Celebrity


Written by Ms Cele









လင်မယား နှစ်ယောက် အခန်း ခွဲပြီး အိပ်နေ ကြရတဲ့ အကြောင်း ကို ပြောပြ လာတဲ့ သရုပ် ဆောင် ခိုင်သင်းကြည်

ထပ်ဆင့်အကယ်ဒမီကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့အချစ်ကိုနှစ်ပေါင်းများစွာ သိမ်းပိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ။ ဘယ်ဇာတ်ရုပ်ကို မဆိုပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီး ကတော့ ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ ယခုကိုဗစ်ကာလကြီးမှာ ကိုဗစ်ကူးစက်မှု ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အခန်းချင်းခွဲအိပ်ပြီး နေနေရတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

“COVID-19 ကာလမှာ မခိုင် တို့က အလုပ် မလုပ်ဘဲ နေလို့ ရပေမယ့် ဦးခန့်နိုင် ရဲ့ စက်ရုံက ပိတ်ထား လို့ မရဘူး။အလုပ်သမားတွေကို လစာပေး နိုင်ဖို့ စက်ရုံလည်ပတ်ဖို့ လိုနေတော့ ပြန်ဖွင့်ရတယ် ဒါ့အပြင် အော်ဒါတွေကလည်းရှိသေးတော့ သွားနေရတယ် ဦးခန့်နိုင် က သူ့သမီးလေး အတွက် အရမ်း စိတ်ပူနေတယ်။ အလုပ်က ပြန်လာရင် အိမ် အပြင်မှာပဲ ရေချိုးတယ်။ အိပ်ရင်လည်း အခန်းခွဲ အိပ်တယ်။ တစ်အိမ်ထဲ နေပြီး Video Call နဲ့ စကားပြော နေရတယ် ” လို့ လက်ရှိ အခန်းခွဲအိပ်နေရတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

” မခိုင်လေးတို့က ဘာလို့ စိတ်ပူလဲ ဆိုတော့ အမေကြီးကလည်း အသက် ၈၀ ကျော် ကြီး ဆိုတော့ သူ့ကို စိတ်ပူရတယ် နောက်ထိပ်ထိပ် ကလည်း ငယ်ငယ်က ပေါင်မပြည့်ပဲမွေးလာတာဆိုတော့ ကျန်းမာရေး ချူချာတယ် ငယ်ငယ်ကဆို ကျောင်းမှာ တစ်ယောက်ယောက် ဖျားရင် သူအရင်ကူးတာပဲ အခုကိုဗစ်ဖြစ်တော့လည်း ထိပ်ထိပ်ကို ကူးမှာကို သူ့အဖေကအရမ်းစိုးရိမ်တာ”

“သူ့အဖေကသူ့ကို လူနာတစ်ယောက်လိုပဲ ဆက်ဆံဖို့မှာ ထားတယ် အစစအရာရာ ခွဲနေတယ် ထမင်းတောင်သူ့ကိုသက်သက် ပို့ပေးရတယ် မခိုင်လေးလည်းကြော်ငြာတွေ ဘာတွေရိုက်ဖို့ လက်ခံထားတာတွေလည်း နောက်လကိုရွှေ့ထားရတယ် ကိုယ့်ဘာသာအွန်လိုင်းမှာတင် တာလေးတွေပဲ လုပ်နေရတယ် အခု Live Sales တွေလည်းလာအပ်ထား တာရှိတယ် သူတို့ကတော့ မခိုင်လေးအပြင်ထွက်တာစောင့် နေကြတာပေါ့ အခုတော့ ဘာလုပ်ရမှန်းမသိသေးဘူး ” လို့ ကိုဗစ်ကာလမှာ စိတ်ပူနေရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

မခိုင်လေးကတော့ ကိုဗစ်ကာလမှာ အလုပ်သွားနေရတဲ့ ယောကျာ်းဖြစ်သူကြောင့် အခန်းခွဲအိပ် နေရတဲ့အကြောင်း ပြောပြခဲ့တာပဲဖြစ် ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်

Credit: Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment