Celebrity

လင္နဲ႕မယား လွ်ာနဲ့သြား ဆိုသလို တစ္ခါ တစ္ေလ စိတ္အခန္႕မသင့္ရင္္ ရန္ျဖစ္ တာေတြ ရိွတယ္လို႕ေျပာလာတဲ့ တကၠသိုလ္ဂြမ္းပံု

Written by Ms Cele

လင္နဲ႕မယား လွ်ာနဲ့သြား ဆိုသလို တစ္ခါ တစ္ေလ စိတ္အခန္႕မသင့္ရင္္ ရန္ျဖစ္ တာေတြ ရိွတယ္လို႕ေျပာလာတဲ့ တကၠသိုလ္ဂြမ္းပံု

အႏုပညာေလာကရဲ့နာမည္ရ ဟာသ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ၿပီး သာယာတဲ့ အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတဲ့ တကၠသိုလ္ဂြမ္းပုံ ကေတာ့ သူ႔ရဲ့အိမ္ေထာင္ေရးနဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာေလး ေတြကို Myanmar Celebrityနဲ႔အင္တာဗ်ဴးကေနတစ္ဆင့္ ပရိသတ္ကိုမၽွေဝထားပါတယ္။

“မဂြမ္းတို႔လည္း အိမ္ေထာင္သည္ျဖစ္တဲ့ အတြက္ ကိုယ္ျဖတ္သန္းရတဲ့အိမ္ေထာင္သည္ဘဝမွာ လၽွာနဲ႔သြားလို စိတ္အခန္႔မသင့္ ရန္ျဖစ္တာေတြရွိတယ္ စိတ္အေႏွာင့္အယွက္ျဖစ္တာေတြရွိတယ္ ေယာက်္ားနဲ႔မိန္းမဆိုကတည္းက စိတ္ခ်င္းမတူၾကဘူး အဲ့တာကိုညႇိၾကရတဲ့ အိမ္ေထာင္ဖက္ေတြျဖစ္တယ္ တစ္ဖက္အသိုင္းအဝိုင္းနဲ႔ တစ္ဖက္ဆုံရတာျဖစ္တဲ့ အတြက္ နားလည္ဖို႔လိုတယ္”

“မဂြမ္းကေတာ့ နားလည္မႈ အေရးႀကီးတယ္ ထင္တယ္ အိမ္ေထာင္သည္ျဖစ္ျဖစ္ သမီးရည္းစားျဖစ္ျဖစ္ နားလည္မႈရွိရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပစ္မျမင္ဘဲ အခ်စ္ေတြဝင္ၿပီး သာယာတဲ့ အိမ္ေထာင္ေရးျဖစ္ၾကမွာပါ တီဂြမ္းတို႔ဆို စိတ္အရမ္းထက္တယ္ အမ်ိဳးသားကက်ေတာ့ ေအးတယ္ေပါ့ တစ္ေယာက္နဲ႔ တစ္ေယာက္နားလည္မႈေပါ့ ကိုယ္အေရွ႕ေရာက္ေနရင္ ေဘးေရာက္ေအာင္တြဲေခၚရသလို သူေရွ႕ေရာက္ေနရင္လည္း အမွီလိုက္ရတယ္ေပါ့ အေရးႀကီးတာနားလည္မႈပါပဲ နားလည္မႈရွိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ေနၾကမွာပဲ” လို႔ဆိုပါတယ္။

“ဂြမ္းစိန္ဆိုတဲ့ Account မွာေရာ တကၠသိုလ္ဂြမ္းပုံဆိုတဲ့ pageမွာေရာ သူနဲ႔လက္ကေလးေတြခ်ိတ္ထား တာတို႔ ဒီလိုပုံေလးေတြတင္တိုင္းေပါ့ေနာ္ အပ်ိဳႀကီးလုပ္ေတာ့မွာလား အပ်ိဳႀကီးေနာ္ ရိုေနတယ္လို႔ ခ်စ္ၾကတာေပါ့” လို႔ပရိသတ္သူ႔ကိုစေနာက္တာေလးေတြကိုလည္း ေျပာျပခဲ့ပါေသးတယ္။လက္ရွိအႏုပညာလႈပ္ရွားမႈနဲ႔ပတ္သတ္ၿပီး
“တီဂြမ္းက ေရွ႕လကဒါရိုက္တာကိုခင္လွိုင္ရိုက္ကူးတဲ့ ဆိုးေပဇာတ္ကားေလးကို မတၱရာမွာသြားရိုက္တယ္ ကိုဗစ္ဒုတိယလွိုင္းေၾကာင့္မတၱရာမွာပိတ္မိရင္း ရန္ကုန္ျပန္ေရာက္လာၾကတာေပါ့”

“ျပန္ေရာက္လာေတာ့ စိန္ဆိုင္live ေလးေတြရတယ္ cosmetic ေလးေတြေပါ့ ဂြမ္းကိုယ္တိုင္ ထိုင္းနိုင္ငံက ေကာ္ဖီ ေကာ္လဂ်င္ ခ်ိဳင္းျဖဴေဆးေလးေရာင္းတယ္ ဒါေဈးဖိုးရတာေပါ့ ကိုယ့္ပရိသတ္ ကိုယ့္ကိုခ်စ္တဲ့ဖန္ေတြက shareေပးေတာ့ အားလုံးသိၾကတယ္ ကိုယ္ကလည္း ကိုယ္ေရာင္းတဲ့ပစၥည္းကိုသုံးၿပီးသိတဲ့အခ်ိန္မွာ ေကာင္းတဲ့အက်ိဳးေက်းဇူးေလးေတြေျပာျပတာေပါ့”

“စိတ္မေလဘူးေပါ့ အြန္လိုင္းသုံးခ်ိန္ေအာ္ဒါေကာက္ရတယ္ အေဝးေျပးဂိတ္ေတြကိုပို႔ေပးရတယ္ ဆက္သြယ္ရတယ္ ေန႔တိုင္းပရိသတ္နဲ႔အဆက္အသြယ္မျပတ္သလို ကိုယ္လည္းစိတ္မေလဘူးေပါ့ ဒီအသက္အရြယ္ေရာက္လာခ်ိန္ ဘုရားတရားပိုလုပ္တယ္ အလုပ္ကိုစိတ္ႏွစ္ထားတယ္ ေဖေဖ့က်န္းမာေရးအတြက္လည္း ျပဳစုခ်င္တယ္ အိမ္မွာပဲေပါ့”

“တီဂြမ္းတို႔က ပြင့္နဒီေမာင္တို႔နဲ႔ ေမတၱာအသေခၤ်ဆိုၿပီးအဖြဲ႕ဝင္ထားတယ္ လႉဒါန္းၾကတယ္ေပါ့ ၿပီးေတာ့ ဇဝန ကိုခင္လွိုင္ေပါ့ လူရႊင္ေတာ္ႀကီးေတြကို မဲေဖာက္ၿပီးလႉၾကတယ္ေပါ့ မႏၲေလးကတစ္ႀကိမ္ ရန္ကုန္တစ္ႀကိမ္ လစဥ္ကန္ေတာ့ပါတယ္ ကားရိုက္နည္းတဲ့ကိုဗစ္ကာလမွာလည္း ေခၽြးနဲစာေလးနဲ႔တတ္နိုင္သမၽွ လႉေပးပါတယ္” လို႔ဆိုထားပါတယ္။

ပရိသတ္ႀကီးအတြက္လည္း တကၠသိုလ္ဂြမ္းပုံက “ခ်စ္ပရိသတ္ေတြလည္း က်န္းက်န္းမာမာနဲ႔ ေနာင္လာမယ့္အနာဂါတ္မွာ စီးပြားေရးေတြ အလုပ္အကိုင္ေတြေျပလည္ၾကပါေစလို႔ ဆုေတာင္းေပးပါတယ္” လို႔ ဆုေတာင္းေပးထားပါေသးတယ္။

Credit:Shwe Yaung Myanmar

လင်နဲ့မယား လျှာနဲ့သွား ဆိုသလို တစ်ခါ တစ်လေ စိတ်အခန့်မသင့်ရင်် ရန်ဖြစ် တာတွေ ရှိတယ်လို့ပြောလာတဲ့ တက္ကသိုလ်ဂွမ်းပုံ

အနုပညာလောကရဲ့နာမည်ရ ဟာသ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်ဂွမ်းပုံ ကတော့ သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေး တွေကို Myanmar Celebrityနဲ့အင်တာဗျူးကနေတစ်ဆင့် ပရိသတ်ကိုမျှဝေထားပါတယ်။

“မဂွမ်းတို့လည်း အိမ်ထောင်သည်ဖြစ်တဲ့ အတွက် ကိုယ်ဖြတ်သန်းရတဲ့အိမ်ထောင်သည်ဘဝမှာ လျှာနဲ့သွားလို စိတ်အခန့်မသင့် ရန်ဖြစ်တာတွေရှိတယ် စိတ်အနှောင့်အယှက်ဖြစ်တာတွေရှိတယ် ယောကျ်ားနဲ့မိန်းမဆိုကတည်းက စိတ်ချင်းမတူကြဘူး အဲ့တာကိုညှိကြရတဲ့ အိမ်ထောင်ဖက်တွေဖြစ်တယ် တစ်ဖက်အသိုင်းအဝိုင်းနဲ့ တစ်ဖက်ဆုံရတာဖြစ်တဲ့ အတွက် နားလည်ဖို့လိုတယ်”

“မဂွမ်းကတော့ နားလည်မှု အရေးကြီးတယ် ထင်တယ် အိမ်ထောင်သည်ဖြစ်ဖြစ် သမီးရည်းစားဖြစ်ဖြစ် နားလည်မှုရှိရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်မမြင်ဘဲ အချစ်တွေဝင်ပြီး သာယာတဲ့ အိမ်ထောင်ရေးဖြစ်ကြမှာပါ တီဂွမ်းတို့ဆို စိတ်အရမ်းထက်တယ် အမျိုးသားကကျတော့ အေးတယ်ပေါ့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေါ့ ကိုယ်အရှေ့ရောက်နေရင် ဘေးရောက်အောင်တွဲခေါ်ရသလို သူရှေ့ရောက်နေရင်လည်း အမှီလိုက်ရတယ်ပေါ့ အရေးကြီးတာနားလည်မှုပါပဲ နားလည်မှုရှိရင် တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြမှာပဲ” လို့ဆိုပါတယ်။

“ဂွမ်းစိန်ဆိုတဲ့ Account မှာရော တက္ကသိုလ်ဂွမ်းပုံဆိုတဲ့ pageမှာရော သူနဲ့လက်ကလေးတွေချိတ်ထား တာတို့ ဒီလိုပုံလေးတွေတင်တိုင်းပေါ့နော် အပျိုကြီးလုပ်တော့မှာလား အပျိုကြီးနော် ရိုနေတယ်လို့ ချစ်ကြတာပေါ့” လို့ပရိသတ်သူ့ကိုစနောက်တာလေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ပတ်သတ်ပြီး
“တီဂွမ်းက ရှေ့လကဒါရိုက်တာကိုခင်လှိုင်ရိုက်ကူးတဲ့ ဆိုးပေဇာတ်ကားလေးကို မတ္တရာမှာသွားရိုက်တယ် ကိုဗစ်ဒုတိယလှိုင်းကြောင့်မတ္တရာမှာပိတ်မိရင်း ရန်ကုန်ပြန်ရောက်လာကြတာပေါ့”

“ပြန်ရောက်လာတော့ စိန်ဆိုင်live လေးတွေရတယ် cosmetic လေးတွေပေါ့ ဂွမ်းကိုယ်တိုင် ထိုင်းနိုင်ငံက ကော်ဖီ ကော်လဂျင် ချိုင်းဖြူဆေးလေးရောင်းတယ် ဒါဈေးဖိုးရတာပေါ့ ကိုယ့်ပရိသတ် ကိုယ့်ကိုချစ်တဲ့ဖန်တွေက shareပေးတော့ အားလုံးသိကြတယ် ကိုယ်ကလည်း ကိုယ်ရောင်းတဲ့ပစ္စည်းကိုသုံးပြီးသိတဲ့အချိန်မှာ ကောင်းတဲ့အကျိုးကျေးဇူးလေးတွေပြောပြတာပေါ့”

“စိတ်မလေဘူးပေါ့ အွန်လိုင်းသုံးချိန်အော်ဒါကောက်ရတယ် အဝေးပြေးဂိတ်တွေကိုပို့ပေးရတယ် ဆက်သွယ်ရတယ် နေ့တိုင်းပရိသတ်နဲ့အဆက်အသွယ်မပြတ်သလို ကိုယ်လည်းစိတ်မလေဘူးပေါ့ ဒီအသက်အရွယ်ရောက်လာချိန် ဘုရားတရားပိုလုပ်တယ် အလုပ်ကိုစိတ်နှစ်ထားတယ် ဖေဖေ့ကျန်းမာရေးအတွက်လည်း ပြုစုချင်တယ် အိမ်မှာပဲပေါ့”

“တီဂွမ်းတို့က ပွင့်နဒီမောင်တို့နဲ့ မေတ္တာအသင်္ချေဆိုပြီးအဖွဲ့ဝင်ထားတယ် လှူဒါန်းကြတယ်ပေါ့ ပြီးတော့ ဇဝန ကိုခင်လှိုင်ပေါ့ လူရွှင်တော်ကြီးတွေကို မဲဖောက်ပြီးလှူကြတယ်ပေါ့ မန္တလေးကတစ်ကြိမ် ရန်ကုန်တစ်ကြိမ် လစဉ်ကန်တော့ပါတယ် ကားရိုက်နည်းတဲ့ကိုဗစ်ကာလမှာလည်း ချွေးနဲစာလေးနဲ့တတ်နိုင်သမျှ လှူပေးပါတယ်” လို့ဆိုထားပါတယ်။

ပရိသတ်ကြီးအတွက်လည်း တက္ကသိုလ်ဂွမ်းပုံက “ချစ်ပရိသတ်တွေလည်း ကျန်းကျန်းမာမာနဲ့ နောင်လာမယ့်အနာဂါတ်မှာ စီးပွားရေးတွေ အလုပ်အကိုင်တွေပြေလည်ကြပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဆုတောင်းပေးထားပါသေးတယ်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment