Local News

လတ္ တေလာ လူနာ ေတြ ေဆး႐ုံ မသြား ဘဲ အိမ္မွာ ပဲ ဘာ လို႔ အေသခံ ေနၾကတာ လဲ?

Written by Ms Cele

လတ္ တေလာ လူနာ ေတြ ေဆး႐ုံ မသြား ဘဲ အိမ္မွာ ပဲ ဘာ လို႔ အေသခံ ေနၾကတာ လဲ?

အေရးေပၚလူနာ ပဲျဖစ္ျဖစ္ ကိုဗစ္လူနာပဲျဖစ္ျဖစ္ ေဆး႐ုံသြားတဲ့ အခါမွာ ေမၽွာ္လင့္ခ်က္က ႏွစ္ခု တည္းရွိပါတယ္။ ျဖစ္ေနတဲ့ ေရာဂါကို ကုသမႈခံ ယူနိုင္ဖို႔ရယ္၊ သက္ေတာင့္ သက္သာရွိဖို႔ရယ္ပါ။ ပထမ တစ္မ်ိဳးက ပိုအေရးႀကီးၿပီး ဒုတိယတစ္ခု ကေတာ့ ရနိုင္ရင္ လိုခ်င္ၾကပါတယ္။ လူေကာင္းတစ္ေယာက္ ေတာင္ သက္ေတာင့္သက္သာ ေနခ်င္တာပဲဗ်ာ။ နာမက်န္းျဖစ္ေနတဲ့သူေတြဆိုရင္ ပိုၿပီးေတာ့ သက္ေတာင့္သက္သာ ျဖစ္ခ်င္တာေပါ့။ အစိုးရေဆး႐ုံေတြမွာ အဲဒီႏွစ္ခုကို ရနိုင္မယ္ဆိုရင္ ေဆး႐ုံလာျပၾကပါလို႔ ေခၚေနစရာေတာင္မလိုပါဘူး။ အားကိုးစရာဒါပဲရွိေတာ့ မျဖစ္မေနကို လာၾကမွာပါ။

အခုဘာလို႔ လူနာေတြက အိမ္မွာေနၿပီးသာ အေသခံခ်င္ေတာ့တယ္ဆိုတဲ့ စိတ္မ်ိဳးျဖစ္ေနရတာလဲ ဆိုေတာ့ အဲဒီအေျခခံ အခ်က္ ႏွစ္ခ်က္ကိုေတာင္ မရနိုင္လို႔ပါ။ အေရးေပၚလူနာတစ္ေယာက္ ေဆး႐ုံေရာက္တယ္။ အေရးေပၚကုသမႈ ေတြအရင္မရဘဲ ကိုဗစ္ဟုတ္မဟုတ္ စစ္ေဆးဖို႔ ရက္နဲ႔ခ်ီေစာင့္ရတယ္၊ ေစာင့္ရတာကလည္း သက္ေတာင့္ သက္သာ မဟုတ္ လူေတြျပည့္လၽွံေနတဲ့အခန္းထဲမွာ ေစာင့္ရတယ္။ ကိုယ့္မိသားစုေတြ မ်က္ႏွာမျမင္ရဘဲ ေသသြားတဲ့သူေတြလည္း အမ်ားႀကီးပဲ။ ဒီလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ အမ်ားစုက ေသခါမွ ေသေရာ အိမ္မွာပဲ သက္ေတာင့္သက္သာ မိသားစုေဘးမွာထားၿပီး ေသလိုက္ခ်င္ေတာ့တယ္ဆိုတာေတြျဖစ္လာတယ္။ ကၽြန္ေတာ္တို႔အိမ္မွာေနပါ တိုက္တြန္းေနလို႔ မဟုတ္ဘူးေနာ္။ ေရာဂါေဝဒနာခံစားေနရခ်ိန္မွာ တကယ္အကူအညီေပးနိုင္တဲ့ေနရာကို ဘယ္လိုေျပာေျပာသြားၾကမယ့္သူေတြခ်ည္းပဲ။ ဒါေပမယ့္ ၾကဳံရဆုံရမယ့္ ဒုကၡကိုမခံစားနိုင္ၾကလြန္းလို႔သာ အိမ္မွာပဲ အေသခံမယ္ဆိုတာေတြျဖစ္လာတာ။

ေဆး႐ုံေတြမွာ ဘာလို႔ အဲဒီေလာက္ထိ က်ပ္ညပ္ကုန္ရတာလဲ။ တစ္ရက္က ကိုဗစ္အေၾကာင္းေဆြးေႏြးပြဲ မွာလည္း ကၽြန္ေတာ္ေျပာခဲ့ဖူးပါတယ္။ ကၽြန္ေတာ့္ရဲ့ ေခါင္းေသးေသးေလး ရဲ့ အျမင္မွာ အခ်က္ သုံးခ်က္ရွိတယ္။

၁။ အေထြေထြေရာဂါကုဆရာဝန္ (GP) ေတြကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းစဥ္ထဲကို မထည့္နိုင္ဘူး။

ကိုဗစ္ျဖစ္တာ ျမန္မာနိုင္ငံမွာ ၇ လေက်ာ္လာၿပီ အခုခ်ိန္ထိ ဂ်ီပီေတြမွာ ဖြင့္ရမွာလား ပိတ္ရမွာလားမသဲကြဲဘူး။ တိက်တဲ့လမ္းညႊန္မႈေတြ ဗ်ဴဟာေတြလည္း မခ်ေပးဘူး။ မင္းတို႔ႀကိဳက္တာလုပ္ ကိုယ္ျဖစ္ကိုယ္ခံဆိုတဲ့အေနအထားမ်ိဳး။ အကာအကြယ္ အျပည့္နဲ႔ ကုသမႈေပးတဲ့ဂ်ီပီေတြကိုလည္း လူနာေပါ့စတစ္ျဖစ္တာနဲ႔ Q ဝင္ခိုင္း။ ေဆးခန္းပိတ္ခိုင္း။ ဒီေတာ့ ဂ်ီပီအမ်ားစုက ေဆးခန္းမဖြင့္ေတာ့ဘူး။ လူနာကုသမႈေတြမလုပ္ေပးနိုင္ေတာ့ဘူး။ ဒီေတာ့ လူနာေတြက ဘယ္ကိုေရာက္သြားမယ္ထင္လဲ။ ေရာဂါမွန္သမၽွက ဘယ္မွမသြားအိမ္မွာေသရင္ေသ ဒါမွမဟုတ္ ေဆး႐ုံႀကီးကို စုျပဳံေရာက္။

၂။ ပုဂၢလိကေဆး႐ုံေတြကို လုပ္ပိုင္ခြင့္မေပးဘူး။ ကုသမႈလမ္းေၾကာင္းထဲ ထည့္ၿပီး ဝန္မၽွမယူခိုင္းဘူး။

ရန္ကုန္မွာဆိုရင္ ပုဂၢလိကေဆး႐ုံေတြ အမ်ားႀကီး။ သူတို႔ရဲ့ လူနာလက္ခံနိုင္မႈအင္အားက ေထာင္နဲ႔ခ်ီ ရွိတယ္။ အရမ္းရႈပ္ေထြးတဲ့စစ္ေဆး မႈေတြ ကုသမႈေတြေတာင္ ျပဳလုပ္ေနတဲ့ ေဆး႐ုံေတြ အေနနဲ႔ ကိုဗစ္လူနာကို လက္ခံကုသတာပဲျဖစ္ျဖစ္ ကိုဗစ္စစ္ေဆးမႈ ေတြျပဳလုပ္တာပဲျဖစ္ျဖစ္ သူတို႔လုပ္နိုင္တယ္။ ဒါေပမယ့္ အစိုးရက သူတို႔အားကိုမယူဘူး။ ကိုဗစ္လူနာေတြ႕တာနဲ႔ ေဆး႐ုံပါေလာ့ေဒါင္းခ်ပစ္တယ္။ ကိုဗစ္စစ္ေဆးဖို႔ကို ပုဂၢလိကေဆး႐ုံေတြကိုေပးမလုပ္ဘူး။ ဒီေတာ့သူတို႔က လူနာအသစ္ေတြလက္မခံေတာ့ဘူး။ ကိုဗစ္သံသယနည္းနည္းေလးရွိတာနဲ႔ လုံးဝကုသမႈမေပးေတာ့ဘူး။ ဒီေတာ့ အေရးေပၚလူနာမွန္သမၽွ ဘယ္ကိုေရာက္လဲ။ အစိုးရေဆး႐ုံေတြကိုေရာက္တယ္။ အျပင္မွာကိုဗစ္မစစ္ေဆးနိုင္တဲ့အတြက္ေၾကာင့္ စစ္ေဆးမႈေတြအကုန္ လူနာေတြအကုန္ အစိုးရေဆး႐ုံေရာက္တယ္။ ဒီမွာတင္ထပ္ၿပီးျပည့္လၽွံကုန္ေတာ့တာပဲ။ နဂိုအားျဖင့္ အစိုးရေဆး႐ုံကိုမသြားၾကတဲ့သူေတြေတာင္ အခုေရာက္လာေတာ့ မနိုင္တဲ့ဝန္က ေနာက္ထပ္ ႏွစ္ဆမတိုးဘူးလား။

၃။ အသစ္ေတြတိုးခ်ဲ႕ေနေပမယ့္ ရွိရင္းစြဲေတြကို ဝန္ေဆာင္မႈမတိုးျမႇင့္ေပးနိုင္ဘူး။

အေပၚက ႏွစ္ခ်က္မွာ ဂ်ီပီေတြမၾကည့္ေပးနိုင္ေတာ့ တာရယ္ ပုဂၢလိကေဆး႐ုံေတြ တာဝန္မယူေတာ့ တာရယ္ေၾကာင့္ အစိုးရေဆး႐ုံေတြမွာ ဝန္သုံးဆေလာက္ တိုးတယ္။ ဝန္တိုးလာေပမယ့္ ဝန္ေဆာင္မႈနဲ႔ အင္အားမွာက် ျဖည့္တင္းမႈ ေတြ ထင္သေလာက္မရဘူး။ Q စင္တာအသစ္ေတြတိုးခ်ဲ႕ေနေပမယ့္ လူနာလက္ခံမႈအမ်ားဆုံးျဖစ္တဲ့ ရန္ကုန္ေဆး႐ုံႀကီးလို ေျမာက္ဥကၠလာေဆး႐ုံႀကီးလိုေနရာေတြမွာေတာ့ ထူးထူးျခားျခားမျဖစ္လာဘူး။ ကိုဗစ္စျဖစ္ကတည္းက လူနာေတြအမ်ားႀကီးလက္ခံေနရတဲ့ ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚကုသမႈဌာန ကိုဗစ္ လက္ခံေနရာဟာ အစကတည္းကေန အခုခ်ိန္ထိ ဒီအတိုင္းပဲ။ အခုဆိုရင္ ေဆး႐ုံေရာက္ တာနဲ႔ နည္းနည္းေလး သံသယရွိေနရင္ေတာင္ တျခားအေရးေပၚကုသမႈေတြထက္အရင္ ကိုဗစ္စစ္ေဆးရတယ္။ စစ္ေဆးမႈကလည္း ခ်က္ျခင္းမဟုတ္ ရက္နဲ႔ခ်ီေစာင့္ရတယ္။ ေသမယ့္လူနာဆို ပင္ပင္ပန္းပန္းနဲ႔ ေသေပေတာ့ပဲ။ ဒီေတာ့ လူနာေတြခမ်ာ ႏွစ္ထပ္ကြမ္းနစ္နာရရွာပါတယ္။

လူနာေတြအိမ္မွာက်ိတ္မကုေစခ်င္ရင္ ေဆး႐ုံကို တကယ္အားကိုးလို႔ရတဲ့ ေနရာတစ္ခုအျဖစ္ လာေစခ်င္တယ္ဆိုရင္ ဒီဟာေလး ေတြကို ျပဳျပင္ေပးလို႔ရတာပဲ။

၁။ ဂ်ီပီေတြအတြက္ အဆင္ေျပနိုင္မယ့္ ဝန္ထုတ္ဝန္ပိုးကို အတူထမ္းေပးနိုင္မယ့္ ဗ်ဴဟာနဲ႔ နည္းစနစ္ေတြခ်မွတ္ေပးပါ။ လူနာေတြမွာ ေဆးခန္းသြားခ်င္ၾကရွာပါတယ္။ ဆရာဝန္ေတြလည္းကုသမႈေပးခ်င္ၾကရွာပါတယ္။ ဒါေပမယ့္ ဘာမွ စနစ္တက်မရွိ တစ္ေက်ာင္းတစ္ဂါထာျဖစ္ေနေတာ့ ကုရမွာလား ပိတ္ရမွာလားမသိျဖစ္ေနၾကရတယ္။

၂။ ပုဂၢလိကေဆး႐ုံေတြရဲ့ အင္အားကို ယူေပးပါ။ သူတို႔ကို ကုသဖို႔အတြက္ ညႊန္ၾကားခ်က္ေတြထုတ္ေပးပါ။ ေဆး႐ုံလိုေနရာမ်ိဳးကို လူနာတစ္ေယာက္ေတြ႕တာနဲ႔ အကုန္ပိတ္ဆိုတာမ်ိဳးက အဓိပၸါယ္မဲ့ပါတယ္။ ကိုဗစ္စစ္ေဆးမႈေတြလုပ္နိုင္ေအာင္ ခြင့္ေပးပါ။ အရမ္းရႈပ္ေထြးတဲ့စစ္ေဆးမႈေတြလုပ္နိုင္ေနၾကတဲ့သူေတြကို ကိုဗစ္လိုအရာမ်ိဳး စစ္ေဆးခြင့္မေပးဘူးဆိုတာ နည္းလမ္းမက်ဘူး။

၃။ စင္တာအသစ္ေတြတိုးခ်ဲ႕သလိုမ်ိဳးပဲ ရွိရင္းစြဲေနရာေတြရဲ့ အင္အားေတြ၊ ဝန္ေဆာင္မႈေတြကိုလည္း တိုးခ်ဲ႕ေပးပါ။ ဘက္ဂ်က္အကန္႔အသတ္မဲ့သုံးစြဲမယ္ေျပာၿပီး စုတ္ျပတ္သတ္ေနတဲ့အေရးေပၚဌာနေတြကေတာ့ ဒီအတိုင္းပဲဆိုတာ ေတာ္ေတာ္ၾကည့္ရဆိုးပါတယ္။

ဘယ္သူမွေတာ့ အိမ္မွာေနၿပီး အေသမခံခ်င္ပါဘူး။ ကုသမႈေတြရမယ္ဆိုရင္ အဆင္ေျပမယ္ဆိုရင္ ေဆး႐ုံသြားၾကမယ့္သူေတြခ်ည္းပဲ။ ဒါေပမယ့္အခုျဖစ္ေနတဲ့အေနအထားေတြ ျမင္ၾကားသိေနရတာေတြအရေတာ့ ကၽြန္ေတာ္အခုခ်ိန္ တစ္ခုခုျဖစ္လည္း အိမ္မွာပဲ အေသခံသြားဖို႔ရွိပါတယ္။ ဒါပါပဲ။ (ေဒါက္တာသူရိန္လွိုင္ဝင္း)

လတ် တလော လူနာ တွေ ဆေးရုံ မသွား ဘဲ အိမ်မှာ ပဲ ဘာ လို့ အသေခံ နေကြတာ လဲ?

အရေးပေါ်လူနာ ပဲဖြစ်ဖြစ် ကိုဗစ်လူနာပဲဖြစ်ဖြစ် ဆေးရုံသွားတဲ့ အခါမှာ မျှော်လင့်ချက်က နှစ်ခု တည်းရှိပါတယ်။ ဖြစ်နေတဲ့ ရောဂါကို ကုသမှုခံ ယူနိုင်ဖို့ရယ်၊ သက်တောင့် သက်သာရှိဖို့ရယ်ပါ။ ပထမ တစ်မျိုးက ပိုအရေးကြီးပြီး ဒုတိယတစ်ခု ကတော့ ရနိုင်ရင် လိုချင်ကြပါတယ်။ လူကောင်းတစ်ယောက် တောင် သက်တောင့်သက်သာ နေချင်တာပဲဗျာ။ နာမကျန်းဖြစ်နေတဲ့သူတွေဆိုရင် ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်ချင်တာပေါ့။ အစိုးရဆေးရုံတွေမှာ အဲဒီနှစ်ခုကို ရနိုင်မယ်ဆိုရင် ဆေးရုံလာပြကြပါလို့ ခေါ်နေစရာတောင်မလိုပါဘူး။ အားကိုးစရာဒါပဲရှိတော့ မဖြစ်မနေကို လာကြမှာပါ။

အခုဘာလို့ လူနာတွေက အိမ်မှာနေပြီးသာ အသေခံချင်တော့တယ်ဆိုတဲ့ စိတ်မျိုးဖြစ်နေရတာလဲ ဆိုတော့ အဲဒီအခြေခံ အချက် နှစ်ချက်ကိုတောင် မရနိုင်လို့ပါ။ အရေးပေါ်လူနာတစ်ယောက် ဆေးရုံရောက်တယ်။ အရေးပေါ်ကုသမှု တွေအရင်မရဘဲ ကိုဗစ်ဟုတ်မဟုတ် စစ်ဆေးဖို့ ရက်နဲ့ချီစောင့်ရတယ်၊ စောင့်ရတာကလည်း သက်တောင့် သက်သာ မဟုတ် လူတွေပြည့်လျှံနေတဲ့အခန်းထဲမှာ စောင့်ရတယ်။ ကိုယ့်မိသားစုတွေ မျက်နှာမမြင်ရဘဲ သေသွားတဲ့သူတွေလည်း အများကြီးပဲ။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ အများစုက သေခါမှ သေရော အိမ်မှာပဲ သက်တောင့်သက်သာ မိသားစုဘေးမှာထားပြီး သေလိုက်ချင်တော့တယ်ဆိုတာတွေဖြစ်လာတယ်။ ကျွန်တော်တို့အိမ်မှာနေပါ တိုက်တွန်းနေလို့ မဟုတ်ဘူးနော်။ ရောဂါဝေဒနာခံစားနေရချိန်မှာ တကယ်အကူအညီပေးနိုင်တဲ့နေရာကို ဘယ်လိုပြောပြောသွားကြမယ့်သူတွေချည်းပဲ။ ဒါပေမယ့် ကြုံရဆုံရမယ့် ဒုက္ခကိုမခံစားနိုင်ကြလွန်းလို့သာ အိမ်မှာပဲ အသေခံမယ်ဆိုတာတွေဖြစ်လာတာ။

ဆေးရုံတွေမှာ ဘာလို့ အဲဒီလောက်ထိ ကျပ်ညပ်ကုန်ရတာလဲ။ တစ်ရက်က ကိုဗစ်အကြောင်းဆွေးနွေးပွဲ မှာလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ ခေါင်းသေးသေးလေး ရဲ့ အမြင်မှာ အချက် သုံးချက်ရှိတယ်။

၁။ အထွေထွေရောဂါကုဆရာဝန် (GP) တွေကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်ထဲကို မထည့်နိုင်ဘူး။

ကိုဗစ်ဖြစ်တာ မြန်မာနိုင်ငံမှာ ၇ လကျော်လာပြီ အခုချိန်ထိ ဂျီပီတွေမှာ ဖွင့်ရမှာလား ပိတ်ရမှာလားမသဲကွဲဘူး။ တိကျတဲ့လမ်းညွှန်မှုတွေ ဗျူဟာတွေလည်း မချပေးဘူး။ မင်းတို့ကြိုက်တာလုပ် ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့အနေအထားမျိုး။ အကာအကွယ် အပြည့်နဲ့ ကုသမှုပေးတဲ့ဂျီပီတွေကိုလည်း လူနာပေါ့စတစ်ဖြစ်တာနဲ့ Q ဝင်ခိုင်း။ ဆေးခန်းပိတ်ခိုင်း။ ဒီတော့ ဂျီပီအများစုက ဆေးခန်းမဖွင့်တော့ဘူး။ လူနာကုသမှုတွေမလုပ်ပေးနိုင်တော့ဘူး။ ဒီတော့ လူနာတွေက ဘယ်ကိုရောက်သွားမယ်ထင်လဲ။ ရောဂါမှန်သမျှက ဘယ်မှမသွားအိမ်မှာသေရင်သေ ဒါမှမဟုတ် ဆေးရုံကြီးကို စုပြုံရောက်။

၂။ ပုဂ္ဂလိကဆေးရုံတွေကို လုပ်ပိုင်ခွင့်မပေးဘူး။ ကုသမှုလမ်းကြောင်းထဲ ထည့်ပြီး ဝန်မျှမယူခိုင်းဘူး။

ရန်ကုန်မှာဆိုရင် ပုဂ္ဂလိကဆေးရုံတွေ အများကြီး။ သူတို့ရဲ့ လူနာလက်ခံနိုင်မှုအင်အားက ထောင်နဲ့ချီ ရှိတယ်။ အရမ်းရှုပ်ထွေးတဲ့စစ်ဆေး မှုတွေ ကုသမှုတွေတောင် ပြုလုပ်နေတဲ့ ဆေးရုံတွေ အနေနဲ့ ကိုဗစ်လူနာကို လက်ခံကုသတာပဲဖြစ်ဖြစ် ကိုဗစ်စစ်ဆေးမှု တွေပြုလုပ်တာပဲဖြစ်ဖြစ် သူတို့လုပ်နိုင်တယ်။ ဒါပေမယ့် အစိုးရက သူတို့အားကိုမယူဘူး။ ကိုဗစ်လူနာတွေ့တာနဲ့ ဆေးရုံပါလော့ဒေါင်းချပစ်တယ်။ ကိုဗစ်စစ်ဆေးဖို့ကို ပုဂ္ဂလိကဆေးရုံတွေကိုပေးမလုပ်ဘူး။ ဒီတော့သူတို့က လူနာအသစ်တွေလက်မခံတော့ဘူး။ ကိုဗစ်သံသယနည်းနည်းလေးရှိတာနဲ့ လုံးဝကုသမှုမပေးတော့ဘူး။ ဒီတော့ အရေးပေါ်လူနာမှန်သမျှ ဘယ်ကိုရောက်လဲ။ အစိုးရဆေးရုံတွေကိုရောက်တယ်။ အပြင်မှာကိုဗစ်မစစ်ဆေးနိုင်တဲ့အတွက်ကြောင့် စစ်ဆေးမှုတွေအကုန် လူနာတွေအကုန် အစိုးရဆေးရုံရောက်တယ်။ ဒီမှာတင်ထပ်ပြီးပြည့်လျှံကုန်တော့တာပဲ။ နဂိုအားဖြင့် အစိုးရဆေးရုံကိုမသွားကြတဲ့သူတွေတောင် အခုရောက်လာတော့ မနိုင်တဲ့ဝန်က နောက်ထပ် နှစ်ဆမတိုးဘူးလား။

၃။ အသစ်တွေတိုးချဲ့နေပေမယ့် ရှိရင်းစွဲတွေကို ဝန်ဆောင်မှုမတိုးမြှင့်ပေးနိုင်ဘူး။

အပေါ်က နှစ်ချက်မှာ ဂျီပီတွေမကြည့်ပေးနိုင်တော့ တာရယ် ပုဂ္ဂလိကဆေးရုံတွေ တာဝန်မယူတော့ တာရယ်ကြောင့် အစိုးရဆေးရုံတွေမှာ ဝန်သုံးဆလောက် တိုးတယ်။ ဝန်တိုးလာပေမယ့် ဝန်ဆောင်မှုနဲ့ အင်အားမှာကျ ဖြည့်တင်းမှု တွေ ထင်သလောက်မရဘူး။ Q စင်တာအသစ်တွေတိုးချဲ့နေပေမယ့် လူနာလက်ခံမှုအများဆုံးဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးလို မြောက်ဥက္ကလာဆေးရုံကြီးလိုနေရာတွေမှာတော့ ထူးထူးခြားခြားမဖြစ်လာဘူး။ ကိုဗစ်စဖြစ်ကတည်းက လူနာတွေအများကြီးလက်ခံနေရတဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကုသမှုဌာန ကိုဗစ် လက်ခံနေရာဟာ အစကတည်းကနေ အခုချိန်ထိ ဒီအတိုင်းပဲ။ အခုဆိုရင် ဆေးရုံရောက် တာနဲ့ နည်းနည်းလေး သံသယရှိနေရင်တောင် တခြားအရေးပေါ်ကုသမှုတွေထက်အရင် ကိုဗစ်စစ်ဆေးရတယ်။ စစ်ဆေးမှုကလည်း ချက်ခြင်းမဟုတ် ရက်နဲ့ချီစောင့်ရတယ်။ သေမယ့်လူနာဆို ပင်ပင်ပန်းပန်းနဲ့ သေပေတော့ပဲ။ ဒီတော့ လူနာတွေခမျာ နှစ်ထပ်ကွမ်းနစ်နာရရှာပါတယ်။

လူနာတွေအိမ်မှာကျိတ်မကုစေချင်ရင် ဆေးရုံကို တကယ်အားကိုးလို့ရတဲ့ နေရာတစ်ခုအဖြစ် လာစေချင်တယ်ဆိုရင် ဒီဟာလေး တွေကို ပြုပြင်ပေးလို့ရတာပဲ။

၁။ ဂျီပီတွေအတွက် အဆင်ပြေနိုင်မယ့် ဝန်ထုတ်ဝန်ပိုးကို အတူထမ်းပေးနိုင်မယ့် ဗျူဟာနဲ့ နည်းစနစ်တွေချမှတ်ပေးပါ။ လူနာတွေမှာ ဆေးခန်းသွားချင်ကြရှာပါတယ်။ ဆရာဝန်တွေလည်းကုသမှုပေးချင်ကြရှာပါတယ်။ ဒါပေမယ့် ဘာမှ စနစ်တကျမရှိ တစ်ကျောင်းတစ်ဂါထာဖြစ်နေတော့ ကုရမှာလား ပိတ်ရမှာလားမသိဖြစ်နေကြရတယ်။

၂။ ပုဂ္ဂလိကဆေးရုံတွေရဲ့ အင်အားကို ယူပေးပါ။ သူတို့ကို ကုသဖို့အတွက် ညွှန်ကြားချက်တွေထုတ်ပေးပါ။ ဆေးရုံလိုနေရာမျိုးကို လူနာတစ်ယောက်တွေ့တာနဲ့ အကုန်ပိတ်ဆိုတာမျိုးက အဓိပ္ပါယ်မဲ့ပါတယ်။ ကိုဗစ်စစ်ဆေးမှုတွေလုပ်နိုင်အောင် ခွင့်ပေးပါ။ အရမ်းရှုပ်ထွေးတဲ့စစ်ဆေးမှုတွေလုပ်နိုင်နေကြတဲ့သူတွေကို ကိုဗစ်လိုအရာမျိုး စစ်ဆေးခွင့်မပေးဘူးဆိုတာ နည်းလမ်းမကျဘူး။

၃။ စင်တာအသစ်တွေတိုးချဲ့သလိုမျိုးပဲ ရှိရင်းစွဲနေရာတွေရဲ့ အင်အားတွေ၊ ဝန်ဆောင်မှုတွေကိုလည်း တိုးချဲ့ပေးပါ။ ဘက်ဂျက်အကန့်အသတ်မဲ့သုံးစွဲမယ်ပြောပြီး စုတ်ပြတ်သတ်နေတဲ့အရေးပေါ်ဌာနတွေကတော့ ဒီအတိုင်းပဲဆိုတာ တော်တော်ကြည့်ရဆိုးပါတယ်။

ဘယ်သူမှတော့ အိမ်မှာနေပြီး အသေမခံချင်ပါဘူး။ ကုသမှုတွေရမယ်ဆိုရင် အဆင်ပြေမယ်ဆိုရင် ဆေးရုံသွားကြမယ့်သူတွေချည်းပဲ။ ဒါပေမယ့်အခုဖြစ်နေတဲ့အနေအထားတွေ မြင်ကြားသိနေရတာတွေအရတော့ ကျွန်တော်အခုချိန် တစ်ခုခုဖြစ်လည်း အိမ်မှာပဲ အသေခံသွားဖို့ရှိပါတယ်။ ဒါပါပဲ။ (ဒေါက်တာသူရိန်လှိုင်ဝင်း)

About the author

Ms Cele

Leave a Comment