Celebrity

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြေၾကာင့္ မဆံုျဖစ္ေတာ့တဲ့ ႏွင္းဆီအဖြဲ႕သားေတြကို ေဘးအႏၲရယ္ကင္းေဝးေစဖို႕ ဆုေတာင္းေမတၱာပို႔သေပးလိုက္တဲ့ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)

Written by Ms Cele

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြေၾကာင့္ မဆံုျဖစ္ေတာ့တဲ့ ႏွင္းဆီအဖြဲ႕သားေတြကို ေဘးအႏၲရယ္ကင္းေဝးေစဖို႕ ဆုေတာင္းေမတၱာပို႔သေပးလိုက္တဲ့ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)

ပရိသတ္ေတြ ခ်စ္ခင္အားေပးၾကတဲ့ ႏွင္းဆီအဖြဲ႕ကိုေတာ့နာမည္ႀကီး အႏုပညာရွင္ ေတြျဖစ္ၾကတဲ့ မင္းေမာ္ကြန္း ၊ေနတိုး၊ေက်ာ္ေက်ာ္ဗိုလ္၊ ထြန္းထြန္း၊ ရဲေလး၊ ေမကဗ်ာနဲ႔မိုးယုစံ၊ ဖူးစုံႏွင့္မိုးျပည့္ျပည့္ေမာင္တို႔ျဖင့္ ဖြဲ႕ စည္းထားၾကတာပါ။ သူတို႔အဖြဲ႕ေလး ဟာဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ အားလုံးရယ္ေမာေပ်ာ္ရႊင္နိုင္ေအာင္ အၿငိမ့္ေဖ်ာ္ေျဖပြဲေတြ တစ္ႏွစ္တစ္ခါက်င္းပျပဳလုပ္ ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႏွင္းဆီရင္ခြင္လူမႈကူညီေရးအသင္း ကိုလည္း တည္ေထာင္ထားၾကၿပီး လိုအပ္တဲ့ေနရာမ်ားကို လိုက္လံလႉဒါန္းေပးခဲ့ၾကတာပါ။

ႏွင္းဆီမိသားစုေလးဟာ တစ္ဦးအေပၚတစ္ဦး ေမာင္ႏွမအရင္း သဖြယ္ ေဖးမကူညီေစာင့္ေရွာက္ေပးေနတာလည္း ျဖစ္ပါတယ္။အလုပ္မအား ၾကသူမ်ားျဖစ္ေပမယ့္လည္း တစ္လတစ္ခါပုံမွန္ဆုံေနၾကျဖစ္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့အေျခအေန အရပ္ရပ္ ေၾကာင့္ တစ္ေယာက္တစ္ ေနရာစီ ေဝးကြာေနတာေၾကာင့္ အရင္လို မဆုံျဖစ္ၾကေတာ့တာပါ။မၾကာေသးခင္ နာရီပိုင္းေလာက္က ဒါရိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာ တြင္ မဆုံ ျဖစ္တာ ၾကာၿပီ ျဖစ္ေသာ ႏွင္း ဆီအဖြဲ႕သား အႏၲရာယ္ကင္း၊ ေဘးကင္းျဖစ္ပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သ ထားတာပါ။

”ခါတိုင္းဆိုအလုပ္ကိုယ္စီနဲ႔မအားၾကတာ ေတာင္တစ္လကို တစ္ခါေတာ့ ဆုံျဖစ္ၾကတဲ့ ႏွင္းဆီမိသားစုေလးဟာ အခုေတာ့တစ္ေယာက္ တစ္ေနရာစီမွာ မဆုံျဖစ္တာ​နဲ႔ အဆင္ေတြေရာေျပၾကရဲ့လား စိတ္ပူရင္း အေဝးကေနသတိရလြမ္းဆြတ္ ေမတၱာ ပို႔ဆုေတာင္း ေပး ေနပါတယ္ သားတို႔သမီးတို႔ အႏၲရာယ္ကင္းၾကပါေစ ​​ေရာဂါေဘးကင္းေဝး ၾကပါေစ ေပ်ာ္ရႊင္ စြာ အားလုံးျပန္ဆုံ ၾကမယ့္ေန႔အျမန္ဆုံး ေရာက္ပါေစ။ ” ဆိုၿပီး ေရးသားထားတာပါ။ ပရိသတ္ေတြခ်စ္ခင္အားေပးၾကတဲ့ ႏွင္းဆီမိသားစုမ်ား အားလုံး အျမန္ဆုံးျပန္လည္ဆုံဆည္းပါ ေစလို႔ ဆုမြန္ေကာင္းေတာင္းေပး လိုက္ရရင္း ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Maungmyomin Yintwinphit’s Facebook Account
Credit

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် မဆုံဖြစ်တော့တဲ့ နှင်းဆီအဖွဲ့သားတွေကို ဘေးအန္တရယ်ကင်းဝေးစေဖို့ ဆုတောင်းမေတ္တာပို့သပေးလိုက်တဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ နှင်းဆီအဖွဲ့ကိုတော့နာမည်ကြီး အနုပညာရှင် တွေဖြစ်ကြတဲ့ မင်းမော်ကွန်း ၊နေတိုး၊ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ မေကဗျာနဲ့မိုးယုစံ၊ ဖူးစုံနှင့်မိုးပြည့်ပြည့်မောင်တို့ဖြင့် ဖွဲ့ စည်းထားကြတာပါ။ သူတို့အဖွဲ့လေး ဟာဆယ်စုနှစ်ကျော်တိုင်အောင် အားလုံးရယ်မောပျော်ရွှင်နိုင်အောင် အငြိမ့်ဖျော်ဖြေပွဲတွေ တစ်နှစ်တစ်ခါကျင်းပပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နှင်းဆီရင်ခွင်လူမှုကူညီရေးအသင်း ကိုလည်း တည်ထောင်ထားကြပြီး လိုအပ်တဲ့နေရာများကို လိုက်လံလှူဒါန်းပေးခဲ့ကြတာပါ။

နှင်းဆီမိသားစုလေးဟာ တစ်ဦးအပေါ်တစ်ဦး မောင်နှမအရင်း သဖွယ် ဖေးမကူညီစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။အလုပ်မအား ကြသူများဖြစ်ပေမယ့်လည်း တစ်လတစ်ခါပုံမှန်ဆုံနေကြဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ အရပ်ရပ် ကြောင့် တစ်ယောက်တစ် နေရာစီ ဝေးကွာနေတာကြောင့် အရင်လို မဆုံဖြစ်ကြတော့တာပါ။မကြာသေးခင် နာရီပိုင်းလောက်က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ လူမှုကွန်ယက် စာမျက်နှာ တွင် မဆုံ ဖြစ်တာ ကြာပြီ ဖြစ်သော နှင်း ဆီအဖွဲ့သား အန္တရာယ်ကင်း၊ ဘေးကင်းဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ ထားတာပါ။

”ခါတိုင်းဆိုအလုပ်ကိုယ်စီနဲ့မအားကြတာ တောင်တစ်လကို တစ်ခါတော့ ဆုံဖြစ်ကြတဲ့ နှင်းဆီမိသားစုလေးဟာ အခုတော့တစ်ယောက် တစ်နေရာစီမှာ မဆုံဖြစ်တာ​နဲ့ အဆင်တွေရောပြေကြရဲ့လား စိတ်ပူရင်း အဝေးကနေသတိရလွမ်းဆွတ် မေတ္တာ ပို့ဆုတောင်း ပေး နေပါတယ် သားတို့သမီးတို့ အန္တရာယ်ကင်းကြပါစေ ​​ရောဂါဘေးကင်းဝေး ကြပါစေ ပျော်ရွှင် စွာ အားလုံးပြန်ဆုံ ကြမယ့်နေ့အမြန်ဆုံး ရောက်ပါစေ။ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ နှင်းဆီမိသားစုများ အားလုံး အမြန်ဆုံးပြန်လည်ဆုံဆည်းပါ စေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ရရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Maungmyomin Yintwinphit’s Facebook Account
Credit

About the author

Ms Cele

Leave a Comment