Celebrity

လက္ထပ္ခြင့္ေတာင္းဖို႔ surpriseလုပ္ခံ ခဲ့ရတဲ့ အ​ျပင္ သူမကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးတဲ့ ခ်စ္သူကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္တဲ့ ေအးခ်မ္းမိုး

Written by Ms Cele

လက္ထပ္ခြင့္ေတာင္းဖို႔ surpriseလုပ္ခံ ခဲ့ရတဲ့ အ​ျပင္ သူမကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးတဲ့ ခ်စ္သူကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္တဲ့ ေအးခ်မ္းမိုး

ပရိသတ္ႀကီးေရ ေအးခ်မ္းမိုး ကေတာ့ အလွမယ္ တစ္ဦးျဖစ္ၿပီး အခုခ်ိန္မွာ Presenter တစ္ေယာက္အျဖစ္ ရပ္တည္ေနသူပါ။ ပညာေရးမွာလည္း ထူးခြၽန္ခဲ့တဲ့ သူမကေတာ့ ဆရာဝန္ တစ္ေယာက္လည္းျဖစ္ပါတယ္။ အႏုပညာပိုင္းကို ဝါသနာပို အားသန္တဲ့အတြက္ဆရာဝန္အလုပ္ကို စြန္႔လႊတ္ကာ အလွမယ္တစ္ေယာက္ျဖစ္လာခဲ့တာပါ။

ေအးခ်မ္းမိုး ကေတာ့Miss Universe Myanmarရဲ႕ first Runner Up ဆုကို ရရွိပိုင္ဆိုင္ခဲ့တဲ့ သူပါ။ဒါ့အျပင္ Miss Grand Myanmar 2017ရဲ႕သရဖူကို ေျပာင္းလဲ ေပးအပ္ခံ ခဲ့ရတဲ့ အလွမယ္ တစ္ဦးလည္းျဖစ္ပါတယ္။ ေျပာင္းလဲေပးအပ္ခံ ခဲ့ရတာနဲ႔အညီ ႀကိဳးစားကာ အျခားႏိုင္ငံေတြနဲ႔ ရင္ေဘာင္တန္းကာ ရဲဝင့္စြာသြားေရာက္ယွဥ္ၿပိဳင္ခဲ့သူတစ္ေယာက္ပါ။

လတ္တေလာ မွာေတာ့ သူမအခ်စ္ေရးကို ဖြင့္ခ်ျပထား တာၾကာၿပီျဖစ္ေပမယ့္ မေန႔က က်ေရာက္တဲ့ ဒီဇင္ဘာလ (၂၀)ရက္ေန႔ မွာေတာ့ သူမရဲ႕ခ်စ္သူ က လက္ထပ္ခြင့္ေတာင္းဖို႔ surprise လုပ္ခံခဲ့ရတာပါ။ “ဘဝမွာ လက္စြပ္တစ္ခါမွ မဝတ္ဖူး​ေသးတဲ့ လက္သန္းႂကြယ္​ေလးမွာ သူ​ေပးတဲ့ လက္စြပ္​ေလး စဝတ္ခဲ့တဲ့​ေန႔ 💍👫❤ကိုယ္​​ေပ်ာ္႐ႊင္ရဖို႔ အၿမဲဦးစား​ေပး စဥ္းစား​ေပးတဲ့ ခ်စ္သူကို ​ေက်းဇူးတင္ပါတယ္ 😘❤”ဆိုတဲ့စာေလးနဲ႔ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပါ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit:Myanmar Cele-Cafe

လက်ထပ်ခွင့်တောင်းဖို့ surpriseလုပ်ခံ ခဲ့ရတဲ့ အ​ပြင် သူမကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့ အေးချမ်းမိုး

ပရိသတ်ကြီးရေ အေးချမ်းမိုး ကတော့ အလှမယ် တစ်ဦးဖြစ်ပြီး အခုချိန်မှာ Presenter တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ ပညာရေးမှာလည်း ထူးချွန်ခဲ့တဲ့ သူမကတော့ ဆရာဝန် တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာပိုင်းကို ဝါသနာပို အားသန်တဲ့အတွက်ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ အလှမယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။

အေးချမ်းမိုး ကတော့Miss Universe Myanmarရဲ့ first Runner Up ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ သူပါ။ဒါ့အပြင် Miss Grand Myanmar 2017ရဲ့သရဖူကို ပြောင်းလဲ ပေးအပ်ခံ ခဲ့ရတဲ့ အလှမယ် တစ်ဦးလည်းဖြစ်ပါတယ်။ ပြောင်းလဲပေးအပ်ခံ ခဲ့ရတာနဲ့အညီ ကြိုးစားကာ အခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းကာ ရဲဝင့်စွာသွားရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပါ။

လတ်တလော မှာတော့ သူမအချစ်ရေးကို ဖွင့်ချပြထား တာကြာပြီဖြစ်ပေမယ့် မနေ့က ကျရောက်တဲ့ ဒီဇင်ဘာလ (၂၀)ရက်နေ့ မှာတော့ သူမရဲ့ချစ်သူ က လက်ထပ်ခွင့်တောင်းဖို့ surprise လုပ်ခံခဲ့ရတာပါ။ “ဘဝမှာ လက်စွပ်တစ်ခါမှ မဝတ်ဖူး​သေးတဲ့ လက်သန်းကြွယ်​လေးမှာ သူ​ပေးတဲ့ လက်စွပ်​လေး စဝတ်ခဲ့တဲ့​နေ့ 💍👫❤ကိုယ်​​ပျော်ရွှင်ရဖို့ အမြဲဦးစား​ပေး စဉ်းစား​ပေးတဲ့ ချစ်သူကို ​ကျေးဇူးတင်ပါတယ် 😘❤”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Myanmar Cele-Cafe

About the author

Ms Cele

Leave a Comment