ရူတင်မှာ အားရပါးရအားပေးနေတဲ့မကြီးစိုးရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေ ပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေ အတွက် မင်းသမီးစိုးမြတ်သူဇာရဲ့Bgအသင်းကို အားပေးနေတဲ့ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment