Celebrity


Written by Ms Cele





Credit

လက်ရှိအခြေအနေတွေကြောင့် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေအတွက် စိုးရိမ်ပူပန်နေရပေမယ့်လည်း ဘာမှမလုပ်ပေးနိုင်လို့ ဘုရားမှာသာ ဆုတောင်းပေးနေတဲ့ အေးသီတာ

ပရိတ်သတ်ကြီးရေ….အနုပညာလောကမှာ ဇာတ်ကားပေါင်း များစွာကို ကျရာဇာတ်ရုပ်မှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် မအေးသီတာဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင် အားပေးမှုတွေကို အပြည့်အဝရရှိထား တာပဲဖြစ်ပါတယ်နော်..။သူမကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူအားလုံးနဲ့အတူ ရပ်တည်ပြီး သူမတတ်နိုင် သလောက် လှူဒါန်းမှုတွေပြုလုပ်နေ တာလည်းမြင်တွေ့ရပါတယ် ပရိတ်သတ်ကြီးရေ…။

အေးသီတာ ကတော့ လက်ရှိ အခြေအနေတွေကြောင့် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းတွေ အတွက် အိပ်မရနိုင်အောင် စိုးရိမ်ပူပန်နေရပေ မယ့်လည်း ဘာမှမလုပ်ပေးနိုင်လို့ ဆုတောင်းပေးနေရတဲ့ အကြောင်းတွေကို ပြောပြလာပါတယ်..။အဲ့ဒါကတော့ ” ခင်မင်ရသူတွေတယောက်ပီး တယောက် စိုးရိမ်ပူပန်စိတ်မကောင်း အိပ်မရဖြစ်ရုံကလွဲ ဘာမှမလုပ်ပေးနိုင်တဲ့ဘဝအန္တရယ်ကင်းကင်း ခလုတ်မထိဆူးမငြိဘဲပြန်လာနိုင်ကြပါစေလို့ အကြိမ်ကြိမ်ဆုတောင်းပေးနေပါတယ်🙏🙏🙏🙏” ဆိုပြီးသူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေပြောပြလာတာပဲဖြစ်ပါတယ်နော်။

အဲ့ဒီပို့စ်အောက် မှာတော့ ပရိသတ်တွေအားလုံးကလည်း ထပ်တူစိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေ နဲ့အတူ အားပေးစကားတွေလည်းပြောကာ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်နော်…။

Credit

About the author

Ms Cele

Leave a Comment